၈၁၉။ သေဖို့ မတောင်းဆိုနဲ့ (၂)

302 29 0
                                    

၈၁၉။ သေဖို့ မတောင်းဆိုနဲ့ (၂)

မင်း ဖြေရှင်းလိုက်မှာလား၊ ဒါပေမဲ့... မင်း ဘယ်လို ဖြေရှင်းဖို့ ရည်ရွယ်ထားသလဲ လေ့ချန်က အနည်းငယ် သံသယရှိဟန်ဖြင့် ဂျန်ဝုရှီကို ကြည့်လိုက်သည်။ ဂျန်ရှီ၏ မူရင်းဇာစ်မြစ်ကို သူ အရင်က စစ်ဆေးဖူးသည်။ ဝိညာဉ်ကုစားခြင်းနည်းစနစ်က လူများစွာအား အကြီးကြီး ဆွဲဆောင်နိုင်သော်လည်း, သူက အခုမှ ငယ်ငယ်လေး ရှိသေးတာက ‌ပြောင်းလဲလို့ မရသည့် အမှန်တရားတစ်ခု ဖြစ်သည်မဟုတ်လော။

အခု ဒီကိစ္စက သူ ဖြေရှင်းဖို့ပင် အတော်ခက်ခဲသည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။ ဂျန်ရှီက မည်သို့ ဖြေရှင်းနိုင်မည်နည်း။

ဂျန်ဝုရှီက ငြီးငွေ့စွာ ပြန်ပြောသည် သူတို့က တကယ်တော့ ဖရိုဖရဲ ဆက်ဖြစ်စေချင်တာပဲလေ၊ ဒီတော့ အဆုံးထိ ဖရိုဖရဲ ဖြစ်အောင် လုပ်လိုက်ရင်, ဒါ အလွန်ရိုးစင်းတဲ့ ကိစ္စ ဖြစ်မသွားဘူးလား။

လေ့ချန် အနည်းငယ် အံ့အားသင့်သွားသည်။ ဘုရင့်နေပြည်တော်တွင် ပျံ့နှံ့နေသည့် ကောလာဟလ အားလုံးက ဂျန်ရှီ၏ ပြိုင်ဘက်များ တစ်ယောက်ပြီး တစ်ယောက် နှုတ်ထွက်သွားခြင်းကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းကိစ္စက နှုတ်ထွက်ရုံတင် မကဘဲ တစ်ယောက်ကပါ အသက်ဆုံးရှုံးသွားသည်အထိ ကြီးထွားလာခဲ့သည်။ ကိစ္စရပ်၏ အချက်အချာက ကောလာဟလများကို မှေးမှိန်ပျောက်ကွယ်စေလိုလျှင်, ဂျန်ဝုရှီ၏ ပြိုင်ဘက်ကို သူနှင့် နောက်အကျော့မှာ ယှဉ်ပြိုင်စေဖို့ တကယ် လိုအပ်သည်။

သို့သော်....

အဲလူက လေညင်းကျောင်းတော်နဲ့ ငါ့ကြားထဲက ဆက်ဆံရေးကို အသုံးချပြီး ဒီကိစ္စကို ဖန်တီးကတည်းက, မင်းနဲ့ နောက်တစ်ကျော့မှာ ပြိုင်မဲ့လူဆီ သူ့လူတွေကို စေလွှတ်မှာ အသေအချာပဲ၊ ငါ့ အမိန့်အောက်မှာ လူတစ်ချို့ ရှိတော့ ရှိကြတယ်၊ ဒါပေမဲ့... သူတို့က အဲလူရဲ့ လူတွေနဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး.. လေ့ချန်က အတော်လေး သောကရောက်လျက် ပြောသည်။

ထိုလူ မွှေနှောက်ထားသော ကိစ္စရပ်များကို သူ ကတယ်ပင် ရပ်တန့်လိုသည်။ သို့သော် ထိုလူက ရန်တိုင်းပြည်တွင် အရာရာတိုင်း၏ ထိပ်ဆုံးမှာ ထိုင်နေသူ ဖြစ်သည်။ အိမ်ရှေ့စံဟူသည့် သူ၏ စွမ်းအားက ထိုလူနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ပါရမီရှင်သမားတော်(၂)Место, где живут истории. Откройте их для себя