🌷🌷📃
ခမ်းနားပြီးစည်ကားလှတဲ့ ကျေးရွာအတွင်းမှာကျင်းပတဲ့ပွဲလေးတစ်ခု။ ထိုပွဲထဲတွင်
လာကြတဲ့လူအများနဲ့အတူ ပွဲကျင်းပသူတွေဟာလည်းပြုံးပျော်နေကြပြီး။ ထိုမင်္ဂလာပွဲအတွက်ကြည်နူးဝမ်းသာနေကြလေသည်။
"အခုလိုမျိုးလေ တေးချစ်ရတဲ့ အရီးနဲ့အခုလိုမင်္ဂလာဆောင်ရမယ်မထင်ခဲ့ဘူးသိလား "
တေး ဟာသူ့ဘေးရှိ မြန်မာဝမ်းဆက် သတို့သမီးဝတ်ဆုံလေးနဲ့အပြိုင်လှနေတဲ့ ၊ အမျိုးသမီးကြီးကိုကြည့်ပြီး ၊ ပိတိဖြာသောမျက်မှာဖြင့် ချစ်ရသူရင်ခွင်ကိုမှီထားရင်း ။
ထိုသို့ပြောလိုက်တော့..
နောက်ဆိုထင်ထားလိုက်ပါ တို့ကခလေးလေးအလိုရှိတာဘာမဆိုလုပ်ပေးမှာမို့။
ခက်ဟာ သူ့ခလေးရဲ့နှာခေါင်းလေးကိုသူ့နှခေါင်းလေးဖြင့်ထိရင်းထိုသို့ပြောတော့။
ဘေးကမင်္ဂလာဝတ်ဆုံနဲ့အတွဲဟာလည်းအားကြမခံစွာဖြင့်။
"စာစာရဲ့အသဲတုံးကြီးရေ.. "
"စာစာ့ကိုချစ်လာရင် "
တစ်ဖက်ကအတွဲထပ်သာချင်နေသဖြင့် ထိုသို့ပြောလိုက်ရာ။
"ချစ်တာပေါ့ သစ္စာကတို့ရဲ့ ကြည့်မဝရူမဂလေးလေ"
"အဟီး.."
"ဒါကြောင့် အသဲတုံးကြီးကိုချစ်နေရတာ အာဘွားးး"
ထိုမင်္ဂလာအခမ်းနားပြီးဆုံးသွားတော့ ရပ်ရွာထဲတွင် သူမတို့စုံတွဲနှစ်တွဲဟာနမည်ကြီးသွားခဲ့တယ်။
ကမ္ဘာ့စံချိန်ထပ် ၊ တစ်ရွာလုံးတွင် မင်္ဂလာနှစ်ခုဆောင်တဲ့အပြင် အမျိုးသမီးလေးဦးချစ်ခင်စွာပေါင်းသင်းနေထိုင်တဲ့ သတင်းကြောင့်ရပ်ရွာတွင်နမည်ကြီးပြီး။
ရွာရဲ့စံချိန်ကိုချိုးဖြတ်ခဲ့သည်။
သူတို့မင်္ဂလာပွဲ ပြီးတော့သူတ်ု့နှစ်တွဲဟာတစ်အိမ်ထဲမှာပဲအတူနေတယ်။
အပေါ်ထပ်အောက်ထပ် တစ်ယောက်တသ်ထပ်ဆီနေလေသည်။
တေးရဲ့မိဘများကတော့အလုပ်ရှိသဖြင့်ပြန်သွားကြတာဖြစ်တယ်။