PT ( 11 )

129 14 0
                                    

( Zaw )

ကျောင်းတက်ရမဲ့ရက်ဖြစ်တာကြောင့် တခြားနေရာမဝင်ဖြစ်
ဘဲကျောင်းကိုဘဲတည့်တည့်မတ်မတ်လာခဲ့ရသည်။ အပျင်း
ကကြီးနေလို့မှမရဘဲလေ စာမှမရတာ

"အီမင်ဟို!!"

နှစ်ယောက်မရှိတဲ့ ဆောချန်းဘင်းရဲ့အသံလေ

"ဖြေးဖြေးအော် သကောင့်သားလေးရဲ့မင်းအဖေကနားမကန်း
သေးဘူး"

"မင်းမစောင့်မှာကြောက်လို့လေ"

"မစောင့်လို့လည်းမရဘဲနဲ့"

လမ်းလျှောက်နေရင်း လမ်းတစ်ဝက်မှာ ကြားရတဲ့အသံပိုင်
ရှင်ကြောင့် ကျောင်းလမ်းကို အတူတူသွားဖြစ်ကြသည်

"မျက်နှာကဖြီးနေတာဘဲ ဘာဖြစ်နေတာလဲ"

"လစ်က ဒီနေ့ငါ့ကို အဖြေပေးမယ်တဲ့ "

"သြော်...."

မင်ဟို ပေစောင်းစောင်းကြည့်ပေးလိုက်သည် အဲ့တာကြောင့်
နှစ်ဆယ့်လေးနာရီဆူပုတ်နေတဲ့ ချန်းဘင်းမျက်နှာက
ပြုံးပြီးဖြီးနေတာပေါ့

"နေပါဦး ဘာအနံ့လဲ အရမ်းပြင်းတာဘဲ"

မင်ဟိုနှာခေါင်းကိုအလုပ်ပေးရင်း ရှူရှိက်နေတော့ ဘေးနား
ကချန်းဘင်းကမျက်နှာချိုသွေးကာ

"ဟီးဟီး ငါရေမွှေးဆွတ်လာတာ"

"အမယ်လေး ဆောချန်းဘင်း ရေမွှေးတစ်ပုလင်းလုံးလောင်း
ချလာတာလား "

မျက်နှာပျက်နေတဲ့ကောင်လေးနဲ့ မျက်နှာပြုံးနေတဲ့ကောင်
လေးနှစ်ယောက်စလုံး လမ်းတိုင်းတိုင်းဘဲ လျှောက်လာကြ
တော့ အရှေ့က အတွဲတစ်တွဲကိုမြင်သည်

တခြားအတွဲတော့မဟုတ် ဆွန်းမင်းနဲ့ဆိုရာ

အရင်ကလည်းမြင်နေကြဆိုပေမဲ့ မမြင်ရအောင်ရှောင်သွား
ဖြစ်သည် အခုကတော့ မြန်နေတဲ့ခြေလှမ်းတွေကြောင့်အရှေ့
ကအတွဲကိုကောင်းကောင်းမြင်နေရသည်

ရင်ဘတ်ထဲအောင့်သွားတဲ့အခြေအနေပေမဲ့ အမှုမထားဖြစ်
တော့ ဆွန်းမင်းရည်းစားစထားကတည်းကသူဒါမျိုးတွေမြင်
နေရတာလေ

အရှေ့ကအတွဲနဲ့ ဝေးသွားအောင်လို့ ခြေလှမ်းတွေကိုတမင်
နှေးပစ်လိုက်တော့ ချန်းဘင်းကသူ့ဘက်ကိုကြည့်လာသည်။

The way you beside meWhere stories live. Discover now