သူနှင့်ကျွန်မ EPISODE 1

4K 233 6
                                    

ညသန်းခေါင်ယံအချိန်

Hope မိဘမဲ့ဂေဟာလေး၏ အခန်းတစ်ခုအတွင်း၌
ကောင်လေးတစ်ယောက်
သေချာပြောရမယ်ဆိုရင် ဘယ်သူမြင်မြင် ကောင်လေးဟု ထင်ရသော ကောင်မလေးတစ်ယောက်

သူမနာမည် Jeon Jung Kook

တစ်ချိန်က နာမည်ကြီး JK Fashion ၏ သူဌေးကြီး Jeon Jae Suk နှင့် သူဌေးကတော် Yoo Jin Hee တို့၏ တစ်ဦးတည်းသော သမီး

သူမ ၁၀နှစ် အရွယ်ထိ လိုချင်တာ ပြောလိုက် Jeon Jung Kook ဘဝမှာ မရဘူးဆိုတာ မရှိစေရဘူး
လိုချင်တာ ရအောင်ယူတတ်ပြီး မာနကြီးသော လိုတရရွှေမင်းသမီးလေး
လူတိုင်းကို မတူသလို မတန်သလို ဆက်ဆံတတ်ပြီး သူများထက် အမြဲသာချင်သော ကလေးဆိုးလေး

ဘဝမှာ လိုချင်တာရပြီး လုပ်ချင်တာအမြဲလုပ်နေရမယ်လို့ထင်ခဲ့ပါတယ်
ဒယ်ဒီ မာမီ တို့နဲ့လည်း အမြဲရှိမယ်လို့ kook ထင်ခဲ့ပါတယ်
တကယ်ဆို kook ကြောင့်သာ မဟုတ်ရင် ဒီလိုဖြစ်နိုင်ပါတယ်
ဒါပေမဲ့ တစ်နေ့မှာ လုံးဝ ပြန်ပြင်မရတဲ့၊ လူတစ်ယောက်ကို ပြောင်းလဲသွားစေတဲ့ ကိစ္စ တစ်ခုကို kook လုပ်မိခဲ့ပါတယ်

သူမတွေးနေရင်း မျက်ရည်စက်တို့က သူမအတွက် တစ်ခုတည်းသော ဝက်ဝံညိုလေးပေါ်သို့

Mrs.Lee ။ ။ Kook ရေ မင်းကိုလာခေါ်ပီ

Jungkook ။ ။ Nae လာပါပြီ

သူမ မျက်ရည်တွေကို သုတ်ပစ်လိုက်သည်
သူမကိုလာခေါ်ပြီတဲ့
သေချာတာပေါ့
သူမကို မွေးစားမယ့် Arjima
တစ်ကယ်ဆို kook သူမကို သိတာ ၁နှစ်လောက်ရှိပါပြီ
သူမက လတိုင်း ဂေဟာကို လာနေကြလေ

kook ဂေဟာကို ရောက်ကတည်းက ဘယ်သူနဲ့မှ အဆင်မပြေခဲ့ဘူးလေ
ထုံးစံအတိုင်း လိုတရဘဝ လို့ kook ထင်ခဲ့လို့ပါ
ဒါကြောင့် ဂေဟာက ကလေးတိုင်းက kook ကို မုန်းတယ်လေ
နောက်တော့ တွေ့တိုင်း အနိုင်ကျင့်တော့တာပဲ
kook လည်းကြာတော့ အများနဲ့တစ်ယောက် ဖြစ်လို့ ခံရပါများလာတယ်
အဲ့နောက်ပိုင်း kook က အရမ်းလိမ္မာတဲ့ ကလေးအဖြစ်သို့ ပြောင်းလဲခဲ့တယ်
အရင်က မာနကြီးတဲ့ Jeon Jung Kook ကနေ လိမ္မာလွန်းတဲ့ ကလေးတစ်ယောက် ဖြစ်လာတယ်

ပြီးတော့ အနိုင်ကျင့်မခံရအောင် ယောက်ျားလေးတစ်ယောက်လို ပုံစံပြောင်းနေပြီး ဂျစ်ကန်ကန် စိတ်လေးကလည်း မပျောက်တော့

သူနှင့်ကျွန်မ(Tom&Jerry,You&Me)Where stories live. Discover now