တရွေ့ရွေ့မောင်းလာတဲ့ ကားလေးထဲမှာတော့ကြင်စဦး အချစ်ငှက်ငယ်လေးတွေ ပါလာခဲ့တယ်။
"ဦး!"
"ဟွန်!"
"နေ့လည်ကလေ ဦးမိတ်ဆက်ပေးတဲ့ ဦးလေးကြီးတစ်ယောက်လေ သူကဘာအလုပ်လုပ်တာလဲ။"
"ဘယ်သူ့ကိုပြောတာလဲ သုတ"
"ဟိုလေ အသက်ကြီးကြီးလေ အသက်၆၀နီးနီးလောက်ရှိမယ်ထင်တယ် သူ့နောက်မှာလည်း bodyguards တွေအများကြီးနဲ့လေ ဦးဘာခေတ်ဆိုလား။"
"အော် ဦးအောင်ခေတ်ကိုပြောတာလား။"
"ဟုတ်တယ် ဦး။"
"သူက စီးပွားရေးလုပ်ငန်းတွေပဲလုပ်တာပေါ့။အချို့တရားမဝင်ကုန်သွယ်တာမျိုးလဲ လုပ်သေးတယ်။"
"တရားမဝင်!!!!"
ကိုယ်လုပ်တဲ့ လုပ်ငန်းကို ဗြုန်းစားကြီး အမှန်အတိုင်း ပြောပြဖို့ဆိုတာ ခက်ခဲတာကြောင့် ဖြည်းဖြည်းချင်း သူနဲ့ရင်းနှီးအောင်လုပ်ပေးဖို့ပဲ စီစဉ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အိမ်ရောက်ရင် အနဲနဲ့အများတော့ ရိပ်မိသွားမှာပဲလေ။ ဟိုတယ်မှာပဲ နေလို့ရသလို အိမ်တစ်လုံး ချက်ချင်းစီစဉ်လို့ရပေမယ့် အမှန်တရားဆိုတာ အချိန်တန် ပေါ်မှာမို့လို့ အိမ်ကိုပဲ ခေါ်သွားဖို့လုပ်လိုက်တယ်။
"အာ..ဦးပြောချင်တာက သူကဘယ်လိုပြောရမလဲ နယ်စပ်ဘက်မှာလဲ လုပ်ငန်းအချို့ရှိတာပေါ့။"
"ဦး အဲ့လိုလူမျိုးနဲ့မပတ်သတ်ပါနဲ့လား။"
"ဟမ်!"
"ဟုတ်တယ်လေ ဦးရဲ့။တရားမဝင်လုပ်ငန်းဆိုတာဘယ်ဟာမှမကောင်းဘူး။"
ကျွန်တော်သိပါပြီ။ နယ်စပ်လုပ်ငန်းဆိုထဲက ဘိန်းတို့ လက်နက်တို့ပဲ မလား။
"အဲ့လိုမဟုတ်.."
"ထင်တဲ့အတိုင်းပဲ။ mafia တွေလိုပေါ့။ ဟုတ်တယ်မလား ဦး!"
ကိုယ်ရှင်းပြတာတောင် နားမထောင်ပဲ ဆက်ပြောတဲ့ကလေးကြောင့် မေးသမျှဖြေပြီး နားသာထောင်နေလိုက်တော့တယ်။
"ဟုတ်တယ် သုတ။ ဒါပေမယ့်.."
"ကျွန်တော်အရင်က စဉ်းစားကြည့်ဘူးတယ်။mafiaတွေကို လူတွေဘာလို့အရမ်းမိုက်တယ်လို့ထင်ရတာလဲလို့လေ။"