P-2(Unicode)

246 18 5
                                    

ညတစ်နာရီကျော်နေသော်လည်းအိပ်မပျော်။မာမီနဲ့ဒယ်ဒီပြောသည့်စကားတွေကိုပြန်ကြားယောင်လေလေပို၍ဒေါသထွက်လေလေ။သူလည်းကျေးဇူးမသိတတ်တဲ့သူမဟုတ်ပါဘူး။ဒါပေမဲ့အခုကလွန်လွန်းသည်။ဘာ‌ေကြာင့်များအလောတကြီးကတိအကြောင်း‌ေတွပြန်‌ေပြာပြီးဇွတ်‌ေတွလက်ထပ်‌ေစချင်‌ေနရတာလဲ။တကယ်ဆိုသူချစ်တဲ့သူနဲ့အခုလက်ထပ်ရမယ်ဆိုရင်တောင်လက်မထပ်ချင်သေး။

လုံး၀အိပ်မပျော်သည့်အဆုံးRiaaကိုသာဖုန်းဆက်လိုက်သည်။

"ဟယ်လို Riaa"

"ဟဲ့ ဘာလဲ အကုန်သေနေပြီ နင်တစ်ယောက်ထဲမသေသေးတာ မူးနေရင်လဲသေတော့ သူများတွေကိုလိုက်နှောက်ယှက်မနေနဲ့"

တစ်ဖက်ကပြန်ပြောလာသည့်အသံလေးကချိုချိုသာသာပင်။

"ငါမမူးဘူးRiaa စိတ်ညစ်ပြီးအိပ်မပျော်လို့ DIYကိုပဲလာခဲ့ပါ့လား"

"ဟယ် နင်ကလဲ မားသားကြီးကဒီအချိန်ပေးမထွက်လောက်ဘူးဟ"

သူသက်ပြင်းချလိုက်သည်။သူ့သက်ပြင်းချသံကိုRiaaကြားသွားသည်ထင်ပါရဲ့ ပြာပြာသလဲထပ်ပြောလိုက်သည်။

"မရရင်ငါခိုးထွက်ခဲ့မယ် ဒါ‌ေပမဲ့ နင်မသောက်နဲ့နော် မနက်၃နာရီလောက်ကျဆွမ်းထချက်မှာမို့သူ မနိုးခင်ပြန်ရမှာ"

ဘယ်လောက်ပဲအပြောကြမ်းကြမ်းသူတစ်ခုခုဖြစ်နေတဲ့အချိန်ဆိုဘေးနားမှာအမြဲရှိပေးပြီး အကြောင်းအရင်းတောင်မမေးဘဲဘယ်နေရာရောက်,ရောက် ရောက်အောင်လာ‌ကာနှစ်သိမ့်ပေးတတ်သည့်Riaaကြောင့်စိတ်ညစ်နေတဲ့ကြားကပြုံးမိသွားသေးသည်။တစ်ယောက်ပဲကောင်းရင်တစ်ယောက်ပဲပေါင်းမည်။Riaaရှိနေသ၍သူ့အတွက်အဆင်ပြေပါသည်။

Kariအောက်ထပ်ကိုဆင်းခဲ့လိုက်တော့တစ်အိမ်လုံးမှောင်မဲနေသည်။ဟွန်း...ဒီအချိန်ရောက်မှတော့အကုန်လုံးကအိပ်နေကြလောက်ပြီပေါ့။သူကသာတစ်ယောက်ထဲသောကတွေနဲ့အိပ်မပျော်နိုင်သေးတာ။

Kariဂိုထောင်ထဲကသူ့ရဲ့Babyလေးကိုထုတ်လိုက်သည်။သူ့ကားသံကြားတာနဲ့ညစောင့်လုံခြုံရေးကခြံတံခါးဖွင့်ပေးလာသည်။

KariကDIYကိုရောက်တော့Riaaကအိမ်နှင့်ဆိုင် ပိုနီးတာကြောင့်အရင်ရောက်နေသည်။ဆိုင်ထဲ၀င်လိုက်တော့ RiaaကPrivate roomထဲကထွက်ကာသူ့ကိုလက်ပြလာသည်။

Hasan Kariya [On going]Where stories live. Discover now