Part 8 {Z+U}

5 1 0
                                    

{ZAWGYI}

နောက်တစ်နေ့..........

စူးရှတဲ့ အလင်းတန်းတစ်ခုက သူမရဲ့ မျက်လုံးကို ထိရိုက်လာတယ်။

"အင် အင်း....."

မိုးမြေ့မာန် တစ်ယောက် အိပ်ရာဘေးနားက စားပွဲခုံပေါ်မှာ တင်ထားတဲ့ အဖြူရောင် လေးထောင့်နာရီလေးကို လှမ်းကြည့်လိုက်တယ်။

"ဟင် ၈ နာရီ ပါလား ဟုတ်သားပဲ ငါဟိုအိမ်ကို သွားရဦးမယ် အင်း"

မိုးမြေ့မာန် တစ်ယော​က် မနည်း ကုန်းရုန်းထရသည်။ မ'ထ၍ လည်းမရ။ အလုပ်ကိစ္စကလဲ အရေးကြီးပေသည်။ မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ အပြေးဝင်ရလေတော့သည်။

၂၅ မိနစ် အကြာ~~~~~

မိုးမြေ့မာန် တစ်ယောက် အင်္ကျီလဲ ပြီးနေပြီ။ အဝါနုရောင် မြန်မာအင်္ကျီလက်ရှည်လေးနဲ့ အဖြူရောင် ပန်းပွင့်ပုံ ချိတ်ထမီ လေးကို ဝတ်ဆင်ထားတယ်။ ဆံထုံးထုံးလိုက်ပြီး နေ့စဉ်ပန်နေကြအတိုင်း ခြံထဲက ကိုယ်တိုင် စိုက်ထားတဲ့ နှင်းဆီပန်းအရင့်တစ်ခုကို ပန်ဆင်ထားတယ်။ နှင်းဆီနုရောင် နှုတ်ခမ်းနီလေးကို အသာယာလေး ဆိုးလိုက်တယ်။ သွားထက်ကလေး ပေါ်အောင် ပြုံးလိုက်ရင်း မှန်ထဲမှာ တွေ့ရတဲ့ သူမကို သူမ ကျေနပ်နေမိတယ်။ အချိန်ကို ကြည့်တော့ ၈ နာရီခွဲပေတော့မည်။ မဖြစ်ချေဘူး မြန်မြန်သွားမှ ရချေတော့မည်။ သူမ ပိုက်ဆံအိတ်ကို ကောက်ဆွဲလိုက်ပြီး အိမ်လိပ်စာကို သေချာကြည့်လိုက်သည်။ နောက်တော့ အိမ်အောက်ထပ်ကို အပြေးဆင်းလာရသည်။

အောက်ထပ်ကို အပြေးဆင်းလာသော သမီးဖြစ်သူ မိုးမြေ့မာန် အား မိခင်ဖြစ်သူက အထိတ်လန့်ဖြင့် ထမင်းစားခန်းထဲမှ လှမ်းအော် လိုက်သည်။

"သမီး မိုးမြေ့မာန် ဘယ်လိုတွေ ဖြစ်တာတုန်းကွယ် ဖြေးဖြေးဆင်းပါဦး တော်ကြာ ချော်လဲ နေပါဦးမယ် အောက်ထပ်ကနေတောင် တဒုန်းဒုန်း နဲ့ ကြားနေရတယ်ကွယ်"

မိခင် ဖြစ်သူမှာ စိုးရိမ်၍ လှမ်းသတိပေးလိုက်သည်။ ထိုအသံကြား၍ မိုးမြေ့မာန်လဲ အရှိန်ကို လျှော့လိုက်သည်။

"ဟုတ်ကဲ့ပါ အမေ ဒါနဲ့ သမီးသွားတော့မယ်နော်"

မိုးမြေ့မာန် တစ်ယောက် အိမ်ရှေ့နား ဖိနပ်စင် မှ လှမ်းအော်လိုက်သည်။

🌹 နှင်းဆီပင်၏ ဆူးညှောင့်များ[𝐌𝐲 𝐑𝐨𝐬𝐞𝐬](GL)Where stories live. Discover now