Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၆)။
ရွှီယန့်မှာသိသိသာသာကိုအေးခဲသွားလေသည်။
အိမ်တော်ထိန်းကပထမထပ်မှာရှိနေသဖြင့် လင်ခုံးလုပြောတာကိုသေချာမကြားလိုက်ပေ။ သူကအလျင်စလိုအပေါ်ထပ်တက်လာပြီးမေးလာသည်။
"သခင်လေး၊ ဘာပြောလိုက်တာလဲခင်ဗျ?"ရေချိုးပေးဖို့ယွမ်၈၈၀၀၀ဆိုတာက?
လင်ခုံးလုကထိုင်ခုံမှရုန်းထွက်ကာတစ်ဝက်ဖွင့်ထားသောတံခါးဆီအော်ပြောလိုက်သည်။
"ငါပြောတာက၊ ငါ့အတွက်ပြုစုစောင့်ရှောက်သူတစ်ယောက်ငှားလိုက်၊ တစ်လကိုလစာယွမ်၈၈၀၀၀ပေး..."သူပြီးအောင်မပြောရသေးခင် ရွှီယန့်ကရုတ်တရက်သူ့ပါးစပ်ကိုအုပ်ကာသူ့ကိုထိုင်ခုံဆီပြန်တွန်းချလိုက်သည်။
"ဝူးဝူးဝူး.." မင်းဘာလုပ်တာလဲ။
လင်ခုံးလုသူ့ကိုမျက်လုံးပြူးကြည့်လိုက်မိသည်။
"တိတ်တိတ်နေ။" ရွှီယန့်ကစိတ်သိပ်ကောင်းနေပုံမရဘဲ သူ့ကိုထိုင်ခုံမှာပိတ်လှောင်ကာအသံတိုးလိုက်သည်။
သခင်လေးကအရေးမစိုက်ပေ။ သူကပါးစပ်ဟကာသူ့ကိုကိုက်ဖို့ကြိုးစားလိုက်ပေမဲ့ သူ့ပါးစပ်ကိုအုပ်ထားသောကြောင့် သူ့ကိုဟမ်းစတားလိုမျိုးအကိုက်သေးသေးလေးသာကိုက်လိုက်နိုင်ပြီး သွားသေးသေးလေးများကတစ်ဖက်လူ၏လက်ဖဝါးကိုခြစ်မိသွားကာ စိုစွတ်စွတ်သွားရာတစ်ခုချန်ထားခဲ့သည်။
ကိုက်ပြီးနောက်မှ တစ်ဖက်လူလက်မဆေးရသေးမှန်းသတိရသွားသည်။ မဖြစ်ဘူး၊ သူသွားတိုက်ရမယ်။
ရွှီယန့်မှာလက်ဝါးထဲတွင်ထုံကျင်သွားပြီး အိမ်တော်ထိန်းအပေါ်ထပ်တက်လာသည့်ခြေသံများကသူ့အနားထဲဝင်လာပြန်သည်။ သူသူ့ရင်ခွင်ထဲကကောင်လေးကိုရုတ်ခြည်းလွှတ်ပေးလိုက်ပြီး ထရပ်ကာတံခါးဆီမြန်မြန်လျှောက်သွားပြီး တံခါးကိုဘန်းခနဲပိတ်ချလိုက်ပြီးနောက်လော့ချလိုက်သည်။
လင်ခုံးလုကြောင်အမ်းသွားရကာ အော်ဖို့ပင်မေ့သွားပြီး သူ့ကိုဗလာကျင်းစွာစိုက်ကြည့်နေမိသည်။
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့