Chapter 22

1.6K 137 1
                                    

အပိုင်း (၂၂)


သတိပေးချက် - ထွေးထွေးဝင်ဝင် ရေးထားသော လိင်ပိုင်းဆိုင်ရာ အရေးအသား မဟုတ်ပေမယ့် သက်‌တောင့်သက်သာ ဖြစ်မှသာ ဖတ်ကြရန်။

လင်းရှိုချင်းသည် သူ၏ လှုပ်ရှားမှုကို သတိထားမိပြီး သူဘာလုပ်ရန် ကျန်ရွယ်နေသည်ကို နားလည်သွားသည်။  သူမသည် ချက်ချင်းပင် တစ်ဖက်လှည့်ကာ ရှောင်ထွက်သွားသည်။

ရီရောင့်သုန်းက သူ့လက်ကို သူမ ခါးပေါ်တင်လိုက်ပြီး "အားချင်း ကိုယ်တို့ ခဏနေမှ အိပ်ကြရအောင်၊ စောပါသေးတယ်၊ ၇ နာရီကျော်ပဲ ရှိသေးတာကို"

"ဘာစောလဲ၊ မနက်ဖြန် အလုပ်အတွက် စောစောထရအုံးမယ်၊ ရှင့်ဘာသာရှင် အိပ်"

ဒါက သူ့မိန်းမလေ၊ အိပ်ချင်နေမှတော့လည်း ဘယ်လို တားရပ်ပါ့မလဲ။

ရီရောင်သုန်း တိုက်ရိုက်သာ လှုပ်ရှားခဲ့သည်။

ပါးစပ်ကသာ မကျေမနပ်ဖြစ်နေပေမယ့် လင်းရှိုချင်းအပြည့်အဝ မငြင်းနိုင်၊ နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်သည် ။ သူမ စောနကစားလိုက်မိတာကိုတောင်နောင်တရမိသွားသည်။

သူမ၏နားရွက်လေးကိုကိုက်ငုံလိုက်ကာ သူ့ခန္ဓာကိုယ်ကို သူမနောက်သို့ ချိန်ညှိပြီး ကပ်ထားသည်။

"ရှင်...မြန်မြန်လုပ်"

"နားလည်ပြီ"

အချိန် အတော်ကြာ ကြိုးကြိုးစားစား အားထုတ်ပြီးနောက် သူတို့၏ အဓိက ဇာတ်လမ်းသို့ ဝင်ရန် ကြံရွယ်နေချိန်တွင် ရီ‌ရောင်သုန်း နာကျင်မှုနှင့်တကွ သာယာကြည်နူးနေပုံရသော မျက်နှာထားဖြင့် မျက်ခုံးမွှေးများကို ပင့်တင်လိုက်သည်။  သူ့ကိုသူ တိတ်တိတ်လေး ကျိန်ဆဲနေမိသည်။

သေရော။

"ရှင် အဆင်ပြေရဲ့လား"

မိန်းမ၏ အံ့အားသင့်နေသည့် အကြည့်နှင့် လေသံကို ကြုံလိုက်ရရင်း၊ ရှက်ရွံ့စွာ သူ့မျက်နှာပေါ်တွင် အဆင်မပြေသည့် အမူအရာတစ်ခု ပေါ်လာပြီး "မင်းပဲ ငါ့ကို မြန်ခိုင်းတာလေ"

လင်းရှိုချင်း စက္ကန့်ပိုင်းလောက် အံ့ဩသွားကာ “ဟုတ်ပြီ၊ ဒါဆိုလည်း ရှင့်နေရာရှင် ပြန်သွား‌တော့” လို့ပြောလိုက်သည်။

ရှင်းပြရန် လိုအပ်သည်ဟု သူ ခံစားရ၍ "ငါ နည်းနည်း ပင်ပန်းနေတာ၊ ခဏလောက် အနားယူပြီး ပြန်လာခဲ့မယ်"

နေ့တိုင်း အိပ်လိုက်စားလိုက် ဘာမှ မလုပ်ဘဲနေတဲ့သူက ပင်ပန်းတယ်လို့ ပြောဖို့ သတ္တိရှိတာလား? သူမ ပြန်လည်တုံ့ပြန်ရန်ပင် စိတ်မကူးဘဲ သူ့ကို အတင်း တွန်းဖယ်လိုက်သည်။

ရီရောင်သုန်းသည် သူ၏ ယောက်ျားမာန ထိခိုက်သွားသလို ခံစားလိုက်ရသည်!

ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် မလုပ်ဘဲနေလာခဲ့ပြီး ချက်ခြင်းဆိုသလို ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိသွားသဖြင့် စိတ်လှုပ်ရှားကြသည်မှာ သာမန်ပင်...

မကြာသေးမီက သူ ပြုလုပ်ခဲ့သည့် လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ခံစားချက်ထဲတွင် နစ်မြုပ်နေသေးသော်လည်း မိန်းမကမူ သပ်ရပ်စွာ အ၀တ်အစားများ ပြန်ဝတ်ထားပြီး သားနှစ်ယောက် ဘေးတွင် လှဲလျောင်းနေသည်။

"ဘာလို့ အဲ့မှာအိပ်နေတာလဲ။ ဒီကိုလာပြီး အတူတူအိပ်လေ"

"အာ၊ ဒီကို လာခဲ့‌လေ၊ ဟမ် ငါတို့ အတူတူ မအိပ်ရတာကြာပြီ"

"ကြားလား ဒီကို လာအိပ်"

"ဘာလဲ ကိုယ် ကောင်းကောင်း မစွမ်းဆောင်နိုင်လို့လား။ မင်းပဲ ကိုယ့်ကို အမြန်လုပ်ခိုင်းတာ မဟုတ်ဘူးလား"

လင်းရှိုချင်း ခေါင်းမူးသွားသည်။ စကားစမြည်ပြောသည်ကနေ အဘယ်ကြောင့် ထိုအ‌ ခြေအနေသို့ လှည့်သွားသည်ကို အံ့သြမိသည်။

"ရှင် ပါးစပ်ပိတ်ပြီ အိပ်တော့"

"အိပ်လို့မရဘူး။ ဒီကိုလာ စကားပြောရအောင်"

"နေ့လည်မှ စကားပြောမယ်"

"နေ့ခင်းဘက်ဆိုရင် ကလေးတွေကို ပြုစုရတာနဲ့ မဟုတ်ရင် ငါးဖမ်းပိုက်တွေနဲ့ အလုပ်ရှုပ်နေတာလေ၊ မနက်ဖြန်လည်း မင်းက ပင်လယ်ကို ထပ်သွားအုံးမယ်။ ဒီကို မြန်မြန်လာ..."

သူ ပြောနေတဲ့ပုံစံက မသိရင် ဒါက သူမ အပြစ်ကြနေတာပဲ ဒါပေမယ့် အိမ်မှာ အမြဲလိုလိုမရှိတာက ဘယ်သူလဲ။

"လာ၊ လာ~"

"မင်း မလာရင် ငါ ဒီမှာပဲ အိပ်လိုက်မှာနော်"

သူမ နှုတ်ဆိတ်နေပြီး တုံ့ပြန်ခြင်းမရှိတာကို မြင်လိုက်ရတော့ ရီရောင်သုန်းဟာ သူ့ဘာသာသူ သွားဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့မှန်း သိသွားသည်။

"ရှင် ဘာလုပ်နေတာလဲ။ ရှင် ဘယ်လိုဖြစ်လို့ နှောက်ယှက်နေတာလဲ၊ ရှင့်ဘက်ကနေရာမှာပဲ လှဲအိပ်နေလေ ဘာလို့လှုပ်ယွနေတာလဲ" ဟု ဆိုကာ သူမ သူ့ကို စိတ်မရှည်စွာ စိုက်ကြည့်လိုက်သည်။

စိတ် အနှောက်အယှက် ဖြစ်စရာပဲ။ ညဘက်ကြီး ဆေးမှားသောက်ထားတာလား။ ဒီလို အချိန်ကြီးကို သူနဲ့ စကားပြောဖို့ ဘာကြောင့် တွန်းအားပေးနေတာလဲ။ သူမကို ခဏလောက် အနားယူခွင့် မပြုနိုင်လောက်

အောင် အရေးကြီးတာက ဘာလဲ။

ရီရောင်သုန်းသည် သူမကို ပွေ့ဖက်ပြီး ပြုံးကာ သူမဘေးတွင် လှဲသည်။ သူမ ခန္ဓာကိုယ်မှ ဆပ်ပြာရနံ့လေးကို ရှူရှိုက်ရင်း အေးချမ်းမှုတစ်ခု ခံစားလိုက်ရသည်။

"ရှင် မပူဘူးလား။ ဒီလောက် လူ‌တွေ ကျပ်သိပ်နေတာ၊ အပြင်မှာ ဒီလောက်ပူနေတာကို အတင်းကပ်နေခိုင်းတာ၊ ဟုတ်ပြီ၊ ရှင်ဒီမှာ အိပ်လို့ရတယ်၊ နောက်တစ်ဖက်မှာ ကျွန်မအိပ်မယ်။"

"မဟုတ်ဘူး၊ အဆင်ပြေတယ်။ ပြတင်းပေါက်လည်း ဖွင့်ထားတာပဲ အေးပါတယ်၊ အရမ်းလည်း မပူဘူး"

ယခု အချိန်တွင် သူတို့အိမ်၌ လေအေးပေးစက်မရှိသလို ပန်ကာတောင် မရှိ‌ပေ။ သို့သော် သူတို့နေထိုင်သော ကျေးလက်ဒေသသည် အေးမြပြီး လေရရန် လက်လုပ်ယပ်‌တောင်ဖြင့် ခပ်နိုင်သည်။

လင်းရှိုချင်း၊ သူမ၏ ခါးပေါ်ရှိ လက်ကို ပုတ်ချ
သော်လည်း ရီရောင်သုန်းက မလွှတ်‌ပေးချေ။ သူသည် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ခြေတချောင်းပင် တင်ထားလိုက်သေးသည်။ သူမကို ချုပ်နှောင်ထားကာ ဝေးရာသို့ မထွက်နိုင်အောင် တားမြစ်ထားသည်။

"ဒီအချိန်ကြီး ရှင် ဘာဖြစ်နေတာလဲ။ ကျွန်မကို အိပ်လို့မရအောင် ကြိုးစားနေတာလား"

"ခဏနေမှ အိပ်ရအောင်"

"ရှင်က အလုပ်မလုပ်ပေမယ့် ကျွန်မကအလုပ်အတွက် စောစောထရမယ်။ ကျွန်မကိုမနှောင့်ယှက်ပါနဲ့"

"ကိုယ်လည်း အလုပ်လုပ်ပါတယ်။ မနက်ဖြန် မင်းနဲ့အတူ ပင်လယ်စာတွေစုဖို့ လိုက်ခဲ့မယ်လေ ကလေးတွေကိုလည်း ကူကြည့်‌ပေးမယ်"

သူမ သူ့ကို ယုံလား။ လုံးဝ မယုံဘူး။ နေ့ခင်းဘက်တောင် ခဏလောက် မနေနိုင်ဘဲ ကလေးတွေကို
ကြည့်ပေးမယ်လို့လာ ပြောနေသည်။

"ကျွန်မကို မထိနဲ့၊ လျှောက်ပြောနေတာတွေ တော်တော့" လင်းရှိုချင်းသည် သူ့ရဲ့မငြိမ်မသက်ဖြစ်‌နေသောလက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့တွင် သူမနှင့် စကားပြောလိုသော ဖြူစင်သည့်ရည်ရွယ်ချက် မရှိမှန်း ကောင်းကောင်းသိသည်။

"လိမ္မာစမ်းပါ၊ ကလေးတွေကို နှိုးမနေနဲ့။ နိုးသွားတာနဲ့ မင်းပဲ သူတို့ကို ပြန်အိပ်ဖို့ အချိန်အတော်ကြာအောင် ချော့ရလိမ့်မယ်"

ထိုစကားကြောင့် သူမသည် မရုန်းကန်ရဲတော့ပေ။  ကလေးတွေကို အိပ်အောင် မနည်း ကြိုးပမ်းခဲ့ရတာကြောင့် မနိုးစေချင်။ သူတို့နိုးသွားပါက သူမတကယ် စိတ်ညစ်သွားလိမ့်မည်။ ထို့ကြောင့် သူမသည် သူလုပ်သမျှကို တုံ့ဆိုင်စွာဖြင့် ပြန်တုန့်ပြန်လိုက်သည်။

ရောင်သုန်းသည် သူမ၏ နာခံကို အလွန် ကျေနပ်ပြီး အခြေအနေကို အခွင့်ကောင်းယူကာ "ကလေးတွေ မနိုးအောင် တစ်ခြားဖက်မှာ လှဲလိုက်ကြရအောင်" ဟုဆိုသည်။

သူမ မ‌ရွှေ့ချင်ပေ။

ဒါပေမယ့် သူမ မရွှေ့ရင် သူ့က ဆွဲထူလိမ့်မည်။

လင်းရှိုချင်း သူ့လက်ကို လွှတ်လိုက်ပြီး လှုပ်ရှားနေသည့် သူမ၏ သားကို ကြည့်လိုက်သည်။  သူမသည် သူ့ကို တင်းမာသောအကြည့်ဖြင့်သာ ကြည့်လိုက်ပြီး ခြေရင်းဘက်ရှိအနီးရှိ ကုတင်တစ်ဖက်အစွန်းသို့ တုံ့ဆိုင်းစွာသွားခဲ့သည်။

သူ အခွင့်အရေး ထပ်ရပြီ။

ဒါပေမယ့် ကုတင်က အသံမြည်သဖြင့် စိတ်အနှောက်အယှက် ဖြစ်စေသည်...

တစ်ချက် လှည့်ကြည့်လိုက်မိတော့ အားလုံးအဆင်ပြေသေးသည်၊ ထိုသို့လှုပ်ရှားမှု‌တွေကြောင့် အသံမှာ တဖြည်းဖြည်း စည်းချက်ကျလာသည်...

လင်းရှိုချင်းက နှုတ်ခမ်းကို ကိုက်လိုက်ပြီး "ငြိမ်ငြိမ်နေ"

"ကိုယ် အတတ်နိုင်ဆုံး တိတ်တိတ်နေဖို့ ကြိုးစားနေတယ်..."

သည်အိပ်ရာဟောင်းက သည်အတိုင်းပင်။ လှုပ်ရှားမှုတိုင်းက အသံမြည်စေသည်။ သာမန်အချိန်တွေမှာ နည်းနည်းလှုပ်တာ ခံနိုင်ရည်ရှိပေမယ့် အခုလိုအချိန်မှာတော့ သူ့ကို ရူးသွပ်သွားစေသည်။

အမြန်အပြီးသတ်နိုင်အောင် စွမ်းဆောင်နိုင်ရင် ပြီးတာပါပဲ...

သေစမ်း။

အိပ်ရာဝယ်ဖို့ ပိုက်ဆံရှာချင်မိသည်။

ဒါက သူ့ရဲ့စွမ်းဆောင်ရည်ကို ရေရှည်မှာ ထိခိုက်လိမ့်မည်လို့ သူခံစားရသည်။

"ရှင် တော်တော်ကြာတာပဲ၊ အချိန်ဆွဲပြီး ဖြုန်းတီးနေတာ ကလေးက ရှင့်ကြောင့် နိုးလာတော့မယ်" လင်းရှိုချင်းသည် သူ ပြီးသွားသောအခါ မတတ်နိုင်ဘဲ ရေရွတ်လိုက်သည်။

"ငါ အရမ်းမြန်တဲ့အခါကျ မင်းက ညည်းညူတယ်၊ ဆူညံသံနဲ့ ပတ်သက်ပြီးလည်း ညည်းညူတယ်၊ အခု ကျတော့လည်း အရမ်းကြာတယ်ဆိုပြီး ညည်းညူပြန်တယ် မင်းက ကျေနပ်ရခက်တဲ့ မိန်းမတစ်ယောက်ပဲ"  ရီရောင့်သုန်းက သူမကို ရွှတ်နောက်နောက်ဖြင့် ဖက်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"သွား၊ ရှင် ဒီနားမှာ အိပ်လို့ရတယ်၊ ကျွန်မ ကလေးနှစ်ယောက်နဲ့ အိပ်မယ်"

"အတူတူ အိပ်ရအောင်"

သူ့အား ချုပ်နှောင်ထားခြင်းကြောင့် လင်းရှိုချင်း သည် မလွတ်မြောက်နိုင်ပေ။ သူမသည် ဒေါသထွက်ပြီး သူ့ကို ကျိန်ဆဲချင်သော်လည်း ကလေးများကို မနှိုးစေရန်  နှုတ်ဆိတ်နေသည်။

သူမ၏ နှလုံးသားနှင့် မျက်လုံးများတွင် တွန့်ဆုတ်မှုများ ပြည့်နှက်နေသော်လည်း သူနှင့် အတူ အိပ်လိုက်ရုံသာ ရှိတော့သည်။

တစ်ဖက်တွင် ရီရောင့်သုန်းက အနည်းငယ် ကျေနပ်သွားသည်။

သူ့ အရင်ဘဝတုန်းက သူ့မိန်းမ ဆုံးပါးသွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။ အသက် ငါးဆယ် အရွယ်တွင် သူ့အိတ်ကပ်ထဲ၌ ယွမ် နှစ်ရာတောင် မရှိ‌ပေ။ သူတွင် အရည်အချင်းနှင့် နောက်အိမ်ထောင်ပြုလိုစိတ် နှစ်ခုလုံး မရှိသဖြင့် သူ ဆယ်စုနှစ် တစ်ခုကျော်အထိ မုဆိုးဖို ဖြစ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ပင်လယ်ထဲတွင်သာ တချိန်လုံးနေခဲ့ပြီး သုံးလကြာ ငါးဖမ်းခွင့် ပိတ်ပင်ထားသည့် ကာလတွင်သာ ရွာသို့ ပြန်လာခဲ့သည်။ သူ့မှာ ဇနီးလည်း မရှိ၊ ဘာတစ်ခုမျှလည်း မရှိပေ၊ ဒါပေမယ့် အသက် အရွယ် တစ်ခု ရောက်နေပြီ ဖြစ်သည့်အတွက် အရေးမကြီး‌တော့ချေ။

ယခုအခါ သူ ဆုံးရှုံးခဲ့သည့် အရာ တစ်ခုကို ပြန်လည်ရရှိသည့်အတွက် ကျေနပ်အားရမှု ခံစားရသည်။

"အားချင်း၊ အိမ်ခွဲပြီးရင် အတူတူ ဘဝကို ကောင်းကောင်းနေထိုင်ကြရအောင်"

လင်းရှိုချင်းက မျက်လုံးကို လှည့်လိုက်ပြီး "ဒါဆို ရှင်က အိမ်မခွဲမချင်း ကောင်းကောင်း နေထိုင်ဖို့ စိတ်ကူးမရှိဘူး‌ပေါ့။ ရှင့် ပျင်းရိမှုအတွက် ဆင်ခြေတွေပေးမနေနဲ့"

"မဟုတ်ဘူး ကိုယ် အတည်ပြောနေတာ"

သူနဲ့ ဆက်ပြီးမဆွေးနွေးချင်တာကြောင့် သူမမျက်လုံးမှိတ်ထားလိုက်သည်။

နှစ်များစွာကြာပြီးနောက် သူမသည် လုံးဝစိတ်လျှော့ခဲ့သည်။ ကောင်းသည်ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ သူမဘဝသည် ဤနည်းအတိုင်းပင် ဖြစ်သွားပေ

မည်။ ဒါကြောင့် သူမ လုပ်သင့်လုပ်ထိုက်တာကိုသာ လုပ်ရလိမ့်မည်။

သူမစကားပြောချင်စိတ်မရှိသည်ကိုမြင်တော့ ရီရောင်သုန်းလည်း အတင်းမတိုက်တွန်း‌တော့ချေ။  အချိန်ကြာလာသည်နှင့်အမျှ စစ်မှန်သောစိတ်ဆန္ဒများ ပေါ်လွင်လာကာ ဤဘဝတွင်‌တော့ ဘာပဲဖြစ်ဖြစ် သူမဘဝကို ပိုဆိုးသွားစေမည်မဟုတ်ဟု သူယုံကြည်သည်။

သူမမျက်နှာကို ညင်သာစွာ ကိုင်လိုက်ပြီး "အိပ်တော့" ဟု တိုးတိုးလေးပြောလိုက်သည်။

မျက်လုံးမှိတ်ထားရင်း ကလေးငိုသံနှင့် သူ့အမေကို ခေါ်သံကြားရသောအခါ အကြာကြီးအိပ်ပျော်သွားသလိုမျိုး မခံစားရပေ။  သူ့လက်ထဲကသူမက ချက်ချင်းထလိုက်သည်။

ခဏကြာတော့ သူ့မိန်းမက ကလေးတွေရဲ့စောင်ကို ပြတင်းပေါက်နားက စားပွဲပေါ်တင်ပြီး သူ့စောင်ကိုယူကာ ကလေး နှစ်ယောက်ကို ခြုံလိုက်သည်။

"သေးပေါက်ချပြန်ပြီလား"

"အမ်း"

"ဒီလူယုတ်မာလေး၊ မနက်ဖြန်ကျရင် သူ့ ဖင်ကို ကောင်းကောင်း ရိုက်‌ပေးရမယ်"

တစ်ညလုံး သူ့မိန်းမကို ဖက်ပြီး မိုးလင်းတဲ့အထိ အိပ်ချင်တဲ့ ဆန္ဒက ပထမညမှာတင် လွင့်စင်သွားသည်။


၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now