Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၁၄) --------
"နယောလေးရယ်..နောက်ကျလိုက်တာ
ထားထား အိမ်မှာစောင့်ရင်းနဲ့စိတ်ပူနေတာ"ပွဲအခမ်းအနားတွေအား
နယောမကြိုက်တတ်တာကိုသိထားသည့်
ထားထားက ညနက်တဲ့ထိတောင်
နယောတို့ပြန်မလာသေးတာကြောင့်
စိတ်ပူစွာစောင့်နေမိပေမဲ့
အကိုလေးနဲ့အတူသွားတာမို့
ဖုန်းလည်း မဆက်ရဲခဲ့။"ထားထား ကိုကိုရောဟင်"
နယောကိုတွဲကူဖို့ ကားနားရောက်လာသည့်
ထားထားက နယောမေးလိုက်သည့်
မေးခွန်းကြောင့် ယောင်နနနှင့်နားမလည်စွာ
နယောကိုပြန်ကြည့်လာပြီး"အကိုလေးက နယောနဲ့အတူ
သွားတာမဟုတ်ဘူးလား"ဒါဆို၊ ပြန်မရောက်သေးတာပေါ့။
တစ်ခုခုများ ဖြစ်နေတာလား...
ထိုအတွေးကပြန်ဝင်လာတာမို့
နယောစိတ်ပူကာ မျက်နှာလေးကပါ
မသာမယာဖြစ်လာတော့သည်။
ဇိုင်းမြင်တော့ နယော၏လက်မောင်းလေးတွေအား
အားပေးသလို ဖွဖွဖိညှစ်ရင်း၊"ဘာမှမဖြစ်နိုင်ပါဘူး
သူ့မှာလည်း အရေးကြီးကိစ္စရှိလို့
ဖြစ်ပါလိမ့်မယ်
နယောစိတ်မပူနဲ့နော်.. ငါရှာပေးမယ်""ကျေးဇူးပါဇိုင်းရယ်.. ငါ့ကိုကူပါအုန်းနော်
ငါတစ်ယောက်တည်း ဘာမှမလုပ်တတ်လို့ပါ"အသနားခံသလိုလေး နယောပြောလာတော့
ဇိုင်း စိတ်မကောင်းလည်းဖြစ်မိသလို
ရင်ထဲကမနာလိုမှုကြောင့် စိတ်တွေလေးလံကာ
နှလုံးသားကပါ တဆစ်ဆစ်နဲ့။"စိတ်ချနော် ငါရအောင်ရှာပေးမှာမို့
ခုတော့ နင်စိတ်စိတ်အေးထားပြီး
အနားယူလိုက်အုန်း"ဇိုင်းက ကတိတွေအထပ်ထပ်ပေးကာ
ချက်ချင်းပင်ထွက်ခွာသွားပေမဲ့
နယောအတွက်တော့ ဇိုင်းပြောသလို
စိတ်အေးအေးထားပြီး
အနားယူဖို့က မဖြစ်နိုင်ခဲ့။......
"ဘယ်သူမှ မရှိတော့ဘူးခင်ဗျ
ဧည့်သည်တွေအကုန်လုံးက
ပြန်သွားကြပြီ"