[For Unicode]
မနက်မိုးလင်းလို့ မျက်လုံးက ပွင့်လာပေမယ့် နေမကောင်းလို့ ဟျွန်းဂျင် မထနိုင်ဘဲ အလုပ်ပါမသွားနိုင်ခဲ့။
ဘန်ချန်းကတော့ တစ်ဖက်မှာ အချိန်မှန် ရုံးတက်တဲ့ဟျွန်းဂျင် လာတာမတွေ့လို့ စိတ်ပူနေမိသည်။
"ဟျွန်းဂျင်ရောက်တာနဲ့ ငါ့ရုံးခန်းထဲ လာခိုင်းလိုက်ပါ"
"သူတစ်ရက်နားချင်တယ်ဆိုပြီး ခွင့်ယူထားပါတယ် ဆရာ"
"နားချင်လို့?"
"ဟုတ်ကဲ့ သူ နေမကောင်းဘူးလို့ပြောပါတယ်"
"သူ ဘာဖြစ်တယ်နေမကောင်းဘူး ဘယ်မှာလဲ?"
မနေ့ကထိ အဆင်ပြေပါတယ် သူ ဘာဖြစ်သွားတာလဲ?
ဘန်ချန်း ဟျွန်းဂျင်ဖုန်းကို ခေါ်ပေမယ့်လည်း ပြန်မဖြေ
ဟျွန်းဂျင်အိမ်ကို ဘန်ချန်းရောက်သွားတော့ တံခါးခေါက်ဖို့ ပြင်လိုက်ပေမယ့် ဟျွန်းဂျင် နေမကောင်းမှန်း သတိရသွားလို့ ဂျီဆောင်းကို ဆက်သွယ်လိုက်သည်။
ဂျီဆောင်းက အိမ်ရှေ့က ပန်းအိုးထဲမှာ ကြည့်ဖို့ပြောပြီး အပိုသော့ကို နောက်ဆုံးတွေ့ခဲ့သည်။
ဟျွန်းဂျင်ကို စတင်ရှာပြီးနောက် အိပ်ခန်းထဲက ကုတင်ပေါ်တွင် လှဲလျောင်းနေကာ အဖျားကြောင့် ညည်းတွားနေတဲ့ ဟျွန်းဂျင်ကို တွေ့လိုက်ရသည်။ဟျွန်းဂျင်ရဲ့အပူချိန်ကို စစ်ဆေးဖို့ ဘန်ချန်းသူ့လက်ကို ဆန့်ထုတ်ပြီး ဟျွန်းဂျင်နဖူးကို စမ်းလိုက်သည်။
"မင်း အရမ်း ပူနေတယ်"
မီးဖိုချောင်ထဲသွားကာ ရေခဲသေတ္တာကိုဖွင့်ပြီး လိုအပ်တဲ့အစာပလာများထုတ်ကာ ဟျွန်းဂျင် အတွက် စွပ်ပြုတ်ချက်ပေးလိုက်သည်။
နောက်တော့ ဗိုက်ထဲ အစာဝင်ဖို့အတွက် ဟျွန်းဂျင်ကို သူဖြည်းဖြည်းချင်း လှုပ်နိုးလိုက်သည်။
"ဟျွန်းဂျင် ထ မင်းနည်းနည်းစားမှရမယ်"
"ဟျွန်းနီး ဘေဘီ ထပါ"
ဟျွန်းဂျင်က မျက်လုံးကို ပွတ်သပ်ပြီး ပြောလိုက်သည်။
"ဘယ်သူ့ကို ဘေဘီလို့ ခေါ်နေတာလဲ?"
YOU ARE READING
𝙏𝙝𝙚 𝘼𝙧𝙩 𝙤𝙛 𝙁𝙞𝙣𝙙𝙞𝙣𝙜 𝙔𝙤𝙪
Teen Fiction"ဟျွန်းနီဘေဘီ" "ဘယ်သူ့ကို ဘေဘီလို့ ခေါ်နေတာလဲ?" "မင်းလေ" "ကျွန်တော်က ခင်ဗျားရဲ့ ဘေဘီမဟုတ်ဘူး"