1

2 0 0
                                    


ကလင်...
ကလင် ကလင်....
မနက်ခင်းနိုးစက်သံမြည်လာချိန် အိပ်ချင်စုံမွားမျက်လုံးများကို မဖွင့်ချင်ဖွင့်ချင်နှင့်အိပ်ရာထလာရာ ပြတင်းပေါက်ကနေရောင်က သူ့မျက်လုံးများကိုကျိန်း စေပြီး ပြန်မှိတ်သွားစေတယ်။

မင်းနေရောင် တစ်ယောက် နိုးစက်သံ ပိတ်လိုက်ပြီး အိပ်ရာမှ ထလာခဲ့သည်။

ရေချိုးခန်းထဲမှ ရေချိုးပြီး အပြင်ပြန်ထွက် အလာ

''ဟယ်လို..''

မိန်းကလေးတစ်ယောက်နှုတ်ဆက်သံကြားလိုက်ရတယ်။ နေရောင်တစ်ယောက်အံသြသွားပြီး ??များအပြည့်နှင့် ခနကြောင်နေမိတယ်

''မင်းဘယ်သူလဲ ဘာလို့ ငါ့အခန်းထဲရောက်လာတာလဲ ''

သူမက ပြုံးလျက်ပြောလာတယ် .
''ဟယ်လိုနေရောင် ငါက နှင်း ပါ ငါ့ကိုနင်ပဲ ခေါ်လာတာလေ ''
'' ငါက ...မလိမ်နဲ့ ငါက မင်းကို ဘာကိစ္စခေါ်လာရမှာလဲ''
''တကယ်ပါ မနေ့ ကနင်ပဲ သွားစရာမရှိရင်ငါနဲ့ လိုက်နေဆို နင်ပဲပြောတာလေ မေ့သွားပြီလား''
''မဖြစ်နိုင်တာမင်း နေစရာမရှိလို့ခေါ်လာရအောင် ငါ့အိမ်ကဒုက္ခသည်စခန်းမှ မဟုတ်တာ မင်းလိမ်မနေနဲ့မဟုတ်ရင်ရဲေ​ခါ်ရလိမ့်မယ်''
''ငါတကယ် မလိမ်ပါဘူး နင်တကယ်ခေါ်လာတာပါ ငါ င..''

ပြောရင်းသူမ မျက်နှာ မျက်ရည်များကျလာခဲ့သည် ။ နေရောင်မနေ့ကမူးအောင်သောက်ထားသည်ဖြစ်၍ ယနေ့ခေါင်းနည်းနည်းကိုက်နေ ပြီးယခုအခြေအနေက သူ့ကို့ ပိုခေါင်းကိုက်စေသည်။ ကြည့်ရတာ မနေ့က တော်တော်မူးသွားပြီ သူမအားခေါ်လာမိသည်ထင်သည် ။သူ့နှဖူးကိုနှိမ့်လျက်..

''ကောင်းပြီ မင်းဘယ်ကလဲ ငါမင်းကို ပြန်လိုက်ပို့ပေးမယ်''
''ငါ ငါမသိဘူး ငါ့ဘယ်မှာ နေလဲငါမသိဘူးငါ မှာနေစရာမရှိဘူး''
''မင်းဘာအကွက်တွေခင်းနေတာ လဲ ''

သူခနလောက်တွေးလိုက်ပြီး...
''ဪ မင်းက မကောင်းတဲ့ မိန်းမလား ပိုက်ဆံလိုချင်တာလားကောင်းပြီငါပေးမယ် မင်းပြန်လိုက်တော့''
'သူတွေးနေမိသည်
တောက် ...ထင်ရက်စရာမရှိဘူးကွာ '

သူမမျက်နှာသေးသေးသွယ်သွယ် နှာတံ
ဆင်းဆင်းလေးနဲ့ နီစွေးနေနဲ့နှုတ်ခမ်းလေးကို ကိုက်ကာ မျက်ရည့်များအပြည့်နှင့်ခေါင်းကို ခါလျက် ...
''မဟုတ်ဘူး မဟုတ်ပါဘူး ငါက မကောင်းတဲ့လူ မဟုတ်ပါဘူး ငါက လူကောင်းပါ တကယ်ပါ တကယ်''
''ဘယ်လို ငါပြောတာအဲ့ အဓိပ္ပါယ်မဟုတ်ဘူး လေ''
''တကယ်ပါ ငါလူဆိုးမဟုတ်ပါဘူး ငါ တကယ်ပါ''

ဘယ်လိုဖြစ်လို့ စကားလွဲသွားရတာလဲငါ သူမကို မကောင်းတာလုပ်စားတဲ့ မိန်းမ ပျက်လို့ပြောလိုက်တာ ဘယ်က ဘယ်လို လူဆိုး ဖြစ်သွားတာလဲ နားလည်မှုလွဲပြီ နားလည်မှု အကြီးကြီးလွဲ နေပြီ။ သူ သူမကိုကြည့်လိုက်ပြီ ငါအထင်များလွဲနေတာများလား။

(မနေ့ညက သောက်စားမူးရူးပြီးနိုက်ကလပ်က မကောင်းတဲ့ မိန်မခေါ်လာတယ်နေပုံပါ😂😂😂)
နေရောင်သူ့ဘာသာ တွေးရင်း အထင်လွဲလို့ ရှက်သွားမိပြီး ချောင်းဟန့်လိုက်သည်။
"ကောင်းပြီ မဟုတ်လဲ ပြီးတာပဲ ငိုမနေနဲ့တော့ မင်းမှာနေစရာမရှိဘူးဆိုတော့ အတိတ်မေ့နေတာလား မဟုတ်သေးဘူးအတိတ်မေ့နေတာဆို နာမည်က ဘာလို့မှတ်မိနေတာလဲ"
နေရောင်သူမကို မယုံသင်ကာမျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး
"ပြော မှန်မှန် ပြော မင်းဘယ်သူလဲ ဘာအကြံနဲ့ ငါ့အနားရောက်လာတာလဲ"
''မဟုတ်ဘူး မဟုတ်ပါဘူး ငါ မကောင်းတဲ့အကြံနဲ့နင့်အနားရောက်လာတာ မဟုတ်ပါဘူး ငါတကယ်နေစရာမရှိလို့ နင်နဲ့ လိုက်နေတာ တကယ်ပါ ငါကျိန်ဆိုကျိန်ရဲပါတယ်''

ဖြူဖျော့နေတဲ့ သူမမျက်နှာမသူမ မလိမ်ပါဘူးဟူသည့် အဓိပ္ပါယ်နဲ့ သူကိုကြည့်လျက် ကျန်ဆိုပြနေသည်။

''မင်းရဲ့နာမည်ကနှင်းဆို''
''ဟုတ်တယ်ဟုတ်တယ် မနေ့ကနင်ပဲအဲ့ဒီနာမည်ပေးထားတာလေ''
''ငါလား''
''ဟုတ်တယ် ဟုတ်တယ် မနေ့ကငါ့နာမည်မမှတ်မိဘူးပြောလို့ နင်ပဲ ကိစ္စမရှိဘူး ဒီနေ့ကစပြီး ငါ့နာမည်ကနှင်းလို့ နင်ပဲပြောခဲ့တာ ''
''ဒါဆိုမင်းကအတိတ် မေ့နေတာလား''
''ငါမသိဘူး ငါနိုးလာတော့လမ်း ဘေးမှာရှိနေတာ''
''လမ်းဘေးမှာလား''
''ဟုတ်တယ် ငါနိုးလာပြီးသိပ်မကြာသေးဘူးနင်ရောက်လာပြီး ငါ့ကိုမေးတယ်လေ''
'' ဟိတ် မင်းကဘယ်ကလဲ ဘာလို့ဒီမှာလဲအိပ်နေတာလဲ နေမကောင်းဘူးလား ဆေးကမ်းပို့ပေးရမှာလား ဟိတ် ထဦးလေ မင်းမူးနေတာလား''

သူမက မျက်လုံးအပြူးသားနဲ့ သူကိုကြည့်လျက်အိပ်ရာကလည်းမထ ပြန်မဖြေ ပဲ ကြည့်နေရာ ယိမ်ထိုးလာ၍
''ခုခေတ်မိန်းမတွေများတော်တော်ဆိုးတယ် သောက် စားမူးရူးပြီးလမ်းဘေးမှာအိပ်ချင်သလိုအိပ်နေကြတယ်''
(အံမယ် ငမူးကများ)
''ဟိတ် ထ ထ မင်းဘယ်ကလဲ မူးနေလဲ ပြန်အိပ်တေည်ကြာလမ်းမှာမကောင်းတဲ့လူနဲ့ တွေ့နေမှဒုက္ခရောက်နေ ဦးမယ်''
သူမ အိပ်နေရာကထလိုက်ချိန်တွင် လမ်းကလူတွေက သူမ တို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ရှောင်ဖယ်သွားကြလေသည်..။

''မဟုတ်ဘူး မဟုတ်ဘူး ငါမမူးပါဘူး''

You've reached the end of published parts.

⏰ Last updated: Feb 02 ⏰

Add this story to your Library to get notified about new parts!

သူမWhere stories live. Discover now