☀️Love =အချစ်🌻
Part (7+8+9)"ချာတိတ် ဘာစားချင်လဲ၊ ကိုယ်ဘာလုပ်ပေးရမလဲ၊ဘာလိုသေးလဲ...."
မနေ့ညက ဒဏ်ရာကြောင့် ရှိုင်းအဖျားတက်တော့ ကိုကိုပဲ တစ်ညလုံးပြုစုပေးရသည်၊ အခုလည်း အလုပ်တောင်မသွားပဲ အနားမှာနေကာ လိုအပ်တာတွေလုပ်ပေးနေတဲ့ ကိုကို့ကို ရှိုင်းရင်ထဲမှာ နေရာတစ်ခုပေးထားမိပြီထင်တယ်...
"မလိုတော့ပါဘူးကိုကိုရယ်၊ ခဏတစ်ဖြုတ်လောက် အိပ်လိုက်ပါလား အားရှိအောင်၊
ကိုကိုတစ်ညလုံးလည်း မအိပ်ရသေးဘူးမလား၊
ရှိုင်းက သက်သာနေပါပြီ""ကိုယ်မအိပ်ချင်ပါဘူး၊ချာတိတ် သက်သာတယ်ဆိုလည်း ဆေးတော့ ထပ်သောက်ရမယ်နော်"
"ဟုတ်ကိုကို.."
................
📳📳📳 .....(phone vibration သံ)
"Hello ....
ဘာကွ , တောက်!! အသုံးမကျလိုက်တာ ငါအခုလာခဲ့မယ်.."ရှိုင်းအိပ်နေတယ်မှတ်ပြီး ဖုန်းလာလို့ ဝရန်တာဘက်ထွက်ပြောနေသည်၊
ကိုကို့အလုပ်မှာ ဘာဖြစ်လို့ပါလိမ့် ဒေါသအရမ်းထွက်နေသလိုပဲ...
ချာတိတ် ဆေးသောက်ပြီးအိပ်နေတုန်း ဖုန်းလာတာနဲ့ ထွက်ပြောတော့ အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်ပဲ ပြသနာဖြစ်မှခေါင်းရှောင်ချင်ကြတဲ့သူတွေကြောင့် သွားရှင်းမှဖြစ်မယ်...
"ကိုကို ဘာဖြစ်လို့လဲ.."
"အာ ..ကိုယ်ဖုန်းပြောတာ အသံကျယ်သွားလို့ နိုးသွားတာလား ချာတိတ်"
"မဟုတ်ပါဘူး ရှိုင်းကခဏပဲမှေးတာ မအိပ်ပါဘူး၊ ကိုကို့အလုပ်က အဆင်ပြေရဲ့လား၊တစ်ခုခုဖြစ်လို့လား"
"အင်း...အလုပ်မှာ ပြသနာနည်းနည်းတက်နေလို့ ကိုယ်သွားရှင်းမှရမှာ၊ အဲ့ဒါ ချာတိတ်ပါလိုက်ခဲ့ပါလား၊နေလည်းမကောင်းသေးတော့ တစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချဘူး"
ကိုကိုရေ ရှိုင်းတော့ ကိုကို့ကို ချစ်မိနေပြီလားမသိဘူး၊ ဂရုစိုက်တဲ့အပြုအမူလေးတစ်ခုကိုတောင် ကျေနပ်နေမိတယ်
(ကဲ ကလေးကတော့ သူ့စိတ်ကိုသူသိနေပြီနော်...)
YOU ARE READING
☀️Love = အချစ်🌻 (Completed)
Romance☀️Love = အချစ် 🌻 ဖွားဖွား ရှိုင်းက ကိုကို့ကို တကယ်လက်ထပ်ရမှာလား...မယူချင်ဘူး ဗြဲ.... (Zaw Shine Htet) မင်းက ငါ့ကိုယူရတာ နာတယ်လို့ထင်နေတာလား၊ငါကလည်းမင်းကိုမယူချင်ပါဘူး .. (Vitamin) ဘ...