အခန်း (၁)

878 52 10
                                    

Time in this fiction [2026 (or 2028]

Background sound [My love by Wildlife]

                                🐧

မနက်အာရုဏ်လင်းသည်နှင့်ရန်ကုန်မြို့တွင်ရှိသည့် တိတ်ဆိတ်ငြိမ်သက်သည့် ရပ်ကွက်တစ်ခုအတွင်း နှစ်ထပ်တိုက်အိမ်လေးဆီမှ သံစည်သံကထွက်ပေါ်
လာလေသည်။ချိုသာငြိမ့်ငြောင်းသည့် မေတ္တာပို့သံ
အပြီးထွက်ပေါ်လာသည့် သံစည်သံကြောင့် ပြတင်း
ပေါက်အနားတွင်ရှိသည့် သစ်ပင်၏သစ်ကိုင်းပေါ်မှ
ငှက်ကလေးများပါထပျံသွားကြသည်။

သပြေ၊ဒေလီယာ၊ညောင်ခက် များကိုဝေဆာနေအောင်ထိုးထားသည့် ကြွေပန်းအိုးများမှာ ဘုရားစင်
၏နေရာလေးခုတွင်နေရာယူထားကြသည်။ရှိခိုးဦးချ
လိုက်သည့် အမျိုးသမီးမှာ ယောဂီတဘက်လေးတစ်
ခုကိုညာဘက်ပုခုံးပေါ်တင်ထားပြီး ရုပ်သွင်မှာမြင်ရ
သူတို့အားအေးချမ်းစေလေသည်။ဘုရားခန်းထဲမှ
ထွက်လာပြီး အိပ်ခန်းဆီသို့ဝင်သွားပြီး ခဏအကြာ
ပြန်ထွက်လာကာ ဧည့်ခန်းတွင်ထိုင်လျက်တွင်မနက်ခင်းသတင်းစာကိုယူဖတ်သည်။

လှေကားပေါ်မှမြန်ဆန်စွာဆင်းလာသည့်မိန်းကလေး
တစ်ယောက်မှာ မီးဖိုချောင်ထဲသို့ဝင်သွားသည်။
ကယုဆီပုလင်းကိုဖွင့်ရျ် ထမင်းဖြူဖြူပေါ်သို့လောင်း
လျက် ထမင်းကြော်သည်။သင့်တင့်သောမီးအပူရှိန်
ကြောင့် မကြာမီပင်ထမင်းကြော်၏ရနံ့ကမွှေးပျံ့လာသည်။Nest ကော်ဖီနှစ်ထုပ်ကိုဖျော်ပြီး စားပွဲပေါ်တင်ပြီးနောက်ထမင်းကြော်ကိုပန်းကန်ထဲထည့်လျက် ခုံတစ်လုံးဆွဲယူပြီးထိုင်စားသည်။အခန်းထဲဝင်လာသည့် အမျိုးသမီးမှာဘာမှမပြောဘဲ ကော်ဖီကိုယူသောက်ပြီး သတင်းစာအားဆက်ဖတ်သည်။

"ဒီကျောင်းပိတ်ရက်မှာ မမနဲ့သူ့အမျိုးသားခရီးသွား
စရာရှိလို့ ကလေးတွေကိုဒီမှာလာထားချင်တယ်
ပြောတယ် ပြန်လာတဲ့အခါကျရင် စျေးထဲဝင်လာခဲ့
မယ် မှာချင်တာရှိသေးလား"

ခွင့်တောင်းသည့်ပုံစံမဟုတ်ဘဲ အသိပေးသည့်ပုံစံ
နှင့်ပြောသည်ကို ထိုအမျိုးသမီးကခေါင်းသာညိတ်
ပြသည်။တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်း
ဆုံအောင်ပင်မကြည့်ကြဘဲ မနက်စာကိုသာဆက်စား
နေကြသည်။

A Thousand YearsWhere stories live. Discover now