Endless Responsibility
Volume - 1 [Something's Mysterious]
Chapter — 5
အဆုံးမဲ့တာဝန်
အပိုင်း — ၅(အီလီ အလုပ်ရပြီ)...တစ်ပါတ်ဆိုတဲ့အချိန်ဟာမျက်စိတစ်မှိတ်အတွင်းပင်ကုန်ဆုံးသွားသည်။အီလီ တစ်ယောက်ကမ်းမမြင်လမ်းမမြင်ချုံပိတ်နေသောတောကြီးမျက်မဲထဲတရွေ့ရွေ့သွားနေ၏။သူ့လက်ထဲတွင်တော့ဓားနှစ်ချောင်းရှိနေသည်။
တစ်ချောင်းမှာသူပုံပြောင်းချိန်တွင်ပုံလိုက်ပြောင်းသွားသောသိုလှောင်အစွမ်းရှိတုတ်ဖြစ်ပြီးနောက်တစ်ချောင်းမှာတော့သူရေခဲခေတ်အရှင်၏သင်္ချိုင်းမှရလာခဲ့ခြင်းဖြစ်သည်။ရေခဲခေတ်အရှင်၏သင်္ချိုင်းတွင်၎င်းဓါးမှလွဲတခြားသိုက်ပစ္စည်းဘာမှမရှိပေ။
နောက်၎င်းဓါးကလည်းသံချေးတက်နေသကဲ့သို့ဆွဲထုတ်လို့မရဖြစ်နေသေး၏။သို့သော်၎င်းကသံချေးတက်နေခြင်းမဟုတ်ပေ။ဓါးကလူရွေးခြင်းမျိုးလည်းမဟုတ်။အလွန်ကြီးမားသောခွန်အားဖြင့်ဆွဲထုတ်မှရမည်ဖြစ်သည်။ဒါကို အီလီ မသိတော့သူ၎င်းဓါးကိုသူသုံးမရမှတ်ပြီးချောင်ထိုးထားဖို့သာကြံရွယ်ထား၏။
လေစိမ်းများကတဝုန်းဝုန်းတိုက်ခတ်နေသည်။သစ်ခက်များတစ်ခုနဲ့တစ်ခုပွတ်တိုက်ခြစ်ဆွဲသံများကလည်းဆူညံလှသည်။အီလီ ရုတ်တရက်ကျားဟိန်းသံနဲ့အတူမိန်းကလေးသံသေးသေးလေးတချက်ကြားလိုက်ရ၏။
ဒါနဲ့ဆို အီလီ ဒီတပါတ်အတွင်းကျားနဲ့တိုးသည်မှာသုံးခါမြောက်ပင်။ဝံပုလွေအုပ်နဲ့လည်းတခါတိုက်ခိုက်ခဲ့ရသေး၏။အီလီ့ ခြေလှမ်းများရုတ်တရက်ရပ်တန့်သွားသည်။အကြောင်းအရင်းမှာရိုးရှင်းသည်။သူ့ရှေ့နှစ်ခါကကျားနဲ့တိုက်ခိုက်ခဲ့ရသည်များမှာတိုက်ရိုက်တည့်တိုးလို့ဖြစ်ပြီးအခုတခါမှာတော့သူနဲ့ကျားနဲ့မတွေ့သေးပါချေ။
ထို့ကြောင့်သူအေးဆေးရှောင်ထွက်နိုင်သည်။သို့သော်သူကိုယ်တိုင်ပင်ဒီတောထဲမှာကလမ်းပျောက်နေတာဖြစ်သည့်အတွက်၎င်းကျားနဲ့တိုးနေသည့်မိန်းကလေးစီကိုလည်းသွားစပ်စုချင်သေးသည်။
သူမရောလမ်းမသိနိုင်ဘူးလို့သေချာပေါက်ပြောမရဘူးလေ။အကယ်၍အဆင်ပြေရင်တော့ကယ်လိုက်မည်ဖြစ်သည်။အီလီ ရပ်တန့်နေသောခြေလှမ်းများကိုအားပါပါပြန်အသက်သွင်းလိုက်သည်။ထိုအချိန်တွင်ဆန့်ကျင်သူများအစွမ်းတွေကစတင်ဇာတိပြလာသည်။
YOU ARE READING
အဆုံးမဲ့တာဝန် - [ Endless Responsibility ]
Mystery / ThrillerReview... ဒါကဇွဲကြီးလှတဲ့လူသားတစ်ယောက်အကြောင်း။ ရှေးဟောင်းကြွေရုပ်ထုကြီးတစ်ခုကိုအမြဲထာဝရလိုက်ရှာနေခဲ့တဲ့လူတစ်ယောက်ရဲ့ရာဇဝင်ပေါ့။ ရာဇဝင်လို့ပြောပေမဲ့အခုတောင်သူကအဲ့ရှေးကြွေရုပ်ထုဟောင်းကြီးကိုလိုက်ရှာရင်ရှာနေအုံးမှာ...ဒါမှမဟုတ်တွေ့ရင်လည်းတွေ့သွားလောက်ပ...