Chapter 21

1.5K 138 1
                                    

အပိုင်း (၂၁)


အားကျန်းက ရီရောင့်သုန်းရဲ့ ပါးတွေကို ဘယ်ညာ ဖျစ်ညှစ်ပြီး "ငါတို့ အားလုံး ပင်လယ်ကမ်းစပ်မှာ နေနေကြတာ ဘာလို့လဲ မင်းက တခြားသူတွေလို အသား မညိုရတာလဲ၊ ငါသာ မင်းလောက် ဖြူရင် အခုလို တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေမှာ မဟုတ်ဘူး"

"အသားဖြူဖို့ တစ်ခုပဲ လိုတယ် ထင်နေတာလား"  ရီရောင့်သုန်းက အားကျန်းရဲ့ခေါင်းပေါ်ကို လက်ကို တင်လိုက်ပြီး ရက်စက်စွာ သူ့ပခုံးဆီသို့ လက်အမူအရာ ပြလိုက်သည်။

အားကျန်းမှာတော့ ဒေါသတကြီးဖြင့် "ဟင့်အင်း၊ ငါအရပ်က 170 cm ရှိတယ်ကွ"

"169 က 170 လား"

"အဲ့ဒါက ၁၇၀ ပဲ"

"ဟားဟားဟား~~"

လူတိုင်း၏ အရွှန်းအဖောက်ပြောင်ပြောင်တင်းတင်း မှတ်ချက်များကြောင့် လေထုဟာ သက်ဝင်လှုပ်ရှား‌နေပြီး စိတ်ဓာတ်တက်ကြွစေသည်။

ရီရောင့်သုန်းသည် အချိန် အတော်ကြာအောင်ပင် အေးအေးဆေးဆေး သူ့သူငယ်ချင်းများနှင့် ရယ်မောနေခဲ့သည်။ သူ့ဘဝ၏ နောက်ဆုံးချိန်တစ်ဝက်ဟာ အသက်မွေးဝမ်းကြောင်းအလုပ်တွေနဲ့ ချုပ်နှောင်ခံခဲ့ရသည်။ သူဘာကြောင့် ငယ်ရွယ်စဉ်တွင် ပြင်းပြင်းထန်ထန် မကြိုးစားခဲ့တာလဲဟု နောင်တများရခဲ့ပြီး ထိုရွေးချယ်မှု၏ အကျိုးဆက်များကို ငြီးငွေ့စွာခံခဲ့ရသည်။

စားသောက်ပြီးနောက် ကောင်းကင်ကြီးသည် မှောင်စပြုနေပြီး စားပွဲပေါ်တွင်လည်း ခွက်အလွတ်များ၊ ပန်းကန်များဖြင့် ပြည့်နေသည်။

ရီရောင့်သုန်းက ကျေနပ်စွာဖြင့် "မင်းတို့တွေ သန့်ရှင်းရေးလုပ်ကြ၊ ဖက်တီးနဲ့ ငါက နေ့ခင်းကတည်းက

အလုပ်‌တွေ လုပ်ထားရတာ"

"ကိစ္စမရှိဘူး၊ ရှင်းဖို့ ထားထားလိုက်"

"အဓိပ္ပာယ် မရှိတာ၊ မင်းက မင်းညီမတွေကို သန့်ရှင်းရေးလုပ်ခိုင်းမှာ သေချာတယ်။ အပြင်မှာ မမှောင်သေးဘူး ပြီးတော့ ငါတို့ဒီနေ့အရက်လည်း မသောက်ထားဘူး၊ အခုပဲအိမ်ထဲဝင်ပြီး သန့်ရှင်းရေးသွားလုပ်ကြရအောင်" ဟု ရီရောင့်သုန်းက ပြောသည်။ သူ၏ ရင့်ကျက်မှုနှင့် အတွေးအခေါ်သည် အရင်ငယ်ရွယ်သော နေ့ရက်များနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ တိုးတက်လာသည်။  သူတို့သည် စားသောက်ဆိုင်တွင် မဟုတ်၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင်နေကြသော လူပုဂ္ဂိုလ်များဖြစ်တာကြောင့် သူကိုယ်တိုင်သာ သန့်ရှင်းရေးလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

"ဟုတ်ပြီ၊ ဟုတ်ပြီ ငါတို့တစ်ယောက်ချင်း နည်းနည်းစီလုပ်တာပေါ့၊ ဘယ်လောက်မှတောင်ကြာမှာမဟုတ်ဘူး"

သူ့ စကားကြောင့် သန့်ရှင်းရေးလုပ်ရန် ပန်းကန်လုံးနှင့်တူ အနည်းငယ်မျှသာ ရှိကြောင်း သဘောပေါက်သွားကြသည်။ ဒါက သာမန် ရိုးရှင်းသော အလုပ်တစ်ခုသာ မဟုတ်ပါလော။

"အိုးထဲမှာ လောင်းဖန်င်ဟင်းချိုတွေ ကျန်သေးတယ်။ စားချင်သေးလား? နည်းနည်း‌တော့အေးနေပြီ"

ရီရောင့်သုန်း ငုံ့ကြည့်လိုက်သည်။  အသားသိပ်မကျန်တော့ပေမယ့် ဟင်းချိုကတော့ ကောင်းသေးသည် "ငါ့ မိန်းမနဲ့ သားတွေဖို့ ပန်းကန်တစ်လုံးစာလောက် ပေးကွာ"

"နည်းနည်းပိုသေးရင် ငါ့အတွက်ပါ ထည့်ပေးလိုက်" ဟု အသေးလေး ပြောသည်။

ကျန်တဲ့သူတွေကတော့ မတောင်းကြ‌ပေ။ တချို့မှာ မယားနှင့် သားသမီး မရှိကြသော်လည်း အချို့မှာ ဖက်တီးကဲ့သို့ သက်တောင့်သက်သာဘဝကို နေထိုင်ကြရပြီး စားရေးသောက်ရေး အတွက် စိတ်ပူစရာ မလိုပေ။

ငယ်သူငယ်ချင်းများ ဖြစ်တာကြောင့် တစ်ယောက်ယောက်က နည်းနည်းပိုယူရင်တောင် စိတ်ထဲ ဘာမှမကွာခြားသွားပေ။ ဒါကို လူတိုင်းက နားလည်ပြီး အစားအသောက် ဝေမျှတာနဲ့ပတ်သတ်၍ စိတ်ထဲမထားကြ။

ရီရောင့်သုန်းသည် အသား အနည်းငယ်နှင့်အတူ ဟင်းချို ပန်းကန်လုံး တစ်လုံးကို သယ်ပြီး အခြားသူများထက် ခြေတစ်လှမ်းစောကာ အိမ်ပြန်ခဲ့သည်။

အားဂွမ်းတို့ အိမ်သည် သူတို့အိမ်နှင့် သိပ်မဝေးသော တောင်ခြေရင်းတွင် တည်ရှိသည်။ ဆယ်မိနစ်ခန့် လမ်းလျှောက်ရသော်လည်း ဟင်းရည်ပန်းကန်ကို သတိထားကိုင်ကာ မှောက်ကျမည်ကို စိုးရိမ်သောကြောင့် အမြန်လမ်းမလျှောက်ရဲပေ။

အိမ်ပြန်ရောက်တော့ မှောင်နေပြီ ဖြစ်သည်။  အိမ်နီးနားချင်းများသည် ညမှောင်ပြီးနောက် လုပ်စရာ များများစားစား မရှိသဖြင့် မီတာခ သက်သာ
သောကြောင့် အိပ်ရာဝင်ကြသည်။ သူတို့အိမ်လည်း မီးတွေ ပိတ်ထားသည်။

သူ တံခါးကို တွန်းဖွင့်လိုက်သည်။ "ဟာကွာ၊ သော့ခတ်ထားတယ်ဟ၊ ဘယ်သူက သော့ခတ်ထားတာတုန်း"

အသက်ရှုသံအနည်းငယ်ဖြင့် ကျိန်ဆဲရေရွတ်ရင်း သူ့အခန်းရှိရာ ဘက်ခြမ်းသို့ လျှောက်သွားသည်။  ပြတင်းပေါက်ဖွင့်ထားသည်ကို သူသတိပြုမိသော်လည်း အတွင်းမှ အသံမကြားရပေ။

သူက ပြတင်းပေါက်ကို အသာအယာပုတ်ပြီး "အားချင်း၊ အားချင်း? အိပ်ပျော်နေပြီလား? ငါ့အတွက် တံခါးဖွင့်ပေးလို့ရမလား၊ သော့ခတ်ထားတယ် ငါဝင်လာလို့မရဘူး"

"ဖေဖေ"

"ဖေဖေ"

ကလေးနှစ်ယောက် မျက်လုံးမှိတ်ထားသော်လည်း နိုးနေသေးသည်။ ပြတင်းပေါက်မှ ရုန်းရင်းဆန်ခတ်သံကို ကြားရသောအခါ ကုတင်ပေါ်မှ အမြန်ထလိုက်ကြသည်။

လင်းရှိုချင်းသည် ဒေါသ ပေါက်ကွဲထွက်လုနီး ဖြစ်နေပြီ ဖြစ်သည်။ သူမသည် ကလေး နှစ်ယောက်ကို အိပ်စက်ရန် မနည်း ချော့ထားခဲ့ရပြီး ယခုအခါ ထပ်မံ အနှောင့်အယှက်ခံရပြန်သည်။

သည်လူကတော့ ...

"မင်းတို့ နိုးနေသေးတာလား။ အချိန်ကောင်းပဲ၊ မင်းတို့အတွက် အရသာရှိတဲ့ အစားအစာတွေကို ငါယူလာတယ်။ ငါ့အတွက် တံခါးဖွင့်ပေးဖို့ မင်းအမေကို မြန်မြန်ပြောပေး"

အရသာရှိတဲ့ အစားအစာတွေအကြောင်း ကြားတာနဲ့ သားအကြီးဆုံးရဲ့ စိတ်ဓာတ်တွေ မြင့်တက်လာတယ်။ "မေမေ၊ တံခါးမြန်မြန်ဖွင့်ပေးပါ၊ ဖေဖေ ဝင်လာလို့ မရဘူး"

"ဟုတ်ပြီ၊ မင်းရဲ့အသံတွေကို နှိမ့်ထား တခြားသူတွေအနားယူနေကြတယ်။ ငါ တံခါးသွားဖွင့်လိုက်မယ်။ အထဲမှာပဲ ငါ့ကို စောင့်နေ"

လင်းရှိုချင်းသည် ဖိနပ်တစ်ရံကို ကောက်စီးလိုက်ပြီး တံခါးကို အခြားသူများ စိတ်အနှောင့်အယှက်မဖြစ်စေရန် တတ်နိုင်သမျှ  ဂရုတစိုက်ဖွင့်သည်။ အဖေရီ နှင့် ရီရောင့်ဖုန်သည် ညနှောင်းပိုင်းတွင် ပင်လယ်ပြင်သို့ ထွက်ခဲ့ရသောကြောင့် အိပ်ပျော်နေပြီဖြစ်သည်။

ရီရောင့်သုန်းသည် အိမ်ရှေ့ တံခါးဝတွင် ရပ်ကာ မိန်းမဖြစ်သူ မကျေမနပ်မျက်နှာဖြင့် တံခါးဖွင့်နေသည်ကို ကြည့်နေလေသည်။  သူက စိတ်ရှည်ရှည်နဲ့ ချော့ပြီး "စိတ်မဆိုးပါနဲ့ကွာ။ နောက်တစ်ကြိမ် စောစောပြန်လာမယ်လို့ ကတိပေးတယ်။ ကိုယ် မင်းအတွက် လောင်းဖန်င် ဟင်းရည် ယူလာပေးတယ်။ နွေးနွေးထွေးထွေးဖြစ်သွားအောင် ပြန်နွှေးလိုက်အုံး'

"လောင်းဖန်င်ဟင်းချိုက ဘာလဲ"

"မြွေဟောက်ကို ကြက်သားနဲ့ပြုတ်ပြီး နံရိုးပါ အပိုထည့်ထားသေးတာ။ ရင်အေးစေပြီး အာဟာရဖြစ်စေတယ်။ မင်းတို့အတွက် ဟင်းရည်နည်းနည်းယူလာပေမယ့် အေးသွားပြီ။ အပူပြန်ပေးလိုက်။ ဒါနဲ့ ဘယ်သူက သော့ခတ်ထားလဲ။ တမင်သက်သက် လုပ်ထားတာလား"

လင်းရှိုချင်းက ဟင်းချိုကို ယူလိုက်ပြီး "ကွကိုယ်စဉ်းစားကြည့်ပေါ့" လို့ ပြောလိုက်သည်။

"အမေက သော့ခတ်ထားတာလား"

"ဟုတ်တယ်၊ တံခါးမဖွင့်ဖို့နဲ့ ရှင့်ကို တံခါးအပြင်မှာ အိပ်ခိုင်းဖို့ မှာထားတာ"

ရီရောင့်သုန်း : အမေကတော့။

"ဟင်းကို နွှေးထားလိုက် ကိုယ်ရေချိုးဖို့ အိမ်နောက်‌ဖေးကို သွားလိုက်ဦးမယ်"

သည်လို ပူတဲ့နေ့တွေမျိုးမှာ ရေနွေးပင် မလိုပေ။ သူသည်

နောက်ဖေးတံခါးသို့သွားပြီး ရေပုံးတစ်ပုံးကို ဖြည့်ကာ လန်းဆန်းစွာ ရေချိုးလိုက်သည်။

အိမ်ထဲသို့ ပြန်ဝင်လာသောအခါ မီးဖိုထဲရှိ မှိန်ဖျော့ဖျော့တောက်နေသော မီးတောက်တစ်ခုကြောင့် ပင်မခန်းထဲတွင် အလင်းရောင်ဖျော့တော့လေးရှိနေသည်။ အိပ်ခန်းတံခါးအောက်က အက်ကွဲနေ‌သောနေရာလေးမှ အလင်းရောင်ကို မြင်နေရသည်၊ အထူးသဖြင့် ယခုလိုညအမှောင်မှာ ပို၍ ထင်ရှားသည်။

အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့ အိပ်ရာဘေးမှာ ထိုင်ကာ ကလေးနှစ်ယောက်ကို မုန့်‌ခွံ့နေသော လင်းရှိုချင်းကို တွေ့လိုက်ရသည်။ ကလေးများသည်လည်း ပါးစပ်ကိုဖွင့်ကာ တစ်ဇွန်းပြီးတစ်ဇွန်း စားနေကြသည်။

"နွှေးတောင်နွှေးပြီးပြီလား"

"ဟုတ်တယ်၊ အခုလိုပူတဲ့နေ့မျိုးမှာ အရမ်းကြီးအပူပေးဖို့ မလိုဘူး၊ ဆူတဲ့ထိမထားပဲ နည်းနည်းပူရုံ

လောက်နဲ့ရတယ်"

"ဖေဖေ၊ ဒါက ဘယ်အသားလဲ။ အကုန်အရိုးတွေကြီးပဲ အရသာလဲ မရှိဘူး"  စားနေရင်းနှင့်ပင် အကြီးဆုံးသားက ညည်းညူသည်။

"အရသာ မရှိရင် ဘာလို့ တစ်ကိုက်ပြီးတစ်ကိုက် စားနေ‌သေးလဲကွ၊ စားပြီးရင် သေးသွား‌ပေါက်၊ ပြီးရင် အိပ်တော့၊ ဒီည အိပ်ယာ‌ပေါ်သေးပေါက်ချရင် ရိုက်မှာ"

"သား အိပ်ရာပေါ် သေးမပေါက်ချဘူး"

ရီရောင့်သုန်း ဘောင်းဘီတို တစ်ထည်ကို ယူကာ ကုတင်ဘေးသို့ လျှောက်သွားက ဝတ်လိုက်သည်။ ထို့နောက် သူချွတ်ထားတဲ့ အဝတ်အစားတွေကို ထိုင်ခုံထောင့်မှာ ချလိုက်ကာ ကုတင်ပေါ်သို့ တက်လှဲလိုက်သည်။

"ကဏန်းပြာ နှစ်ကောင်ကို ဒီနေ့ဘယ်လောက်နဲ့ရောင်းလိုက်လဲ"

"တစ်ယောက်ကို ယွမ် ၁.၅၀ နဲ့ ရောင်းရတယ်။ အမေက ကျွန်မကို ပိုက်ဆံတွေပေးတယ်၊ သိမ်းလည်းသိမ်းထားတယ်။"

အာ၊ အရမ်းစျေးပေါတာပဲ။

"မင်းတို့အမေအတွက်လည်း ချန်ထားအုံး၊ အကုန်စားမနေနဲ့"

လင်းရှိုချင်းက ညင်ညင်သာသာဖြင့် ပြောပြီး "ရပါတယ်၊ စားချင်ရင် အကုန်စားလို့ရတယ်"

သိပ်မကြာခင်ကမှ ထမင်းစားပြီးတာမို့ ကလေးနှစ်ယောက်သည် ဗိုက်သိပ်မဆာတော့ချေ။ ဟင်းချိုအနည်းငယ်သောက်ပြီး အစာစားချင်စိတ်မပျောက်မီ အသားနှစ်ပိုင်းကိုသာ စားခဲ့သည်။

"သူတို့ မစားတော့ဘူး၊ မင်းစားလို့ရပြီ ငါက အပြင်မှာ စားလာပြီးပြီ"

"အို့"

ညလယ်စာ စားပြီးနောက် ကလေးနှစ်ယောက် ကုတင်ပေါ်တွင် ခုန်ပေါက်ဆော့ကစားကာ ရယ်မောကာ နောက်ပြောင်နေကြသည်။ သူတို့ ဂရုမစိုက်မိလိုက်ခင်အခိုက်အတန့်မှာပဲ  ရီရောင့်သုန်းရဲ့ ခြေထောက်ကို မတော်တဆ နင်းမိပြီး နှစ်ယောက်စလုံး သူ့အပေါ်ကို ပြုတ်ကျလာသည်။

ရီရောင့်သုန်း တိုးတိုးလေး ညည်းလိုက်မိသည်။ ကံကောင်းထောက်မစွာပဲ သူ့ရဲ့ ထိလွယ်ရှလွယ်နေရာကို အချိိန်မှီလက်နှင့် ဖုံးအုပ်လိုက်တာကြောင့် ထိုနေရာကို မထိခိုက်‌မိပေ။

သူ‌တို့၏ ဖင်ပြောင်ပြောင်လေးကို တစ်ချက်စီရိုက်လိုက်ပြီး "အိပ်ရာထဲ ပြန်ဝင်အိပ်တော့၊ မဆော့ရတော့ဘူး" လို့ ပြောလိုက်သည်။

"ဟင့်အင်း သား အိပ်လို့ မရဘူး"

"မင်း တစ်နေကုန် ကစားထားတာတောင် အိပ်မပျော်သေးတာလား။ အိပ်မပျော်ရင်တောင် ကိုယ့်နေရာနဲ့ကိုယ် လှဲနေလိုက်"

သူ၏ သြဇာအောက်တွင် ကလေးနှစ်ယောက်သည် နာခံမှုဖြင့် ဘေးချင်းယှဉ်လျက် လှဲကြသည်။

လင်းရှိုချင်းသည် လက်ကျန်ဟင်းရည်နှင့် အသားများကို အပြီးသတ်လိုက်ပြီး မီးပိတ်၊ ခြင်ထောင် ချကာ ရီရောင့်သုန်း‌ဘေးတွင် လှဲလိုက်သည်။ ကလေးနှစ်ယောက်၏ ရင်ဘတ်ကို ပုတ်ပြီးပွတ်သပ်ပေးကာ အိပ်ပျော်စေခဲ့သည်။

အစပိုင်းတော့ ကလေးနှစ်ယောက်က အိပ်မပျော်ဘူးဟု ပြောကြပေမယ့် ခဏအကြာမှာတော့ အိပ်ပျော်သွားကြသည်။

ရီရောင့်သုန်းသည် သူ့ဘေးတွင် လဲလျောင်းနေသည့် လရောင်အောက်ရှိ သူ့မိန်းမကို ကြည့်မိသည်။ အင်္ကျီ ချိုင်းပြတ်နှင့်ဘောင်းဘီတိုသာ ဝတ်ထားပြီး သူ့ကို နောက်‌ကျောပေးထားသည်။ သူ့ရင်ထဲတွင် လှုပ်ရှားနေသော သွေးဆောင်မှုလေးကို ခံစားလိုက်ရသည်...

ဒါပေမယ့် သူက ချီတုံချတုံဖြစ်ပြီး သူ့လက်ကို လှမ်းမကိုင်ရဲပေ...

ရုတ်တရက် သူမကထထိုင်လိုက်တော့ "ဘာဖြစ်လို့လဲ" ဟု ခပ်မြန်မြန် မေးလိုက်မိသည်။

လင်းရှိုချင်းက သူ့ကို နားမလည်သလို စိုက်ကြည့်ကာ "အိပ်နေကြတယ်လေ"

သူမသည် တခြားဘက်ခြမ်းသို့ ပြောင်းကာ သူ့ကိုခြေထောက်ပေးပြီး လှဲလျောင်းလိုက်သည်။

ကုတင်ပေါ်တွင် လူလေးယောက် ဘေးချင်းကပ်လျက် အိပ်ရသည်မှာ အဆင်မပြေကြောင်း ရီရောင့်သုန်း သတိထားမိသည်။ ဒုတိယကလေးမွေးပြီးကတည်းက သူ့မိန်းမသည် ကလေးတွေကို တစ်ဖက်မှာအိပ်ခိုင်းပြီး နောက်တစ်ဖက်ကို တွားသွားကာ သူတို့ကြားက နေရာအကျယ်ထားပေးသည်။

အံသြစရာပဲ၊ လက်ကို ဆန့်ရုံနဲ့တင် သဘာဝအတိုင်းလုပ်လို့ရတာကို ...

ယခုမူ သူကိုယ်တိုင်ထ၍ အခြားတစ်ဖက်သို့ ပြောင်းရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now