Zawgyi
သာယာလှပသော မနက်ခင်းလေးတစ်ခု..... တစ်ယောက်သော သူက ဈေးဝယ်ထွက်နေလေသည်။ ခါးကျော်လောက်ရှိတဲ့ ဆံကေသာကို စီးထားပြီး သနပ်ခါးလေးလိမ်းထားတဲ့ အသက် ၂၀ ကျော်ဝန်းကျင်ရှိတဲ့ မိန်းမပျို တစ်ယောက်။ အရပ် ၅ ပေ ၃ ရှိပြီး အသားရည်က နှင်းကဲ့သို့ အလွန့်ကို ဖြူစင်တယ်။သူက နှင်းဆီပန်ရဲရဲ တစ်ပွင့်ကိုလဲ ပန်ဆင်ထားကာ အနီရင့်ရောင် ဗမာအင်္ကျီဝမ်းဆက်ကို ဝတ်ဆင်းထားတယ်။ ရယ်လိုက်ရင် ပေါ်လာတဲ့ သွားထက် ကလေးနဲ့ သိပ်ကို ချစ်ဖို့ ကောင်းသည်။
ပန်းဆိုင် တစ်ဆိုင်ရှေ့ရောက်တော့ ရပ်လိုက်တယ်။ ထိုပန်းဆိုင်က ဝယ်နေကြ ပန်းဆိုင်ပါ။
အော်..... ဆရာမလေးပါလား ပန်းလာဝယ်တာလားရှင့်
အင်း... ဟုတ်ကဲ့ မိုးမြေ့ ပန်းလာဝယ်တာပါ...
ဟယ် ဆရာမကလဲ ကိုယ်တိုင်လာဝယ်ရတာလို့ သမီး ခက်ခက် ကို မှာလိုက်တာ မဟုတ်ဘူး....
ရပါတယ် ဒေါ်လေး ရဲ့ မိုးမြေ့က မနက်တိုင်း ဒီလိုပဲ ဈေးဝယ်နေကြဆိုတော့ မမှာတော့ဘူးလေ
ဟုတ်ပါပြီကွယ် ကဲ ဒါနဲ့ ဆရာမလေးက ဘာပန်းဝယ်မလဲကွယ်....
ဟုတ်... သပြေပန်း တစ်စည်းပေးပါနော်
ဟုတ်ကဲ့ ဆရာမလေး
ဘယ်လောက်လဲ ဒေါ်လေး...?
ဟို သပြေပန်းက တစ်စည်းကို ထောင့်နှစ်ရာပါ ဆရာမလေးကို တစ်ထောင်နဲ့ပဲ ပေးလိုက်ပါ့မယ် သမီးခက်ခက်ကို စာသင်ပေးနေတာဆိုတော့
အို မဟုတ်တာပဲ ဒေါ်လေးရယ် ထောင့်နှစ်ရာပဲ ပေးပါ့မယ် ပြီးတော့ ခက်ခက်လေး ဆိုတာကလဲ သူကိုယ်တိုင်ကိုက ထူးချွန်လို့ စာတော်လို့ပါရှင်
ဒါတော့လဲ ဒါပေါ့ ဆရာမလေးရယ် ဒါပေမယ့်လဲ ဆရာမလေးရဲ့ ကြိုးပမ်းမှုတွေလဲ ပါတယ်လေ ဒါကြောင့်ပါ
ကဲ ဟုတ်ပါပြီ ဒါပေမယ့် ထောင့်တစ်ရာလောက်တော့ လုပ်လိုက် ဟုတ်လား
ဟုတ် ဟုတ်ကဲ့ပါ ဆရာမလေး
ကဲ ရော့ ထောင့်တစ်ရာ ခံတာလေးတော့ ထည့်ပေးနော် ဒေါ်လေး မိုးမြေ့က ဘုရားတင်ချင်လို့...

YOU ARE READING
🌹 နှင်းဆီပင်၏ ဆူးညှောင့်များ[𝐌𝐲 𝐑𝐨𝐬𝐞𝐬](GL)
Pertualanganဒီ story လေးက Lucia ရဲ့ ပထမဆုံး ရေးတာမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပြီးပဲ ဖတ်စေချင်ပါတယ်ရှင့် 💖💖