𝙀𝙭𝙩𝙧𝙖 𝟮 - 𝙁𝙞𝙣𝙖𝙡

269 30 2
                                    

🎧 Recommended song - Love, Maybe by MeloMance (Business Proposal OST)

Q : ဘယ်လိုလုပ် နှစ်ယောက်က လက်ထပ်ဖြစ်သွားတာလဲ?

Ricky : အာ အဲ့ဒါလား။ အားလုံးသိတဲ့အတိုင်း အဲ့တုန်းက Rae က ကျွန်တော့်ကို တော်တော်လေး ကြည့်မရတဲ့ အခြေအနေမို့ နည်းနည်းလောက် ကျွန်တော့်ဘက်က မာယာတော့ ထုတ်သုံးလိုက်ရတာပေါ့။

------------------

"မား ပါး ပြောစရာရှိလို့"

စာဖတ်ခန်းက ခုံမှာ ထိုင်နေတဲ့ ပါးကို အနောက်ကနေ မားက နှိပ်ပေးနေတုန်း ရစ်ခီ မဝံ့မရဲ ဝင်လာတယ်။

"ချွမ်ရွေ့။ သား ထိုင်လေ။ ဘာပြောမလို့လဲ ပြောလေ"

အခန်းထဲက ဆိုဖာမှာ သူ့ကို ‌နေရာပေးပြီး မိဘနှစ်ပါးဟာ သူ့ထံက ပြောလာမယ့်စကားကို နားစွင့်နေတယ်။ ပုံမှန်ဆို ပြောစရာရှိရင် တွန့်ဆုတ်မနေဘဲ ဘွင်းဘွင်းရှင်းရှင်း ပြောချတတ်တဲ့ ရစ်ခီ့အတွက် အခုအခြေအနေက နေရာခက်စရာကြီးပါပဲ။

ဘယ်ကနေ စပြောရပါ့မလဲ။ ကင်မ်ထယ်ရယ်ရဲ့ ပြဿနာကို တရားဝင် ရှင်းပေးချင်လို့ ကျွန်တော်တို့ကို လက်ထပ်ပေးပါလို့ပဲ ဒဲ့ပြောချလိုက်ရမလား။

"လက်ထပ်ဖို့ ခွင့်ပြုပေးပါလား"

သွားပြီ။
အတွေးထဲမှာ စပြောဖို့ စကားစီနေတုန်း စိတ်ထဲက အတိုင်းကြီး ပြောချလိုက်မိတာပဲ။ သေလိုက်ပါတော့ ရစ်ခီရှန်ရယ်!

"ဟက် မင်းသားက ရယ်ရတယ်ဟေး။ ကောက်ခါငင်ခါ ငါတို့အခန်းထဲ ရောက်လာပြီး သူ့ကို မင်္ဂလာဆောင်‌ပေးဖို့ လာပြောနေတယ် ဟားဟား"

ချောင်မှာပိတ်မိတဲ့ ကြွက်သူငယ်လို တစ်လုံးမှ ပြောမထွက်လာတော့တဲ့ သူ့အဖြစ်ကြောင့် ပါးက သဘောကျစွာဖြင့် ရယ်ရင်း ဆိုလာတဲ့အခါ ရစ်ခီ့မှာ မနေတတ်စွာ ခေါင်းကို လက်နဲ့ အသာကုတ်ကာ။

"ဒီလိုပါ သား သဘောကျတဲ့သူရှိတာ။ အခုက သူ့ကို ယူရမှာ နည်းနည်း အလျင်လိုနေပြီမို့ပါ"

"ဘုရားရေ ချွမ်ရွေ့။ သား ခြေ‌လွန်လက်လွန် ဖြစ်လာတာလား"

မျက်နှာချင်းဆိုင်က မားက ရင်ဘတ်ကို လက်နဲ့ဖိကာ အလန့်တကြား ဆိုလာတယ်။

𝙀𝙞𝙩𝙝𝙚𝙧-𝙊𝙍Where stories live. Discover now