Chapter 17

1.7K 153 1
                                    

အပိုင်း (၁၇)


သစ်သားတံခါးကို တွန်းဖွင့်လိုက်သည့် အသံကြောင့် သူအိပ်ရာမှ လန့်နိုးလာသည်။

သူ့အခန်းထဲကို ဝင်တဲ့သူက သူ့အဖွားနှင့်သူ့အမေအပြင် သူ့မိန်းမသာ ရှိသည်။ ထို့ကြောင့် ရီရောင့်သုန်း မျက်လုံးများပင် ဖွင့်ရန်မကြိုးစားပေ။ နွေဦး၏ ငိုက်မျဉ်းမှု၊ ဆောင်းဦး၏ ပင်ပန်းနွမ်းနယ်မှု၊ ဆောင်းရာသီတွင် ခံစားရသော အားအင်မရှိမှုနှင့် နွေရာသီတွင် ခံစားရသော ပြီးပြည့်စုံသော ငိုက်မျဉ်းမှုများ‌ကြောင့် အနည်းငယ်ကြာအောင် ဆက်မှေးဆက်ရန် စဉ်းစားထားသည်။ 

ခြေသံ အနည်းငယ်ကို နီးကပ်စွာ ကြားရပြီးသည့်နောက် တစ်ယောက်ယောက်က ခြေရင်းကနေ ကုတင်ပေါ်သို့ တက်လာခဲ့သည်။  သစ်သားကုတင်ကလည်း အသံ ထွက်လာသည်။ ရီရောင့်သုန်း မျက်လုံး ဖွင့်ကြည့်လိုက်တော့ သူ့မိန်းမက အိပ်ပျော်နေတဲ့ သားငယ်ကို ပွေ့ချီထားသည်။

"ရှင် အိပ်နေတုန်းလား"

"အင်း"

ကလေးကို သူ့ဘေးမှာ ဂရုတစိုက်နဲ့ ညင်သာစွာ ချထားပြီးနောက် သူမလက်ကို ခေါင်းနောက်ကနေ ဖြည်းညှင်းစွာ ထုတ်လိုက်သည်။ ထို့နောက် သူမက သူ့ကို တစ်ချက်ကြည့်ကာ တုံ့ဆိုင်းနေပြီး "ရှင်အပြင်မထွက်တော့ဘူးမလား။ ကလေးကို ကုတင်ပေါ်က မပြုတ်ကျ အောင် စောင့်ကြည့်ပေးလို့ရမလား" လို့ ပြောသည်။

"ဟုတ်ပြီ"

အံ့သြစရာကောင်းအောင် သူက မငြင်းဘဲ လက်ခံခဲ့သည်။ လင်းရှိုချင်းက စိတ်သက်သာရာရပြီး "ကလေး နိုးရင် ကျွန်မကို ခေါ်လိုက်၊ ကျွန်မ လာခေါ်လိုက်မယ်" လို့ ပြောလိုက်သည်။

"မင်းကော ငါ့တို့နဲ့ ခဏလောက်ဖြစ်ဖြစ် မအိပ်ဖူးလား"

"တော်ပါပြီ၊ ကျွန်မ မအိပ်ချင်ပါဘူး"

အနီရောင် ပွန်နီပန်းတွေနဲ့ အလှဆင်ထားသော အစိမ်းရောင်စောင်နှင့် သားငယ်လေးကို ခြုံပေးလိုက်ပြီး သူမ ကုတင်ပေါ်ကနေ တိတ်တဆိတ် ဆင်းသွားခဲ့သည်။ ရီရောင့်‌သုန်းလည်း သူမကိုအတင်း မအိပ်ခိုင်းတော့ချေ။

သူမ အလုပ်လုပ်ချင်နေရင်လည်းလုပ်ပေါ့ သူမှတားလို့မရတာ။

"ရီချန်းဟူကကော ဘယ်‌မှာတုန်း"

နေ့လည်စာ စားပြီးထဲက သူ့သားအကြီးကို သူမမြင်မိပေ။ သည်လိုနေသာတဲ့ ရက်ကြီးမှာ ဘယ်များ သွားကစားနေလဲ မသိ။

လင်းရှိုချင်းက ခြင်ထောင်ကို ချလိုက်ပြီး "မသိဘူးလေ၊ ရှင့်သားက စကားကို ဂရုမစိုက်ဘဲ အမြဲတမ်း ပတ်ပြေးနေတာ၊ ညစာစားချိန်ရောက်ရင် သူ့အလိုလို ပြန်လာခဲ့လိမ့်မယ်။ ကျွန်မလည်း အပြင်သွားနှင့်‌တော့မယ်"

တံခါး ညင်သာစွာပိတ်သွားသည်။ သူ့ဘေးနားက သားဖြစ်သူသည် စောင်ကို ခြေထောက်နဲ့ ကန်ထုတ်လိုက်သည်။ ရီရောင့်သုန်းက သူ့ကို ပြန်ခြုံပေးလိုက်သည်။  ဒါပေမယ့် ဆယ်မိနစ်မပြည့်ခင်မှာပဲ သူက ထပ်ကန်သည်၊ ရီရောင့်သုန်းလည်း သူ့ကို နောက်တစ်ကြိမ် ထပ်မံခြုံပေးလိုက်သည်။

မကြာပါဘူး သူ ထပ်ပြီးကန်ပြန်သည်!!

သူ ခြေထောက်က ကန်ပြီး ခန္ဓာကိုယ်ကဘေးကိုလှည့်လာသည်။

အမှန်တော့ သည်ကလေး ကြီးပြင်းလာချိန်မှာ သူ့ကို တစ်ခါမှလေးစားမှု မရှိခဲ့ပေ။ဒါ‌ကြောင် သူလည်း လျစ်လျူရှုလိုက်တော့သည်။

သူ ပြန်အိပ်ဖို့သာ ပြင်လိုက်သည်။ အိပ်ပျော်လုဆဲဆဲ အချိန်မှာပဲ ဘေးက ဝက်‌ပေါက်၏ ခြေထောက်ဖြင့် အကန်ခံလိုက်ရတာကြောင့် သူ့အိပ်ချင်မှုတွေအကုန်ပျောက်သွား‌သည်။

အခုထိ ကောင်းကောင်းမွန်မွန် အိပ်နေသေးသော သူ၏ သားကို ကြည့်နေလိုက်သည်၊ သည်ကောင် ငါ့ကို သပ်သပ်တမင်တကာ လုပ်နေတာများလား။

ရီရောင့်သုန်းက သူ့သားကို စိုက်ကြည့်နေရင်းပင် သူ့သားက အိပ်တဲ့ပုံအနေအထား ပြောင်းသွားပြန်သည်။  သူက ဗိုက်ပေါ် မှောက်လျက် လှဲအိပ်နေပြီး ဖင်ကို လေထဲတွင် မြှောက်ထားသည်။

သည်ကောင်ဘယ်လိုများ သည်လို အိပ်နိုင်ရတာလဲ

အိပ်ချင်စိတ်ကုန်သွားတာကြောင့် ရောင့်သုန်းက ထထိုင်လိုက်ပြီး အိမ်ရှေ့ကို ခဏထွက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် သူ့မိန်းမက တစ်ယောက်ယောက်ကို ရိုင်းစိုင်းတဲ့လေသံနဲ့ ပြော‌နေသည်ကို ကြားနေရပြီး ခယ်မ နှစ်ယောက်ရဲ့
အော်ဟစ်သံတွေကိုပါ ကြားနေရသည်။

"သူ အိပ်နေတယ်၊ လျှောက်သွားဖို့ တခြားတ‌စ်ယောက်သာ ရှင်တို့သွားရှာလိုက်‌တော့၊ အချိန်တိုင်း ကျွန်‌မ ယောက်ျားကိုပဲ စိတ်အနှောင့်အယှက် လာပေးမနေနဲ့"

သူမ ခင်ပွန်းကို အပြင်ထွက်ရန် သူတို့က အမြဲခေါ်နေသည့်အတွက် အိမ်ကို မကပ်နိုင်‌ပေ။  ဒီနေ့မှ တစ်ရက်တစ်လေ အပြင်မထွက်တာကို ဒီလူယုတ်မာတွေက တံခါးဝမှာ လာရှာနေကြသေးသည်!  တကယ့်ကို စိတ်ပျက်ဖို့ကောင်းတာပဲ။

"ဟုတ်တယ်၊ မင်းတို့တွေ အားလုံးမှာလည်း မိန်းမနဲ့ သားသမီးတွေ ကိုယ်စီရှိရဲ့သားနဲ့ မင်းတို့ မိသားစုကို ဂရုစိုက်တာ၊ အိမ်မှုကိစ္စတွေကို မကူညီတာမျိုးကျ မရှိဘူး။ အဲ့အစား မင်းတို့ အမြဲတမ်း အလေလိုက်နေကြတာ"

"မင်းတို့ အချင်းချင်း အတူနေကြပါလား။ ဘာလို့ မိန်းမယူနေကြသေးတာလဲ"

ယောက်ျားအသံ တစ်ခုက ရယ်ပြီး ပြောတယ် "ဟုတ်တယ်၊ ကျုပ်လည်း အဲ့လိုလုပ်ချင်ပေမယ့် ဒီကောင်တွေကဟင်းလည်းမချက်တတ်ဘူး၊ ကလေးလည်း မမွေးနိုင်ဘူး၊ သူတို့က လုံးဝ အသုံးမဝင်ဘူး။ သူတို့နဲ့ အတူတူနေဖို့ ကြိုးစားရင် ကျုပ်မိဘတွေက ကျုပ်ကို သတ်ကြလိမ့်မယ်"

သည်အသံ ... သည်ကောင်က အားကျန်း မဟုတ်လား။

"မင်းတို့ကို မင်းတို့တော့ အသုံးမဝင်မှန်း သိကြတယ်ပေါ့" ခယ်မ နှစ်က ပြောသည်။

"အာ...ခယ်မကလည်း အဲ့လိုမပြောပါနဲ့ဗျာ၊ တစ်ခုခုဖြစ်လာကြည့်ပါလား ကျုပ်တို့ကောင်တွေက ကြိုးစားပြီးရဲရင့်ကြပါတယ်ဗျ"

ခယ်မ နှစ်က မျက်စံကို လှည့်လိုက်တယ် သူမစိတ်ထဲမှာလည်း ရဲရင့်တာထက် ငွေရှာနိုင်မှုက ပိုအရေးကြီးတယ်လို့ပဲ မြင်သည်။  ကံကောင်းထောက်မစွာနှင့် သူမသည် အကိုလတ်ကို လက်ထပ်ခဲ့တာဖြစ်သည်။

"ရှင်တို့ ပြန်ကြတော့၊ အားသုန်းက ဒီနေ့အပြင်သွားမှာမဟုတ်ဘူး" လင်းရှိုချင်း စိတ်မ‌ရှည်စွာပြောလိုက်သည်။

"ငါလာပြီ၊ ငါဒီမှာ လာပြီ" ရီရောင့်သုန်း အမြန်ပြောလိုက်သည်။ အခုမှ သူ မပြော‌လျှင် သည်ကောင်တွေ သူ့မိန်းမဆီက အနှင်ထပ်ခံရတော့မည် ဖြစ်သည်။

ဘဝမှာ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းအနည်းငယ်သာမရှိရင် ဘယ်သူကနေနိုင်ပါ့မလဲ။ သူသည် သားတစ်‌ယောက်၊ ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်အနေနဲ့သာ တာဝန်မ‌ကျေခဲ့ပေမယ့် သူငယ်ချင်းအရကတော့ အတော်လေး ကံကောင်းခဲ့သည်။ ဒီသူငယ်ချင်းအုပ်စုသည် ဘဝတွင်များစွာမအောင်မြင်သော်လည်း သစ္စာရှိပြီး ရဲရင့်ကြသည်။

ငှက်အမွှေးများ အတူစုဝေးကြသကဲ့သို့ လူတို့သည်လည်း ၎င်းတို့၏ အမျိုးအစားအလိုက် သဘာဝအတိုင်း စု‌ဝေးကြသည်။

သူက ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားပေမဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ဖို့အထိ လိုအပ်မယ်မထင်မိပေ။

"ဟေ့ကောင် ရောင်သုန်း၊ ဒီနေ့ မင်းဘာလို့ မလာတာလဲကွ။ မနက်က မင်း ဘယ်‌ရောက်နေတာလဲ။ မင်းအိမ်ကို ငါလာတာတောင် မင်းကို မတွေ့ဘူး။ မင်းအဖေကို မေးတော့ သူက ငါ့ကို ကန်ထုတ်လုနီးပါပဲကွ"

"ငါ ကမာကောင်နဲ့ အခြားပင်လယ်စာတွေ စုဖို့ ပင်လယ်ကမ်းစပ်ကို ရောက်နေတာကွ၊ အခုကရော ဘာလို့ မင်းတို့နှစ်ယောက်ထဲပဲ ရောက်လာရတာတုန်း"

"အဲဒါ ဘာပျော်စရာကောင်းလို့လဲကွ။ ငါတို့ ငယ်ငယ်တုန်းက အတင်းလုပ်ခိုင်းလို့ လုပ်ရတာလေ ပင်ပန်းဖို့‌ကောင်းတာကြီးကို၊ လာဦး အားဂွမ်း ဒီမနက် မြွေဟောက်ဖမ်းမိထားတာ၊ ငါတို့ ပြင်ဆင်ထားပြီးသားကိုကွာ ချက်စားဖို့ မင်းကိုစောင့်နေကြတာကွ"

အခုပြောနေတဲ့သူကတော့ လင်းချန်းရောင် ဖြစ်ပြီး သူတို့အားလုံးက သူ့ကို "အသေးလေး" ဆိုတဲ့ နာမည်ပြောင်နဲ့ မကြာခဏ ခေါ်ဝေါ်ကြသည်။ ဘာကြောင့်လည်းဆိုတော့ တစ်ချိန်က အရှက်မဲ့စွာနဲ့ သူ့ကိုသူ အရွယ်ရောက်ပြီဟု ဆိုကာ သေးပေါက်နေချိန် သူတို့၏ အရွယ်အစားကို ပြိုင်ယှဉ်ရန် အခြားသူများကို စိန်ခေါ်ခဲ့သော်လည်း နောက်မှ သူ့ဟာကို သူ့ဇနီးသည်သာ မြင်နိုင်သည်ဟု ဆိုကာ ရှောင်ပြေးသွားလို့ပင်ဖြစ်သည်။

စောစောက ပြောခဲ့တဲ့သူကတော့ အားကျန်း ၊ လီရှောင်ကျန်း ဖြစ်ပြီး  နှစ်ယောက်စလုံး သူ့အိမ်သို့ အတူတူလာခဲ့ကြတာ ဖြစ်သည်။

ရီရောင့်သုန်းသည် သူ၏ ငယ်ဘဝ အမှတ်ရစရာများ သူ့ ရှေ့တွင် ကွက်ကွက်ကွင်းကွင်း ပေါ်လာသဖြင့် စိတ်လှုပ်ရှားသွားသည်။  "မင်းတို့ ဘယ်ကဖမ်းရတာလဲ။ ဘယ်လောက်လေးတာလဲ။ ငါတို့နောက်ထပ် ကြက်တစ်ကောင် ရှာဖမ်းပြီး လောင်းဖန်င်ဟင်းချို ချက်စားကြရအောင်"
(Lóngfèng = Dragon and Phoenix Soup)

"ဘယ်ကရတာဖြစ်မလဲ၊ ငါတို့ တောင်‌ နောက်ပိုင်းကနေပဲ ဖမ်းမိတာ‌ပေါ့ကွာ။ မနက်က မင်းကို ရှာမတွေ့လို့ မြို့ဘက်ကို မသွားဖြစ်ဘူး။ တောင်ပေါ်တက်ပြီး ဖရဲသီးတွေ မှည့်ပြီလားသွားကြည့်တာ မထင်မှတ်ပဲ မြွေဟောက်ကို ရှာတွေ့တာပဲ။ ဒါကြောင့် ဒီနေ့ညရှယ်စားရတော့မှာကွ"

"ဒါပေမယ့် အကောင်ကသိပ်မကြီးဘူးကွ၊ 1 jin နဲ့ 3 liang လောက်ပဲ ရှိတယ်"
(1 Jin = 500 gram, 1 Liang = 50 gram)

"1 jin ကျော်တောင်ရှိတာပဲ ကြက်တစ်ကောင်ပါထည့်လိုက်ရင်ရပြီး၊ လောင်းဖန်းင်ဟင်းချိုးတစ်အိုးက ငါ့တို့အတွက် လောက်ပါတယ်ကွာ" မြွေသားမစားရတာ ကြာပြီ ဖြစ်တာကြောင့် စားချင်စိတ်ကိုမျိုချရင်းပင် ပြောလိုက်သည်။

"ဒါဆိုလည်း အမြန်သွားရအောင်ကွာ၊ ငါတို့ လောင်းဖန်းင်ချက်ဖို့ဆို ကြက်တစ်ကောင်လိုလိမ့်မယ် ငါ့အိမ်ကဟာ သွားဖမ်းကြရအောင်" စိတ်လှုပ်ရှားစွာနဲ့ အား

ကျန်းက ရီရောင့်သုန်း လက်နှင့် အသေးလေးပခုံးအား ချိတ်ကာ သူ့ အိမ်ဘက်သို့ ဦးတည်ကာ သွားသည်။

"မင်းအမေဆီက အရိုက်ခံရမှာ မကြောက်ဘူးလားကွ"

"မနှစ်က ကြက်ဥဝယ်ဖို့ ငါ့ရဲ့ ကိုယ်ပိုင်ငွေကို သုံးပြီး သားဖောက်ဖို့ လုပ်ခဲ့တာလေကွာ၊ အဲ့အကောင်တွေက ငါ့အပိုင်ဖြစ်မယ်လို့ ငါတို့သဘောတူထားပြီးသား။ ပြီးတော့ ငါပဲ တစ်ချိန်လုံး ပြုစုစောင့်ရှောက်ပေးတဲ့သူပါကွာ၊ အခုမှတစ်ကောင်တစ်လေ ဖမ်းတာဘာမှမဖြစ်ပါဘူး"

"ငါလည်း မနက်က ပင်လယ်ဖရဲစေ့ပုံးတစ်ပုံးကို တူးထားတယ်ကွ ပြီး‌တော့ သဲဂုံး‌တွေ ထည့်ထားတဲ့ ပုံးတွေလည်း ကျန်သေးတယ်။ ငါတို့ ဟင်းနှစ်နဲ့ ကြော်ပြီး အရံဟင်းလုပ်လို့ရတယ်"

"ဒါဆိုလည်း အမြန်လုပ်လေကွာ"

မသိရင် အနားမှာ ဘယ်သူမှ မရှိသယောင် သုံးယောက်သား စကားပြောနေကြသည်။

ရီရောင့်သုန်းက နည်းနည်း နောက်ဆုတ်လိုက်ပြီး မျက်နှာပေါ်တွင် အေးစက်သော အမူအရာရှိသော လီရှိုချင်းဆီသို့ လှည့်ကြည့်လိုက်သည်။ သူက "အမ်... အားချင်း၊ ကိုယ်သူငယ်ချင်း တွေနဲ့ ခဏအပြင်သွားလိုက်အုံးမယ်။ ညစာစားဖို့ စောင့်စရာ မလိုဘူး။ ညနေပိုင်းလောက် စောစောပြန်လာခဲ့မယ်။ ကလေးက‌တော့ အိပ်ပျော်နေတုန်းပဲကွ။ သူ့ကို စောင့်ကြည့်ဖို့ မမေ့နဲ့အုံး"

စကားပြောရင်းနဲ့ နည်းနည်းတော့ သူမှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။  ကလေးထိန်းဖို့ ကူညီမယ်လို့ ကတိပေးခဲ့ပေမယ့် အခုတော့ သူ့သူငယ်ချင်းတွေ ခေါ်တာကြောင့်  သူ့ကတိကို ဖျက်လိုက်သလို ဖြစ်သွားသည်။

ဒါပေမယ့် သူတို့အားလုံးက ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့ သူငယ်ချင်းဟောင်းတွေလေ။ အားကျန်း နဲ့ အသေးလေး တို့က နောက်နှစ်အနည်းငယ်မှာ တခြား

နေရာတွေကို အလုပ်သွားကြပြီး နှစ်အတော်ကြာအောင် ပြန်မလာခဲ့ကြပေ။ တခြားသူတွေလည်း ထိုနည်း၎င်းပဲ။

ပြန်လည် မွေးဖွားလာပြီးနောက် သူသည်လည်း သည်သူငယ်ချင်း အုပ်စုနှင့် ကောင်းကောင်းနေချင်သေးသည်။

လင်းရှိုချင်းလည်း အနည်းငယ် ဒေါသထွက်ကာ သူ့ကို လျစ်လျူရှုပြီး ကလေးကို စောင့်ကြည့်ရန် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

မနက်တုန်းက ပင်လယ်စာများကို စုဆောင်းနေချိန်တွင် အနည်းငယ် သူကို စိတ်ချမိသွားသည်။ ဒါပေမယ့် သူ့အ‌ပေါင်းအဖော်များ ရောက်လာသည်နှင့် တပြိုင်နက် သူ့အရင်ပုံစံကို ပြန်ပြောင်းသွားခဲ့သည်။ ဒေါသဖြစ်စရာကို အကြောင်းမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောမိ၏။ နှစ်တွေ ကြာလာတာနဲ့အမျှ သူမရဲ့စိတ်ရှည် သည်းခံမှုတွေက လျော့ပါးလာခဲ့ပြီး အဲ့အကြောင်းကို သိပ်ပြီး မ‌တွေးဖြစ်အောင် သူမ ကြိုးစားခဲ့သည်။


၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now