{ZAWGYI}
အိမ်အပြန်မှာ မိုးလေးတွေက တဖွဲဖွဲရွာနေတယ်။ ကားမှန်ပေါ်တင်လာတဲ့ မိုးစက်မိုးပေါက်လေးတွေကို ကြည့်ရင်း နွယ်သွေးမော် တစ်ယောက် မျက်စိတွေ တဖြည်းဖြည်းလေးလာတယ်။ မကြာခင်မှာပဲ နွယ်သွေးမော်တစ်ယောက် အိပ်ပျော်သွားပါတော့တယ်။
~~~~~~~~~~~~~~~~~~~
မမ..... မမနွယ် ထပါဦး အိမ်ပြန်ရောက်ပြီလေ မမနွယ်
အင်.... အင်း သိုက် ဘာဖြစ်တာတုန်း..?
ဟို အိမ်ပြန်ရောက်ပြီလို့ ပြောတာပါ မမ
ဟေ... ဟုတ်လား မြန်လိုက်တာကွယ်...... ဝါး....
နွယ်သွေးမော် တစ်ယောက် ပျင်းရိစွာ သန်းလိုက်တယ်။
ဟူး.... ဆင်းကြမယ်ကွယ်
ဟုတ်ကဲ့ပါ မမ....
နွယ်သွေးမော် တစ်ယောက်လဲ ကားပေါ်ကနေ ဆင်းပြီး သူမရဲ့ စံအိမ်ထဲကို ဝင်လာခဲ့တယ်။
ဟယ်.... သမီးနွယ် ပြန်လာပြီလား
အိမ်ဝင်ဝနားရောက်တာနဲ့ နွယ့်ကို စောင့်နေတဲ့ ကြီးဆု ကို တွေ့ရတယ်။
ဟုတ် ပြန်လာပါပြီ ကြီးဆုရဲ့..... ဒါနဲ့ ဒီဇင်ဘာလေးရော?
အော်... အေး ဒီဇင်ဘာ လေးက ဆရာမနဲ့ စာသင်နေပါတယ်ကွယ်....
အော် အင်းအင်း ဒါဆိုရင် ဇာဇာ့ ကို ပြောလိုက်ပါ သံပုရာရည် တစ်ခွက်ဖျော်ပြီး နွယ် အခန်းထဲကို လာပို့ပေးပါလို့
အေးပါကွယ်.....
နွယ် တစ်ယောက် အပေါ်ထပ်ကို တက်သွားတယ်။ သူမရဲ့ အခန်းကို လျှောက်လာတုန်းမှာ ဒီဇင်ဘာရဲ့ အခန်းရှေ့နားကို ရောက်တော့။
ဒီဇင်ဘာ ဒီစာလေးကို ကျက်နေတာ မရနိုင်ဘူးလားဟင် ကျက်နေတာကြာပြီနော် ဒီဇင်ဘာ
ဟို ဟို ဒီဇင်ဘာ
ဘာတဟိုဟိုလဲ ကျက်နေတာ ၁ နာရီလောက်ရှိပြီကို ခုထိမရနိုင်သေးဘူး စိတ်ပျက်လိုက်တာနော် ဆိုရင်လဲ ထစ်ငေါ့ထစ်ငေါ့နဲ့
တောင်းပန်ပါတယ် တီချယ်ငွေ ရယ်
ဘာမှတောင်းပန်မနေနဲ့ ဒီစာကို ရအောင်ကျက် မရရင် ငါနင့်ကို ဒီပေတံနဲ့ ရိုက်မယ်ဒါပဲ

YOU ARE READING
🌹 နှင်းဆီပင်၏ ဆူးညှောင့်များ[𝐌𝐲 𝐑𝐨𝐬𝐞𝐬](GL)
Adventureဒီ story လေးက Lucia ရဲ့ ပထမဆုံး ရေးတာမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပြီးပဲ ဖတ်စေချင်ပါတယ်ရှင့် 💖💖