အိမ်မှာ ၈ ရက်နေပြီးချိန်မှာတော့ ချယ်ရီလေးအဖို့ ဘဝကစားပွဲကြီးထဲပြန်ဝင်ဖို့ အချိန်ရောက်လာခဲ့ပြီ။ ချယ်ရီ့ကို လိုက်ပို့ကြရင်း အမေက တရှုံ့ရှုံ့နဲ့ငိုနေသည်။ ဒေါ်ငယ်မျက်လုံးမှာလည်း မျက်ရည်တွေဝဲလို့။ ကျန်းမာဖို့ ဘေးကင်းဖို့ကို အမေက တတွတ်တွတ်ရွတ်နေသည်။ ကိုကြီးတို့ကတော့ တစ်ခုခုဆို ပြန်လာဖို့။ သူတို့ကျွေးထားမှာမို့ စိတ်ဆင်းရဲမခံဖို့ အထပ်ထပ်ပြောနေကြသည်။
"စိတ်မပူကြနဲ့နော်။ မီးက ဘာမှမဖြစ်ဘူး။ ဟိုမှာ အလုပ်ရှင်ကလည်း အရမ်းသဘောကောင်းတာ။ အမေနဲ့ဒေါ့ငယ်နဲ့ ကျန်းမာရေးဂရုစိုက်နော်။ အကိုမင်္ဂလာဆောင်ကျရင်ပြန်လာခဲ့မှာ။"
"...."
"ဒေါ့ငယ် မီးကိုခုရွယ်ထိ ဆိုဆုံးမပေးတာ ကျေးဇူးပါနော်။ မီးက ဒေါ့ငယ်နဲ့မို့ ပိုဆိုးမိတာပါ။ အလုပ်ထဲမှာလာကြည့်၊ မီးက ဆရာမကြီး"
"အေးပါ သမီးရယ်။ ဒေါ့ငယ်သိပါတယ်။ ဒေါ့ငယ်ကလည်း သမီးကို သိပ်ချစ်တာနော်။ အကိုတွေကော အမေကောက သမီးလေးဘာဖြစ်ဖြစ်ချစ်ကြပီးသား။ ဒေါ့ငယ်လည်းတူတူပဲ။ အဆင်မပြေရင် အချိန်မရွေးပြန်လာခဲ့နော်။ ဘာမှ ပူစရာမရှိဘူးသိလား။ ဘာဖြစ်နေနေ အိမ်ကပြောင်းလဲသွားမှာမဟုတ်ဘူး။ ချစ်မြဲချစ်ကြမှာ"
"ဘာမှ ပြောင်းလဲမသွားရင် မီးကရိုက်ခံနေရအုန်းမှာပေါ့နော်"
မျက်လုံးလေးတစ်ဖက်မှိတ်ပြရင်းပြုံးပြီးမေးလိုက်သည်။
"အမလေး ညီးလေးသာ အရိုက်ခံရအောင်မလုပ်နေရင် ကျုပ်က ဘယ်ရိုက်မလဲအေ့"
"စတာပါ ဒေါ့ငယ်ကလဲ။ မီးက စိတ်မဆိုးပါဘူး။ ဒေါ့ငယ် မီးကို ချစ်လို့ ဆုံးမတယ်ဆိုတာ သိပါတယ်။ အဲ့လိုဆုံးမပေးမယ်ဆိုတာယုံကြည်ထားရတာကလည်း သမီးကိုချစ်တယ်လို့ ခံစားရပါတယ်"
ဒေါ်ငယ်ကတော့ နားလည်လားမသိ။ ပြုံးပြီးခေါင်းညှိမ့်ပြသည်။
ရွာကထွက်လာတော့ ချယ်ရီအားအပြည့်ဖြစ်နေပီ။ ဘဝကြီးရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ပဲ။ လူကလည်း ကိုယ့်ဘာသာ ယုံကြည်မှုအပြည့်နှင့်ပြုံးနေမိသည်။ ဘေးကပ်ရက်က အန်တီကြီးကတော့ ဒီကလေးမဘာတွေသဘောကျနေတယ်မသိဟု ပုံစံမျိုးဖြင့် ကြည့်နေလေသည်။
မြို့ကိုရောက်ပီး အလုပ်ခွင်ထဲပြန်ရောက်တော့ တာဝန်ယူရတာတွေက များလာသည်။ မမယုက ချယ်ရီ့ကို ဒီဆိုင်ရဲ့တာဝန်ခံအဖြစ်ရာထူးတိုးပေးခဲ့သည်။ လုပ်သက် ၃ နှစ်ပေမယ့် ဆိုင်ကလည်းအသစ်ဖြစ်နေတာမို့ လုပ်သက်အများဆုံးက ချယ်ရီဖြစ်နေလေသည်။ ချယ်ရီ့လက်အောက်က တချို့ဝန်ထမ်းတွေက ချယ်ရီ့ထက် အသက်ကြီးသည်။ သူတို့ကတခြားဆိုင်တွေကလာတာမို့ မမယုက သူတို့ထက် ချယ်ရီ့ကို တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ စစချင်းတော့ နည်းနည်းခက်ပေမယ့် အမကြီးတွေကလည်း သူတို့ထက်ငယ်တဲ့ချယ်ရီသူတို့အထက်လူကြီးဖြစ်နေတာကို ငြိုငြင်ကြပုံမပေါ်။
VOCÊ ESTÁ LENDO
ချယ်ရီ
Ficção Adolescenteအပြစ်ပေး အရိုက်ခံရတဲ့ story မျိုးပါ။ ချယ်ရီဆိုတာ ဆယ်ကျော်သက်၊ ခုကာလ ဆယ်ကျော်သက်တွေအတိုင်း ချယ်ရီ့မှာ ရုန်းကန်မှုတွေရှိတယ်။ စိတ်ကျဥ်းကြပ်မှုတွေ ရှိတယ်။ ခေတ်နဲ့ဆန့်ကျင်တွန်းကန်နေရတာတွေ ရှိတယ်။ ဒါတွေကို ချယ်ရီကျော်ဖြတ်ဖို့ စိတ်ဓာတ်ခွန်အားတွေကို ဘယ်အရာ...