ဒီနေ့ကကြီးကြီးဌေးမွေးနေ့မို့ ကြီးကြီးရယ် ချယ်ရယ် ကြည်ပြာရယ်သုံးယောက်အာရုဏ်ဆွမ်းသွားကပ်ခဲ့ကြသည်
'ဒကာမကြီး ဒီတစ်ခေါက်အသက်ဘယ်နှနှစ်ပြည့်တာလဲ'
'၅၆ပါဘုရား'
'အင်း အသက်တွေလဲကြီးပြင်းလာပြီ တရားအားစိုက်ထုတ်သင့်တဲ့အရွယ်ရောက်နေပြီ'
'တင်ပါ့ဘုရား'ချယ်တို့၃ယောက် ကျောင်းဆောင်လှေကားကနေအဆင်း ချယ်ခြေခေါက်ကာလဲကျသွားတယ်
'အ'
'ချယ်'
'အမလေးချယ်ရယ် ဘယ်လိုဖြစ်ရတာလဲ'
'ဆင်းရင်းခြေခေါက်သွားတာ'
'ရရဲ့လား ထိလို့'
'အင်း ရပါတယ်'ကြီးကြီးနဲ့ကြည်ပြာကချယ့်လက်မောင်းကိုတစ်ယောက်တစ်ဖက်တွဲကာပြန်ခဲ့ကြတယ်
'ဘယ်လိုလဲ ဆွမ်းကပ်လိုက်ရလို့ပျော်သွားပြီလား'
'ပျော်သွားပြီ မွေးနေ့မှာဆွမ်းကပ်ချင်တယ်ဆိုတဲ့ဆုတောင်းလေးပြည့်သွားလို့တကယ်ကျေနပ်မိတယ်'
'ကလင် ကလင်'အနောက်ဘက်မှစက်ဘီးဘဲလ်သံကြားတာမို့သုံးယောက်သားလှည့်ကြည့်လိုက်ကြတယ်
'အယ် ရိပ်ညို'
'မောနင်းတီချယ်'
'သူ့တီချယ်တစ်ယောက်ကိုပဲမြင်တော့တာလား ကျုပ်တို့တူအရီးနှစ်ယောက်ကိုရောမမောနင်းတော့ဘူးလား'
'မဟုတ်ပါဘူး အန်တီကြည်ပြာရဲ့ အန်တီကြီပြာရော ကြီးကြီးရော မောနင်း'
'နင်ကလဲမနက်စောစောစီးစီးကလေးကိုရစ်နေပြန်ပါပြီ'
'တီချယ်တို့ဘယ်ကပြန်တာလဲ'
'ဒီနေ့ကကြီးကြီးဌေးမွေးနေ့လေ အဲ့တာအာရုဏ်ဆွမ်းသွားကပ်ပြီးပြန်လာကြတာ'
'မွေးနေ့လား မိုးကိုဘာကျွေးမှာလဲကြီးကြီး'
'အိမ်မှာကြာဇံကြော်ထားတယ် မိုးလေးကအိမ်မှာလာစားလှည့်'
'ဒါနဲ့ တီချယ်ဘာဖြစ်လို့အန်တီကြည်ပြာတို့ကတွဲထားတာလဲ'
'ဘုန်းကြီးကျောင်းကအပြန်ချော်လဲတာလေ ဟုတ်သားပဲ နင်ခြေထောက်နာနေတာ မိုးလေးနောက်ကလိုက်သွားလိုက်လေ'
'ဟုတ်သားပဲချယ်ရဲ့ လိုက်သွားလိုက် မိုးလေး သမီးတီချယ်ကိုစက်ဘီးနဲ့တင်သွားလိုက်စမ်းကွယ် သူခြေထောက်နာနေလို့'ကြည်ပြာတို့နှစ်ယောက်ရဲ့တွန်းပို့မှု့ကြောင့် ရိပ်ညိုရဲ့စက်ဘီးနောက်လိုက်ပါလာရတော့သည်
YOU ARE READING
တွဲသောလက်မြဲစေ မြဲသောလက်ခိုင်မာစေ
Romanceမြဲမယ်ထင်တဲ့လက်ကိုတို့တွဲခဲ့တာမဟုတ်ဘူး တွဲမဲ့လက်ကလေးကိုပဲ တို့ မြဲစေချင်တာ ပြီးတော့တို့တွဲချင်တာကလဲ မင်းရဲ့လက်ကိုပဲ