Unicode
.
.
အန်းချန်ချင်းသည် မည်သည့်အခါကမှ ယခုလိုမျိုး မရှက်ရွံ့ခဲ့ဖူးပေ။ သူ၏အမေနှင့် ညီမငယ်တို့က ကိုယ်ရံတော်များနှင့်အတူ ပုံပြင်ဆရာ၏ ဇာတ်လမ်းအား ရွှင်မြူးစွာဖြင့် နားထောင်နေကြချိန်တွင် သူကတော့ လက်ဖက်ရည်ကိုသာ ငုံ့သောက်နေလိုက်တော့သည်။ပုံပြင်ဆရာက စစ်နတ်ဘုရားနှင့် မြေခွေးမိစ္ဆာဘုရင်တို့ကြားမှ ချစ်ခြင်းတရားနှင့် အမုန်းတရားတို့အကြောင်း အသေးအဖွဲ့များကအစ နာရီဝက်ကြာ ဖွဲ့နွဲ့ပြောပြနေသည်ကို သူတို့အုပ်စုသည် ဆက်လက်နားထောင်နေကြသည်။ ထို့နောက်တွင် ပုံပြင်ဆရာက သူ၏အိပ်ဆောင် တူသေးသေးလေးဖြင့် စားပွဲကို တစ်ချက်ထုပြီး လက်ဖက်ရည်တစ်ငုံသောက်ကာ ပြောလိုက်၏။
"နောက်ထပ် ဘာဆက်ဖြစ်မယ်ဆိုတာ သိချင်ရင် နောက်စုဝေးပွဲကို လာခဲ့ကြပါဦး။ ကျေးဇူးပြုပြီး ဂုဏ်သရေရှိလူကြီးမင်းတို့ မနက်ဖြန် ထပ်လာခဲ့ကြပါ..."
ဇာတ်လမ်းက မည်သို့ပြီးဆုံးမည်ကို ရင်တမမဖြင့် နားထောင်နေကြသည့် ပရိသတ်များသည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့ကြလေသည်။ အန်းချန်ချင်းသည် အနောက်ဘက်တွင် ထိုင်နေသောကြောင့် သူ့အား မည်သူကမျှ သတိမထားမိကြပေ။
ထို့နောက်တွင် အန်းရှန်းယွီက မှတ်ချက်ပေးလိုက်၏။
"ယန်ကျိုးရဲ့ဇာတ်လမ်းက ယဲ့ကျင့်နဲ့ယှဉ်ရင် ပိုပြီးပွင့်လင်းမြင်သာ ရှိတယ်။ ဒီနေရာက လူတွေက တကယ့်ကို ပွင့်ပွင့်လင်းလင်း ရှိကြတာပဲ။"
"ညီမလေးက တခြားဇာတ်လမ်းတွေကိုပါ ဖတ်ဖူးသေးတာလား"
အန်းချန်ချင်းက အံ့အားသင့်စွာဖြင့် မေးလိုက်၏။ သူ၏ညီမငယ်သည် အမြဲစည်းကမ်းရှိပြီး တသီးတသန့်နေတတ်သည်။ သူမ၏ အချိန်အများစုသည် စာဖတ်ခြင်း သို့မဟုတ် ချည်ထိုးခြင်းအတွက်သာ ဖြစ်ပြီး သူမက ထိုကဲ့သို့သော အပန်းဖြေစရာစာအုပ်များအား ဖတ်နေသည်ဆိုသည်မှာ စဉ်းစားစရာပါပင်။ အန်းချန်ချင်းသည် သူ့ညီမငယ်အား မယုံသင်္ကာဖြစ်သွားလေ၏။
အန်းရှန်းယွီသည် သူမ လျှာရှည်မိသွားကြောင်း သိလိုက်ကာ အလျှင်အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်သည်။
YOU ARE READING
အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)
HistoryczneBL/ Myanmar Translation