သူငယ်ချင်း

85 6 32
                                    

⚠️အသိပေးချက်များ⚠️

1. ဤအပိုင်းကိုအသက် 18 နှစ်ပြည့်မှ
သာလျှင်ဖတ်ရန်...🔞
2. idol ရဲ့ image ကိုလုံးဝထိခိုက်လိုစိတ်မှရှိပါ..🙅
3. ဤficသည်စိတ်ကူးယဥ်ဇာတ်လမ်းသာဖြစ်ကြောင်း..💭
4. woo bin bottom ကြိုက်မှသာဖတ်ရန်..🙋
5. အကယ်၍အမှားတစ်စုံတစ်ရာရှိခဲ့ပါက cb တွင်သာ လာရောက်အကြံပေးခြင်းပြုပါရန်.

ကျွန်တော့်မှာ အရမ်းချစ်ရတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် ဒါကတော့အခြားသူတွေအမြင်ပေါ့ ကျွန်တော့်အတွက်ကတော့သူကသူငယ်ချင်းတစ်ယောက်ထက်ပိုနေခဲ့တာကြာပါပြီ။
သူ့ဘက်ကတော့သူငယ်ချင်းဆိုတာထက်မပိုခဲ့ပါဘူး ဘာလို့လည်းဆိုတော့ သူကမိန်းကလေးတွေကိုပဲကြိုက်တယ်လေ။ကျွန်တော့်ရဲ့ Gay ဆိုတဲ့ဖြစ်တည်မှုကလည်းသူ့တစ်ယောက်ထဲအတွက်ပါပဲ။ ကျွန်တော်သူ့ကိုဖွင့်မပြောခဲ့ပါဘူး။ကျွန်တော်ဒီတိုင်းလေးပဲသူငယ်ချင်းဆိုတဲ့ခေါင်းစဥ်အောက်မှာအတူရှိချင်သေးတယ်။ အကယ်၍သာကျွန်တော် Gay မှန်းသိသွားခဲ့ရင် သူ့ဘက်ကဘယ်လိုတုန့်ပြန်မလဲမသိပေမဲ့ တွေးကြည့်ရင်တောင် သေချာပေါက်ကျွန်တော်ခံနိုင်ရည်ရှိမယ်မထင်ဘူး။ ဆိုတော့ဘေးကနေတိတ်တိတ်လေးပဲချစ်သွားပါ့မယ်။

" woo bin ငါတပတ်မေ့နေခဲ့လို့တပတ်ယူလာပေးအုံး "

" မင်းမပြီးသေးဘူးလား "

" ပြီးတော့မှာပါကွ...ပေးမှာဖြင့်သာပေးပါကွာ "

" အေးပါကွာ ... မြန်မြန်လုပ်နော် "

woo bin တပတ်လေးယူပြီး jong suk ကို တံခါးလေးအသာဟကာ လက်လေးထိုးပေးလိုက်သည်။

တပတ်ပေးပြီး ပျင်းပျင်းရှိတာနဲ့ အခန်းထဲမှာဖုန်းထိုင်သုံးရင်းစောင့်နေလိုက်သည်။ခဏကြာတော့ ရေချိုးခန်းထဲကထွက်လာသော lee jong suk

ခန္တာကိုယ်အောက်ပိုင်းမှာတပတ်တစ်ထည်သာပတ်ထားပြီး အပေါ်ပိုင်းတွင်တော့ဘာမှမပါပေ။Gymဆော့တာကြောင့် ဝမ်းဗိုက်က အမြောင်းလေးတွေကလည်းအထင်းသား။နောက်ပြီးယောကျာ်းပီသတဲ့ရင်အုပ်ကျယ်ကျယ်ရယ်မိန်းကလေးများစွဲမက်လောက်စရာအရပ်အရှည်ကြီးရယ်..တကယ်ကိုပြီးပြည့်စုံလွန်းပါတယ်။

Jongbin ( one shot )Where stories live. Discover now