"soobie boobie!!"
အလုပ်ထဲခေါင်းနစ်နေရာကနေ ဖုန်းသံကြားလို့ကိုင်မိရာမှ တစ်ဖက်ကထွက်လာတဲ့ အာလေးလျှာလေးအသံကြောင့် ဆူဘင်းအသက်ကလေးမူးပြီး ရေချိန်ကိုက်နေပြီဆိုတာ ပြေးမကြည့်လဲ သိနေပြီဖြစ်တယ်။"ပြောပါဦး မောင့်အသက်ကလေးဘာအလိုရှိလို့ပါလဲဗျာ"
"ဟီးဟီး"
ဘာမှမပြောပဲ တဟီးဟီးနဲ့ရီရုံပဲရီနေတဲ့ ကိုကိုကြောင့် ရေချိန်မလွန်ခင် အမြန်သွားခေါ်ဖို့ လုပ်ရတော့သည်။
"ကိုကို အခုဘယ်နားမှာလဲ"
"သိဝူးယေ"
"ဘေးနားမှာရော ဘယ်သူရှိလဲ"
"ရှိဝူး"
"အဲ့ဆို ဆိုင်ကတစ်ယောက်ယောက်ကိုဖုန်းပေးလိုက်နော်"
"ပေးချင်ဝူး"
"မပေးရင် မောင်ကဘယ်လိုလုပ် ယောန်ကိုလာခေါ်ရမှာလဲ နေရာသိမှ လာခေါ်လို့ရမှာလေ အချစ်ရဲ့"
"လာထော်နဲ့"
စကားတွေပါ မပီတော့တဲ့အပြင် ဘာမေးမေး ဘူးတစ်လုံးဆောင်ပြီး ငြင်းနေတဲ့ အသက်ကလေးကြောင့် ဆူဘင်းတစ်ယောက် ဘာမှကြံရာမရပဲ ဦးနှောက်တွေကုန်ပြီးခေါင်းတွေပါခြောက်လာသလိုပင်။
လက်မှာပတ်ထားတဲ့ နာရီကိုကြည့်မိတော့လည်း 10:45 ဆိုတဲ့ ဂဏန်းကြောင့်ဒီထပ် ပိုနောက်မကျခင် သွားခေါ်ဖို့အတွက် ဦးနှောက်ကိုအမြန်အလုပ်ပေးရတော့သည်။"မောင်က မင့်ထုချိုကိုဝယ်ထားတယ် မောင့်အချစ်က စားမယ်မလားဟင်"
"စားချင်ပါဝူး"
"အဲ့ဆိုဘယ်လိုလုပ်မလဲ အချစ်ကမစားဘူးဆိုတော့ မောင်က ဘေးအိမ်က ကလေးလေးကိုပဲ ကျွေးရတော့မယ်ထင်တယ်"
"စားမှာ စားမှာလို့ ယောန်ဂျူးနီးစားမှာ ဘယ်သူမှမကျွေးရဘူးနော်"
"အင်း ယောန်ဂျူးနီးကိုပဲကျွေးမှာမလို့ အခုမောင့်ကိုနေရာပြောပြတော့နော်"
"နေရာက သိပါဘူးဆို ဘာလို့ခဏခဏမေးနေတာလဲ ဆူဘင်းနီး မူးနေတာလား"
အမူးပါးလေးသည် သူမူးနေတာကြောင့် နေရာသေချာမပြောနိုင်တာကို မသိရင်ကိုယ်ကပဲမူးနေလို့ သူပြောတာမကြားသည့်ပုံစံနဲ့ တစ်ဖက်လှည့်ကာ ပြန်ဆူသွားတာကြောင့် ဆူဘင်းတစ်ယောက် တစ်ကယ်ကိုမသောက်ပဲမူးချင်လာတော့သည်။