Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၁၃) --------
ရုတ်ရုတ်သဲသဲအသံတွေကြောင့်
နယော ထိုင်နေရာမှထရပ်မိပေမဲ့
Rainစောင့်ခိုင်းထားတာကြောင့်မို့
နေရာကတော့ မရွေ့မိ။တစ်ဖြည်းဖြည်း လူတွေရှဲသွားသည်။
အမျိုးသမီးတစ်ယောက်နှင့်အတူ
ပွဲထဲမှဒေါသတကြီးထွက်သွားသည့်
ယောကျာ်းတစ်ဦးအားလည်း
နယော တွေ့ပေမဲ့
ကိုကို့အရိပ်အယောင်ကိုတော့
နယော ရှာလို့မတွေ့။မျက်လုံးလေးဝေ့ကာ ပွဲထဲရှိလူအကုန်
နယောလိုက်ကြည့်မိသည်။ကိုကို ဘယ်ရောက်သွားတာလဲ...
နယောက လက်ထဲကဖုန်းအားဖွင့်လို့
Rainရဲ့နံပါတ်အား ခေါ်လိုက်ပေမဲ့
တတူတူဝင်ပြီး ကြားရသည့်အသံမှာ
လိုင်းမအားသေးကြောင်းပြောသည့်
ဖုန်းလိုင်းမှအမျိုးသမီး၏အသံသာ.........
ဒေါသတကြီးနဲ့ ရဲနောင်အားထိုးကြိတ်ပြီး
သည့်နောက် Rainကပွဲထဲမှထွက်ကာ ကားအား
အကြမ်းပတမ်းပင် မောင်းနှင်လာခဲ့သည်။သွေးဆီအကြိမ်ကြိမ်ဖုန်းခေါ်ရင်းနဲ့
သူ့ရင်ထဲက ပူပန်နေမိသည်။
ခုချိန် သူ့ခေါင်းထဲရှိသည့်
တစ်ခုတည်းသောအတွေးက
သွေးကိုအမြန်ဆုံး တွေ့ချင်နေတာပင်။
ထိုတစ်ခုကလွဲပြီးလည်း သူဘာကိုမှမတွေးမိ။"ဟယ်လို.."
ဒီနေ့မှစောစောအိပ်ယာဝင်ခဲ့သည့်
သွေးအသံက အိပ်ချင်မူးတူးနှင့်ခပ်လေးလေး။"သွေး!! ....မောင်ပါ"
"ဟင်!! မောင်~ "
ချက်ချင်းမျက်လုံးတွေပင်ကျယ်လို့
သွေးကအိပ်နေရာမှ ငုတ်တုတ်ထထိုင်သည်။"မောင်~ "
"သွေး အခုဘယ်မှာလဲ
မောင် အခု သွေးဆီလာနေတာ"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ
သွေးကို သူကိုယ်တိုင်မေးချင်သည်။
သွေးအဆင်ပြေနေရဲ့လားဆိုတာကိုလည်း
သူ့မျက်လုံးတွေနဲ့ သေချာအတည်ပြုချင်နေသည်။"သွေး~ သွေးဆီလာတာ~"
"ဟုတ်တယ်၊ သွေး အခုအိမ်မှာပဲမဟုတ်လား"