"မင်းအဝတ်တွေကို ချွတ်လိုက်"
အမိန့်ပေးဆန်တဲ့ လေသံအဆုံးမှာတော့ လှပတဲ့ခန္ဓာကိုယ်လေးဟာ ဟိုတယ်ခန်း၏ မီးရောင်မှိန်မှိန်အောက် တိမ်တွေကြားဖုံးကွယ်နေခဲ့သည့် လတစ်ဆင်းကို လေထုကရှာတွေ့သလို တဖြည်းဖြည်း ထင်ဟပ်လာခဲ့သည်။
ကျောပြင်ပေါ်ရှိ လိပ်ပြာတောင်ပံအသွင် အရိုးအဆစ်တွေက အနောက်မှာရပ်ပြီး ရမက်တိုက်ပွဲဆင်နွဲနေသူအမြင်၌ လှပလွန်းလို့ ရိုက်ချိုးပြီး သိမ်းစည်းထားချင်စရာ။ သိမ်ဝင်နေသည့် ခါးနဲ့ဆန့်ကျင်ဘက် ပန်းသီးပုံစံနောက်ပိုင်းအလှက မှတ်ဉာဏ်တွေဝေဝါးနေခဲ့တောင်မှ သွေးသားကနေမှတ်မိနေစဲပဲ။
ထိုညရဲ့ လေထု...အထိအတွေ့...အရသာ...အနံ့အသက် အကုန်လုံးဟာ ယစ်မှူးဖို့ကောင်းလောက်အောင် စွဲလမ်းစေတာကြောင့် မေ့ပစ်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ အထူးသဖြင့် မျက်ခမ်းစပ်အောက်ရှိ မှဲ့နက်လေးက ညအမှောင်ထဲ မှော်ဆန်လောက်အောင် တောက်ပ့နေခဲ့တာ။ အောက်နှုတ်ခမ်းဖူးဖူးလေးက ဒီလောက၌ အချိုမြိန်ဆုံးအရာတစ်ခုလို...
ထိုကောင်လေးဆီ ကြားခဲ့ရသမျှက အိပ်ခန်းထဲ နာကျင်မှူကြောင့်လား သာယာမှုကြောင့်လား ဝေခွဲလို့မရတဲ့ ညဉ်းသံတွေ။ သံစဉ်တစ်ခုလို သာယာပေမဲ့
မျက်လုံးဖွင့်လိုက်သည့်ခဏ ထိုသာယာမှုတွေအကုန် ပျောက်ဆုံးသွားခဲ့ပြီး တိတ်ဆိတ်နေသောအခန်းထဲ သူတစ်ယောက်ထဲသာ ကျန်ခဲ့တော့တယ်လေ။လှပတဲ့ အိမ်မက်လေးလို့ တင့်စားရမလား...ဘယ်တော့မဆို ပြန်မက်ခွင့်ရချင်ပေမဲ့...မဖြစ်နိုင်တော့...အိမ်မက်ဟာ အိမ်မက်ပဲဖြစ်တာကြောင့် နိုးထလာသည့်အခါ ရပ်တန့်သွားရသလိုပဲ အစထဲကမရှိခဲ့သော ဇာတ်လမ်းတစ်ပုဒ်က ရပ်တန့်ဖို့အသာထား စတင်ဖို့ပင် မလွယ်ကူခဲ့ပါ။
"အခုချိန်ထိ အိုမီဂါလေးကို ရှာနေတုန်းပဲလား ဟန်ဘင်းဟျောင်း?"
"..."
"နာမည်လဲမသိဘူး မျက်နှာလဲမမှတ်မိဘူး ဘယ်လိုလုပ်ရှာနိုင်မှာလဲ ဒီနှစ်တွေထဲ ရှာမတွေ့တာ မဆန်းပါဘူး"
"မျက်နှာမှတ်မိတယ်"
ထိုကောင်လေးအား သူကံကောင်းလို့ မတော်တဆတွေ့မိလျှင် ကြိမ်းသေပေါက် မှတ်မိနိုင်ပါရဲ့ အသေးစိတ် ဖော်ပြဖို့အတွက်ဆိုရင်တော့ တစ်ဖက်လူ၏ အလှတရားက သိမ်မွေ့လွန်းလို့ ဖော်ကြူးဖို့ရန် စကားလုံးရှိမည်မဟုတ်။ သေချာတာတစ်ခု ပြောပါဆိုရင်လျှင် ဟန်ဘင်းပြောနိုင်တာက ရွှေရောင်ဆံချည်မျှင်လေးတွေ။