"သုတ!!!!!"
အရေးကြီးသုတ်ပြာပြေးဝင်လာတဲ့ နေသစ်ကြောင့် အကုန်လုံးလန့်ဖြန့်ကုန်ကြတယ်။
"ဒယ်ဒီ! ဘာလို့ကျွန်တော့်ကိုမပြောတာလဲ။
အဲ့လိုမှန်းသိရင် ကျွန်တော်လိုက်တာပေါ့ ဒယ်ဒီမကောင်းဘူးဗျာ!""ငါအဆင်ပြေနေပါပြီ ဦး ကိုဘာလို့အော်နေတာလဲ။ အဲ့တာမင်းသူငယ်ချင်းမဟုတ်ဘူး
မင်းအဖေ""ငါကမင်းကိုစိတ်ပူလို့ပေါ့"
"ကဲ နှစ်ယောက်တည်းနေခဲ့ကြ ဒယ်ဒီ သုတရဲ့မိသားစုကိုပြန်လိုက်ပို့လိုက်မယ်။"
"ဟုတ်ကဲ့"
"သုတသွားပြီနော်"
"ဟုတ်ကဲ့ ဦး!"
"သား…အမေတို့သွားပြီနော် နေသစ် အန်တီတို့ပြန်တော့မယ်"
"ဟုတ်ကဲ့ အန်တီ"
အကုန်လုံးပြန်သွားတော့မှ နေသစ်ဆီက မေးခွန်းပေါင်းများစွာဖြေရတော့သည်။
"မင်းနာနေသေးလား"
"အွန်း နည်းနည်းတော့နာတယ် ငါ မင်းကိုပြောစရာရှိတယ်။"
"ပြော"
"ငါမင်းကိုတောင်းပန်ပါတယ် ငါတကယ်မရည်ရွယ်ခဲ့ပါဘူး ငါ...ငါအဲ့တုန်းက..ငါ"
"တော်တော့ အဲ့လိုပြောကြေးသာဆို ငါလည်းမှားတာပဲလေ။ အဲ့ထဲက မင်းဘာလိုဖြစ်တယ်ဆိုတာသိခဲ့သင့်တာ"
"မင်းနဲ့မဆိုင်ပါဘူးကွာ ငါ့အပြစ်"
"အမှန်တော့ ဘယ်သူ့အပြစ်မှမဟုတ်ဘူး ဦးဝဏ္ဏမင်းဆို ဟိုအဖိုးကြီးနဲ့ သူ့သား ကြောင့်
ဒါနဲ့ မင်းသားကို ဘယ်လိုလုပ်မှာလဲ ငါသွားခေါ် ခဲ့ရမလား။""နေသစ် အမှန်တော့လေ အဲ့တာငါ့သားမဟုတ်ဘူး"
"ဘာ!"
"ဟုတ်တယ် ငါ့သားမဟုတ်ဘူး အဲ့တာက မင်းရဲ့သား"
"မင်းဘာတွေလျှောက်ပြောနေတာလဲ မဖြစ်နိုင်တာကွာ ပေါက်ကရတွေ"
"အဲ့တာအမှန်တရားပဲ နေသစ် မင်းလက်မခံလို့မရဘူး"
"......."
"နေသစ်! ငါ့ကိုကြည့် နေသစ်!!!!!"
သားလေးက သူ့ရဲ့သားလို့ပြောလိုက်တာနဲ့ ခေါင်းငိုက်စိုက်ချပြီး လက်မခံနိုင်တဲ့ပုံလုပ်နေတာကြောင့် အတင်းနားချဖို့သာလုပ်ရတော့မယ်။