ဟော်တယ်အခန်းတံခါးပိတ်သံအဆုံး ကျွန်တော့်ကျောပြင်က နွေးထွေးလာမှုနှင့်အတူ ကျွန်တော့်ပခုံးကို ထွေးပွေ့လာသည့် လက်တစ်စုံ။ ခပ်ပြင်းပြင်းထွက်လာသည့် ရှမ်ပိန်အနံ့တွေကြားမှ သူ့ရဲ့ ခပ်ရိုင်းရိုင်းကိုယ်သင်းရနံ့လေးက ကျွန်တော့်ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။သူ့အသက်ရှုထုတ်လိုက်သည့် ဝင်လေထွက်လေက ကျွန်တော့် လည်တိုင်နှင့်နားရွက်အနားမှာ တိုးဝှေ့နေတော့ ကျွန်တော် ရင်ခုန်စိတ်လှုပ်ရှားခြင်းတွေကြားမှ သက်ပြင်းတစ်ချက်ကို ခိုးချလိုက်မိသည်။
"Perth..."
အနည်းငယ်ရုန်းထွက်ဖို့ရန် ဟန်ပြင်နေသည့် ကျွန်တော့်လှုပ်ရှားမှုလေးက တင်းကျပ်လာသည့် သူ့ရစ်နှောင်မှုမှာ အခက်တွေ့သွားပြန်သည်။
"ခဏလေးပါ..."
ကျွန်တော် ရုန်းဟန်ပြင်နေသည့် သူ့လက်တွေပေါ်က ကျွန်တော့်လက်ကို ရုတ်သိမ်းလိုက်ရသည်။ ငြင်းဆန်ပေမယ့် အမြဲလိုက်လျောမှုတွေနှင့်သာ အဆုံးသတ်ရကြောင်း ကျွန်တော် သိနေခဲ့တောင် ကျွန်တော် သူနှင့် ထိုကဲ့သို့ အနေအထားမှာ ကျင့်သားမရနိုင်သေးချေ။ သဘောကျခြင်းနှင့် ကျင့်သားရနေခြင်းက ထပ်တူမညီနိုင်သလို၊ မြတ်နိုးမိလာခြင်းနှင့် စိတ်ပူပန်ခြင်းကလည်း အင်အားမျှမနေတတ်ကြောင်း သူနှင့်မှ ကျွန်တော် သိရှိလာခဲ့သည်။
" ဂျပန်ကို အရမ်းချစ်တယ်.."
ကျွန်တော် အသက်ရှုသံထွက်ကာ တစ်ချက်ပြုံးလိုက်မိသည်။ သူက ကျွန်တော့်လည်ပင်းကို အနောက်မှ ခပ်ဖွဖွအနမ်းပေးလာတော့ အေးစက်စက်ရာသီဥတုမှာ ကျွန်တော် ပူနွေးသွားရပြန်သည်။
" ဘာလို့လဲ မမေးတော့ဘူးလား.."
" ဘာ လို့ လဲ.."
အဖြေကို ကြိုသိနေသလိုမျိုး ကျွန်တော် သူ့စိတ်တိုင်းကျ မေးခွန်းထုတ်ပေးလိုက်သည်။ မူးနေသည့် ဒီကောင်လေးက ဒီလိုရစ်တတ်တာ ကျွန်တော် ကြုံဖူးပြီးသားပဲလေ။ မူးနေရင် သူ စိတ်ထဲရှိရာ ပြောဆိုပြုမူပြီး နေတတ်တဲ့ ဒီအမူးလေးက အမူးပြေသွားရင် ထိုအပြုအမူတွေအတွက် ခေါင်းမဖေါ်နိုင်အောင် ရှက်ရွံ့နေတတ်ပြန်သည်။
YOU ARE READING
Limit(less)
Romanceအတိုင်းအဆမရှိတဲ့ အချစ်ဆိုတာ....။ တကယ်တော့ ...။ ညာခဲ့တာ....။ PerthChimon Fanfic ဤဇာတ်လမ်းတွင်ပါဝင်သည့် အကြောင်းအရာများသည် PC Moment တွေကို အခြေခံပြီး စာရေးသူ၏ စိတ်ကူးများသာဖြစ်ပါသည်။ တစ်စုံတစ်ရာ မှားယွင်းအဆင်မပြေမှုများရှိရင် စာရေးသူ၏ လိုအပ်ချက်ကြေ...