Jeongက ဒီနေ့ ကျွန်တော့်ကို
Shopping Mall လိုက်ပို့ပေးပါလို့
ပြောလာတယ် သူ့မွေးနေ့တဲ့လေ
အနက် ပဲကြိုက်တဲ့ Jeong အကြောင်းကို သိလို့
အပြာနု ရောင် Shirt ပဲရွေးလိုက်မိတယ်
Jeongက မေမေ့အသိ မိတ်ဆွေရဲ့ သား
ရေမြေခြားမှာ ကြီးခဲ့ရတဲ့ Jeong ကို
ဒီနိုင်ငံရောက်တုန်း အလည်အပတ်
လိုက်ပို့ဖို့ မေမေက
အကူအညီတောင်းလာသည်။"Kyuလေးရယ် ကလေးကို သေချာလေးဂရုစိုက်ပေးလိုက်ပါဦးနော် "
သူနာမည်က Jeong မဟုတ်ပေမယ့် ကျွန်ေတာ့်ကို Jeong ပဲ ခေါ်စေခဲ့သည်။
မိုးပြာရောင် အနု shirt လေးနဲ့ ဂျင်းဘောင်ဘီကို တွဲဖက်၀င်ဆင်ထားပြီး သူမတူတဲ့ အပြုလှလှလေးနဲ့ ပြုံးပြနေတဲ့သူ
သူက....................
ကျွန်တော့် ကို စောင့်နေတဲ့ Jeong....." စောင့်ရတာ ကြာသွားပြီလား Jeongwoo? "
"Jeong လို့ခေါ်ပါ ဆိုဗျာ.. "
"နှုတ် မရဲ လို့ကွာ ကိုယ့်ကို နားလည်ပေးမယ်မလား?"
"ဒီနေ့ ကျွန်တော့်မွေးနေ့လေ....အလိုမလိုက်ချင်ဘူးလား...' ကိုကို ' "
" ....."
" Jeong "
" ရပြီလား... သွားကြ မယ် နေမြင့်ရင် မကောင်းဘူး "
............
သူမွေးနေ့မလို့ Mall ထဲ လိုချင်တာတွေပတ်၀ယ်ခဲ့ကြသည်။စက်လှေကား က ပြန်အဆင်း......
" ' ကိုကို ' ဘာတွေ၀ယ်လာတာလဲ အများကြီးပဲ?"
"ပြောပြစရာလား ကွာ....ဗိုက်ဆာနေပြီ
တစ်ခုခုသွားစားကြမယ်..."မိုးရာသီမလို့ ကြမ်းပြင် တွေဟာရေနဲ့ ချော်နေတယ်
'Omma!!! '
နာကျင်ပြီ လို့ထင်ထားပေမယ့်
သူရဲ့ ရင်ခွင်နွေးနွေးလေး
ဒိတ် ဒိတ် ဒိတ် ခုန်နေတာ
သူရင်ခုန်သံလား ....ကျွန်တော့် ရင်ခုန်သံလား...
Jeongနဲ့ ကျွန်တော် လူချင်းခွာလိုက်တယ်
"ကျေးဇူးနော်....Jeongwoo "
ပြုံးနေတဲ့ မျက်နှာလေးက မျက်ခုံးတွေ တွန်ချိုးသွားပြီး....