ကျောင်းကားမမှီတဲ့နေ့တစ်နေ့ပေါ့ ကားမှတ်တိုင်ကိုအပြေးသွားရင် လူတစ်ယောက်နဲ့ဝင်တိုက်မိရော..အဲ့အမှတ်တမဲ့ကနေ အမှတ်တရတွေဖြစ်သွားလိမ့်မယ်ဆိုတာ ကာယကံရှင်၂ယောက်လည်းဘယ်သိမလည်း
" ကိုသူ့ရေ..ထတော့ ကျောင်းကားလာတော့မယ်"
ဒါ ပါးရဲ့နေ့စဥ် ကိုသူ့ကိုနှိုးရတဲ့အသံပဲ"
"အချစ်ရယ် ဒီကောင်ကျောင်းကားမမှီပဲYBS နဲ့သွားရမှ မှတ်မှာ တစ်ခါလောက်မနှိုးဘဲလွှတ်ထားကြည့်လိုက် ..နှိုးရလွန်းလို့အချစ် လည်ချောင်းတွေနာကုန်ပါဦးမယ်"
"အဟွန့် ကိုကလည်း သားလေးကို "ဆိုပြီး သူ့အချစ်ပြောတာကို ကျေနပ်နေတဲ့ ပါးရဲ့အသံကိုပါထပ်ကြားရတော့ လူကစိတ်လေသွားပြီ
" ဒီအချစ်ငှက်၂ယောက်ရဲ့တစ်တီတူးချစ်ကြည်နူးနေကြတာကိုမျက်လုံးမဖွင့်နိုင်ပေမဲ့ ကြားနေရတာပဲဖြစ်သည် ..
"ကဲ ထပါပြီဗျာ .. ဒီ Single သားလေးကိုလည်းသနားကြပါဦး..မနက်ထဲက ကဲသဲနေကြတာ ဟွန့်"
ပြောပြီးအိပ်ယာကအိပ်မှုံစုတ်ဖွားနဲ့ရေချိုးခန်းထဲဆောင့်ကြီးအောင့်ကြီးဝင်သွားတဲ့သားလေးကိုကြည့်ပြီ ရီနေကြတဲ့လင်လင်အတွဲလေးကတော့နောက်ကနေရီပြီးကျန်နေခဲ့ပါတော့တယ်
" ၈နာရီမိနစ်၅၀သွားပြီကျောင်းကားနောက်ကျပြီ"
သွားခါနီးအိမ်သာတက်ချင်လို့တက်လိုက်တာကျောင်းကားနောက်ကျသွားပြီ..ဖေကြီးနဲ့ပါးနဲ့က သူပြင်ဆင်နေတဲ့အချိန်မှာပဲအလုပ်က အရေးတကြီးဖုန်းဆက်တာနဲ့ အရင်သွားနှင့်လိုက်ပြီ..ကျောင်းကိုလည်းလိုက်ပို့ခိုင်းလို့မရတော့ဘူး.."
ကားပဲငှားသွားတော့မယ် ဆိုပြီးပိုက်ဆံအိတ်ကိုကျောပိုးအိတ်ထဲနှိုက်တော့ မတွေ့.."သေပြီကိုစူ့ရေမင်းတော့ဒီနေ့မှ မင်းဘဝကြီးမပျက်ရင် ဘယ်နေ့ပျက်မလည်း" စိတ်ထဲကပြောတာကအပြင်အသံကျယ်ကြီးထွက်သွားတော့ဘေးကလူတွေကကွက်ကြည့်ကွက်ကြည့်..သူလည်းစိတ်လေပြီးအနားကကားမှတ်တိုင်မှာ သွားထိုင်နေလိုက်တော့တယ်
ခဏကြာတော့သူ့ရှေ့ကိုကတီပါ ဖိနပ်အစိမ်းလေးနဲ့ခြေဖမိုးဖြူဖြူလေးတစ်စုံကဝင်ရောက်လာတယ်
"အကူအညီလိုလား ညီ"
အဖူး💜
31.Jan.2024
Note.. အပိုင်းတိုလေးပဲရေးကြည့်ချင်လို့..
သည်းခံပြီးဖတ်ပေးပါနော် အဖူးလည်း ဇာတ်လမ်းလေးတွေဖန်တီးကြည့်ချင်လို့ပါ..မကောင်းဘူးဆိုရင်လိုအပ်ချက်တွေကို ပြောပြပေးပါနော်
YOU ARE READING
မှတ်တိုင်
Short Storyကျွန်တော့်ရဲ့ဖြစ်တည်မှုက ကိုဇင့် အတွက် ခဏတဖြုတ်ဝင်လာတဲ့ လူတစ်ယောက်လား..