309 56 4
                                    

" Past is just the past but the present is still going on no matter what we had "

"အတိတ်ဆိုတာ‌နောက်ဆုံးကျအတိတ်အနေပဲကျန်ခဲ့မှာဖြစ်ပြီး ဘာတွေပဲကျွန်တော်တို့ဆီမှာဖြစ်ပျက်ခဲ့ပါစေပစ္စုပ္ပန်ကတော့ရှေ့ဆက်သွားနေဦးမှာပဲ"

‌ဆောနူစာအုပ်ပေါင်းများစွာဖတ်ဖူးခဲ့တဲ့ထဲကအချိန်တိုင်းစွဲစွဲမြဲမြဲမှတ်မိနေမည့်စာပိုဒ်လေးတစ်ခုဖြစ်သည်။အကြိမ်ပေါင်းများစွာသူ့ကိုယ်တိုင်ကိုဒီလိုမေးခွန်းထုတ်ကြည့်ဖူးတယ်။ တစ်ကယ်ပဲအတိတ်ဆိုတာအတိတ်အနေနဲ့ထားပစ်ခဲ့လို့ရနိုင်ရဲ့လားလို့

နွေဦးပေါင်းများစွာမှာလှပခဲ့တဲ့အချစ်ဦးဇာတ်လမ်းကအတိုင်းအတာတစ်ခုထိကံကောင်းခြင်းနဲ့ပျော်ရွှင်ခြင်းကိုပေးခဲ့ပင်မဲ့ချောချောမွေ့မွေ့အဆုံးသတ်ဖို့အင်မတန်ခက်ခဲ့လွန်းသလို နှင်ရက်တဲ့သူကလဲမှားပြီးပြန်လှည့်မကြည့်ဘဲ‌ထွက်သွားတဲ့လူကလဲအလုံးစုံမမှန်ကန်ခဲ့ပါ။ နှစ်ယောက်လုံးအတွက်နောင်တရခဲ့တဲ့အတိတ်ကဒီလိုမျိုးအတိတ်အနေနဲ့ပဲကျော်သွားဖို့ဆိုတာဖြစ်နိုင်ပါ့မလား။

ကံကြမ္မာကဆုံလည်လည်ရင်းသူတို့နှစ်ယောက်ပြန်ဆုံဖြစ်မယ်ဆိုအရင်လိုရဲရဲဝံ့ဝံ့တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်နိုင်ပါ့မလားလို့ဆောနူခဏခဏမေးခွန်းထုတ်ဖူးပင်မဲ့လက်တွေ့ကိုတစ်ခါမှစိတ်ကူးမယဉ်ကြည့်မိဖူးဘူး။

နွေးထွေးတဲ့ရင်ခွင်၊တင်းကျပ်တဲ့လက်တစ်စုံကြားမှာထိုအဖြေကိုဖြေကြည့်ဖို့ဆောနူမတွေးနိုင်ခဲ့ဘူး။နေသားမကျပင်မဲ့အံ၀င်ခွင်ကျဖြစ်နေတဲ့ဒီရင်ခွင်ဟာသူ့အတွက်ဘယ်တုန်းကမှဖွင့်လှစ်မပေးဖူးခဲ့၍ဖြစ်သည်

"နေ့တိုင်းနောင်တနေခဲ့တာပါ ...ဆောနူ"

ဆောင်းဟွန်းကနောင်တရတယ်တဲ့လား။သူကတော့ချက်ချင်း၀န်မခံနိုင်ဘူး။ပထမဆုံးရွေးချယ်မှုကိုစလုပ်တဲ့သူကဆောနူဖြစ်ခဲ့ပြီးဆောင်းဟွန်းကသာသူ့ရွေးချယ်မှုပေါ်မူတည်ပြီးထွက်သွားခဲ့တာ။

"ပြန်မတွေ့ရတော့ဘူးထင်လို့ရူးသွားတော့မလိုပဲ"

နှစ်နဲ့ချီနေသောအလွမ်းတွေကိုစကားအလိုက်ဖွဲ့ပြလို့မရတဲ့အစားထပ်ပြီးလွတ်ထွက်သွားမလားဆိုတဲ့စိတ်ကြောင့်ဆောနူကိုပိုပြီးဖက်ထားမိသော်ငြားရုန်းကန်ချင်တဲ့စိတ်လဲမရှိပြန်ပြီးပွေ့ဖက်နိုင်သည့်အနေအထားလဲမဟုတ်နေခဲ့ဘူး။

my spring • 봄  [SUNSUN] Where stories live. Discover now