Summary (U)

2.7K 43 0
                                    

ဇာတ်လမ်းအကျဉ်းချုပ်

အိပ်မက်တစ်ခုအလား ချိုမြိန်ပြီး ပျော်စရာကောင်းခဲ့သည့် ၂နှစ်တာအိမ်ထောင်ရေး။ သို့သော် တစ်နေ့တွင် ခင်ပွန်းဖြစ်သူသည် အစအန ရှာမရအောင် ပျောက်ခြင်းမလှ ပျောက်သွားခဲ့သည်။

သာမန် မျက်မမြင် အိမ်ရှင်မတစ်ဦးဖြစ်သည့် ဟန်ဆောယောင်းတစ်ယောက် သူ့ခင်ပွန်းကို လှည့်လည်ရှာဖွေခဲ့သော်လည်း ကြားလိုက်ရသည်က...

"ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ပါဘူး။"

ဖြစ်ချင်တော့ ခင်ပွန်းဖြစ်သူသည် မျက်နှာအများကြီးရှိသည့် အတော်ဆုံး လျှို့ဝှက်အေးဂျင့်တစ်ယောက် ဖြစ်နေခဲ့သည်။

'ကျွန်မအတွက် အရာရာဖြစ်ခဲ့တဲ့ အိမ်ထောင်တစ်ခုက...ရှင့်အတွက်တော့ ဒီအတိုင်း 'အလုပ်' သက်သက်ပဲတဲ့လား။'

သူ့ကမ္ဘာကြီး ပြိုပျက်သွားသလို ခံစားချက်မျိုးနှင့် ဆောယောင်းတစ်ယောက် ဖိနှိပ်ချုပ်တည်းထားရသည့် ရူးသွပ်မှုကို ဖြေလွှတ်လိုက်တော့သည်။

"ငါ မကောင်းတာတွေ လုပ်မယ်ဆိုရင် သူနဲ့ တွေ့နိုင်လောက်မလား။"

သူ့ကို မဖမ်းနိုင်ရင် ကိုယ်ကပဲ အရင်အဖမ်းခံလိုက်တာကောင်းမည်ဟု ဆုံးဖြတ်ပြီး...

သို့ရာတွင် သူ ဒီလောက်ရှည်ကြာစွာ ရှာဖွေနေခဲ့သည့် ခင်ပွန်းဖြစ်သူက အနားတင်ရှိနေလောက်သည်ဟူ၍ကား စိတ်တောင်မကူးကြည့်ခဲ့မိဖူးပေ။

~~~~~

ဒါက Flowers Are Bait (ပန်းကျော့ကွင်း) ကို ရေးခဲ့တဲ့ စာရေးဆရာရဲ့ နောက်ထပ်ဆုရထားတဲ့ လက်ရာပါ။ Miel တော်တော် သဘောကျမိတဲ့ စာရေးဆရာပါ။ Scheme တွေ၊ suspense တွေနဲ့ ဇာတ်အိမ်ဖန်တီးတာကလည်း တော်တော်ကျင်လည်ပြီး ဆွဲဆောင်မှုရှိတယ်။

ဒီမှာ male lead က black agent တစ်ယောက်။ လက်ထပ်ရမယ်ဆိုတဲ့ သူ့ရဲ့ mission ပြီးသွားတော့ သူက ပျောက်သွားလိုက်ရော။ သူ့မိန်းမက သူ့ကို လိုက်ရှာပေမဲ့ သူက ကိုယ်ရောင်ဖျောက်တဲ့နေရာ၊ ရုပ်ပြောင်းရုပ်လွှဲလုပ်တဲ့နေရာမှာ တအားတော်တယ်။ ပရိယာယ်ကြွယ်တယ်၊ ဉာဏ်များတယ်။ ပြီးတော့ identity တွေလည်း အများကြီးရှိတယ်။ ဒီတော့ လွယ်လွယ်နဲ့ ရှာလို့မရခဲ့ဘူးပေါ့နော်။

Female lead က မျက်ကြည်လွှာပျက်စီးထားတဲ့ မျက်မမြင်။ မျက်မမြင်ဆိုပေမဲ့ မွေးရာပါမဟုတ်ဘူး။ အရင်က သူနာပြုလုပ်ခဲ့ဖူးပေမဲ့ မျက်လုံးကွယ်သွားတော့ အလုပ်နားလိုက်တယ်။ ပြီးတော့ male lead နဲ့ အိမ်ထောင်ကျပြီး သာမန် အိမ်ရှင်မလေးအဖြစ်နဲ့ နေတယ်ပေါ့နော်။ ဒါပေမဲ့ female lead က စိတ္တဇ ဖြစ်နေတာ။ အစွဲအလမ်းလည်းကြီးတယ်။ Trauma ရှိပြီး ငယ်ငယ်ကတည်းက ကုထုံးပညာရှင်နဲ့ ပုံမှန်ပြနေရတဲ့သူ။ ဒါပေမဲ့ လက်ထပ်လိုက်တဲ့အတောအတွင်းမှာ စိတ်ချမ်းသာပြီး ရောဂါက နည်းနည်းငြိမ်သွားတယ်။ ဒါပေမဲ့ သူ့ယောက်ျားက သူ့ကို ထားသွားပြီး ပျောက်သွားတော့ စိတ်ကပြန်ဖောက်လာရော။ အချစ်ကြီး၊ အစွဲအလမ်းကြီးတဲ့သူဆိုတော့ ယောက်ျားက ဒီလိုထားသွားတာကို ဘယ်လိုမှ မခံစားနိုင်ဘူးပေါ့နော်။

အဲ့ဒီလိုနဲ့ သူ့ယောက်ျားက အေးဂျင့်တစ်ယောက်ဖြစ်ပြီး mission သဘောနဲ့ သူ့ကို လက်ထပ်ခဲ့မှန်းလည်းသိရော ဘယ်လိုမှထိန်းမရတော့ဘူး။ ဒီတော့ မျက်မမြင်ဆိုက်ကိုမလေးက ကိုယ်ဖျောက်တော်တဲ့ သူ့ယောက်ျားကို ရှာဖို့အတွက် ဘာတွေလုပ်မှာလဲ၊ သူ့ယောက်ျားကရော ဘာအကြံတွေရှိနေမှာလဲ၊ နှစ်ယောက်တွေ့ကြရင်ရော ဘာတွေဖြစ်ကြမလဲဆိုတာကို ဒီဝတ္ထုမှာ ဖတ်ကြည့်ကြတာပေါ့နော်။ ဇာတ်လမ်းက twist တွေနဲ့ အရမ်းဆွဲဆောင်မှုရှိမှာတော့ စိတ်သာချ။ ဒီဝတ္ထုရေးတဲ့စာရေးဆရာက လူကို လှည့်ကွက်တွေနဲ့ ဖမ်းစားတဲ့နေရာမှာ ရှယ်တော်တာ။ နောက်ပြီး smut ဆိုလို့ 19+ အခန်းတွေချည်းပဲ မထင်ပါနဲ့နော်။ သူက ထုံးစံအတိုင်း plot ကောင်းကောင်းမှာ smut က ပါးပါးလေးပါလာမှာပါ။

ဒီတော့ စီးမျောခံစားကြည့်ကြပါဦး။

~~~~~

Miel's Translations

Merry Psycho (MM Translation)Where stories live. Discover now