အပိုင်း 1 (U+Z)

1.9K 44 7
                                    

"ဘာလိုလိုနဲ့ ကျောင်းတောင်ပြန်ဖွင့်တော့မှာပဲ
2လ ပိတ်တာကလည်းမြန်လိုက်တာ"

ရှိုင်း တစ်ယောက်အပုံဆွဲရင်း အဆောင်မှာတဖွဲဖွဲရောက်နေကြတဲ့ ကျောင်းသားတွေကြောင့်ငြီးငြူမိသည်

ရှိုင်း ကဒီနှစ်တတိယနှစ်တက်ရမှာဖြစ်သည်
မကြာခင် သူ့အခန်းဖော်လည်းရောက်လာတော့မှာပင်
ဂျူနီယာလား အတန်းဖော်လားသာမသိရတာ
စီနီယာတော့မဖြစ်နိုင်
ဘာလို့ဆို ဒီကျောင်းမှာ တတိယနှစ်က အကြီးဆုံးအတန်းလေ
ပြောင်းလဲသွားတဲ့ 4နှစ်သင်ပညာရေးစနစ်ကြောင့်
သူတို့ တတိယနှစ်သမားတွေက ဒီကျောင်းမှာ စီနီယာ အကျဆုံးဖြစ်သည်

ရှိုင်းအတွေးမဆုံးသေးဘူး
သူ့အခန်းတံခါးကိုဖွင့်ပြီးကောင်လေးတစ်ယောက်ခပ်တည်
တည်ဝင်ချလာသည်

"ဒီကောင် ဘာလဲဟ မပြောမဆိုဝင်ချလာတာ
နီတိ မရှိဘူး"(နီတိ-စာရိတ္တနှင့်ပြည်သူ့နီတိ ကိုဆိုလိုခြင်းဖြစ်သည်/ရှိုင်း တို့ကျောင်းမှာကျောင်းသားတိုင်းသိတဲ့ သုံးတဲ့ ဗန်းစကားလေ)

အဲ့စကားကို ရှိုင်း စိတ်ထဲကသာပြောလိုက်ခြင်း.....
တကယ့်လက်တွေ့မှာတော့ အဲ့ကောင်လေး ကိုလှည့်တောင်မကြည့်မိ

"ဟူး...မောလိုက်တာ
ကျောင်းကလည်း ဘယ်ချောင်ထဲမှာများ လာဆောက်ထားလဲ မသိဘူး"
သူရိန် စိတ်ပျက်လက်ပျက် တွေးမိလိုက်ခြင်း......
တကယ်ဆို သူဒီကျောင်းကို စိတ်ကျ ရွေးချယ်ခဲ့တာမဟုတ်
မေမေ့ ဆန္ဒကြောင့်သာ

မလာချင်လာချင် လာခဲ့ရတဲ့အပြင် လမ်းတစ်လျှောက်လုံးလည်း
အဆင်မပြေမှုတွေချည်းပဲ
တကယ်စိတ်ရှုပ်ရသည်
ကျောင်းဝန်းထဲရောက်တော့လည်း ကိုယ်ထင်ထားတဲ့အတိုင်း မဟုတ်တော့ အမောဆို့ရပြန်သည်

အဆောင်မှူးပြောသည့်အခန်းနံပါတ်ကိုရှာပြီး ဝင်လာတာပဲ
လူရှိနေမယ်လို့ မထင်ထားဘူး
တစ်ခန်း 2ယောက်နေရမှာတဲ့.....
မတတ်နိုင်ဘူးလေ ရောက်လာပြီးမှတော့....
အဆင်ပြေအောင််နေရမှာပဲ

အချိန်ကုန်တာကလည်း မြန်လိုက်တာ
ကျောင်းဖွင့်တာတောင် 1လပြည့်သွားပြီ......
1လသာ ပြည့်သွားတယ် ရှိုင်း သူ့ရဲ့အခန်းဖော်ကောင်လေးနဲ့ စကားတစ်ခွန်းမှ မပြောမိသေးဘူး
သူ့ဘက်ကလည်း စမခေါ်သလို ကိုယ့်ဘက်ကလည်းစမခေါ်မိ
ရှိုင်းက အစကတည်းက အပေါင်းအသင်းမှာအားနည်းတဲ့သူဖြစ်သည် တစ်ဖက်လူက စမခေါ်ဘဲ မခေါ်တတ်
ပြီးတော့ ဒီနှစ် က စာပိုကြည့်ရတော့ပိုဆိုးတာပေါ့
တ-နှစ် မှာကဘာသာအားလုံးအင်္ဂလိပ်လိုတွေချည်းပဲ ဒါကြောင့် အရင်နှစ်တွေကထက် ပိုကြိုးစားရသည်
အချိန်ပို သိပ်မရှိ
ပ-နှစ်နဲ့ ဒု-နှစ်တုန်းကတော့ စာတွေက မြန်မာလိုဆိုတော့ သိပ်အားထုတ်စရာမလိုဘူး
အဆင်ပြေတယ်လေ......
ရှိုင်း အဝတ်ခေါက်ရင်း အတွေးထဲ မျှောနေစဥ် ခေါ်သံကြောင့် လှည့်ကြည့်မိလိုက်တော့ အခန်းဖော်ကောင်လေးပင်
ထူးထူးခြားခြားပါလား..........

အချစ်စတင်ရာ ကောလိပ် (စဆုံး)Where stories live. Discover now