[For Unicode]
လွန်ခဲ့သော လေးနှစ်ကိုပြန်သွားကြရအောင်
ဘန်ချန်းနဲ့ ဟျွန်းဂျင် တက္ကသိုလ်တုန်းက...
ဟျွန်းဂျင်က သူ့သူငယ်ချင်းတွေနဲ့ တခစ်ခစ်ရယ်ရယ်နေပေမယ့် ဘန်ချန်း လုပ်နိုင်တာကတော့ ပြုံးပြီး ဟျွန်းဂျင်ကို ခိုးကြည့်တာလေးပါပဲ။
တစ်နေ့တော့ ဘန်ချန်း လမ်းလျှောက်လာရင်း ဟျွန်းဂျင်နဲ့ ဝင်တိုက်မိလို့ သူ့စာအုပ်တွေ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။
"ကျွန်တော်ကူညီပါရစေ"
ဟျွန်းဂျင်က ဘန်ချန်းစာအုပ်များကို ကူကောက်ကာ ပေးပေမယ့် ဘန်ချန်းက ဟျွန်းဂျင်ကို ခဏလောက် စိုက်ကြည့်နေလေသည်။
"အိုကေရဲ့လား?"
ဘန်ချန်းခေါင်းညိမ့်ပြီး အဆင်ပြေကြောင်း အမူအရာနဲ့သာပြောခဲ့သည်။ တိတ်တခိုးချစ်ရသူကို ပြောဖို့စကားလုံးများ ထွက်မလာခဲ့။
ဘန်ချန်း နှလုံးခုန်နှုန်းမြန်ဆန်စွာနဲ့ ဟျွန်းဂျင်ရှေ့ကနေ အမြန်ထွက်လာခဲ့သည်။
ဟျွန်းဂျင်က လူတိုင်းအပေါ် အလွန်ကြင်နာတတ်သူဖြစ်သည်ကို သိပေမယ့် ငြင်းပယ်ခံရမည်ကို ကြောက်လို့ ဖွင့်မပြောရဲခဲ့။
လက်ရှိအချိန်ကို ပြန်သွားမယ်
ရုံးခန်းမှ ထွက်လာသော ဟျွန်းဂျင်ကို အီနိုးက စောင့်နေသည်။
"မင်းကို သူဆူတာလား မင်းအဆင်ပြေရဲ့လား?"
ဟျွန်းဂျင် ခေါင်းသာညိမ့်ပြလိုက်သည်။
"သူဘာလုပ်ခဲ့လို့လဲ?"
ခေါင်းသာ ဆက်တိုက်ညိမ့်ပြလိုက်သည်။ ခုနက သူဌေးရုံးခန်းမှာ ဖြစ်သွားတဲ့ကိစ္စက အခုထိ ကြောင်စီစီဖြစ်နေတုန်း။
ဟျွန်းဂျင် မေ့လဲကျတော့မတတ် ဝန်ထမ်းတွေက သူ့အနား ဝိုင်းစုကာ အုံလာသည်။
"ဘာဖြစ်တာလဲ ဟေ့ရောင် ငါ့ကိုပြော" ဟျွန်းဂျင်ရဲ့ အချစ်ဆုံးသူငယ်ချင်းဂျီဆောင်းက ဟျွန်းဂျင် စကားပြောအောင် ကြိုးစားရင်းမေးလိုက်သည်။
"ငါ...ငါ အခု မပြောနိုင်သေးဘူးထင်တယ်"
"ဘာဖြစ်လို့လဲ ဘာကြောင့်လဲ?"
YOU ARE READING
𝙏𝙝𝙚 𝘼𝙧𝙩 𝙤𝙛 𝙁𝙞𝙣𝙙𝙞𝙣𝙜 𝙔𝙤𝙪
Novela Juvenil"ဟျွန်းနီဘေဘီ" "ဘယ်သူ့ကို ဘေဘီလို့ ခေါ်နေတာလဲ?" "မင်းလေ" "ကျွန်တော်က ခင်ဗျားရဲ့ ဘေဘီမဟုတ်ဘူး"