" အခုချက်ချင်း အခန်းထဲ ပြန်ဝင် ... အီရီခီ။ "
သြဇာအာဏာအပြည့်ပါနေတဲ့ အသံခပ်ရှရှနောက်မှာ ရပ်တန့်သွားသည်က သူ့ခြေလှမ်းတွေ။ သူနဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ မေမေနဲ့ ဖေဖေ့ကို ချွမ်ရွေ့ သည်အတိုင်းပဲ ကြည့်နေမိသည်။ သူ့ဘေးတစ်ဖက်မှာတော့ ထိုလူ။
အီရီခီက ထင်ထားတာထက် ခေါင်းကြောမာသည်။ လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက်နဲ့ပင် ထိုနေရာမှာ ပေတေတေ ရပ်နေစဲ။
" ဟက် ... ! "
ခနဲ့ရယ်သံက ထိုလူ့ဆီမှ။ တင်းနေအောင် ဆုပ်ထားတဲ့ လက်သီးဆုပ်တွေက အနည်းငယ် ပြေလျော့ချင်သွားသည်ဆိုတာကို သူကိုယ်တိုင်ကလွဲ မည်သူမှ မသိဖို့မျှော်လင့်ပါသည်။ အထူးသဖြင့် ထိုလူ။ သူ့ရယ်သံနဲ့တင် ရီခီတစ်ယောက် အားလျော့သွားသည်ဆိုသည့်အကြောင်းကို သူ သိလို့မဖြစ်။ သိိသွားပါက သေချာပေါက် ဟားတိုက်ရယ်မည့်လူပေါ့။
သူနဲ့ အနီးဆုံးကို ရောက်လာသည့် ယောက်ျားဆန်လွန်းတဲ့ ရေမွှေးနံ့ပြင်းပြင်း။ သူ့ဘေးကို ဖြည်းဖြည်းချင်း ကပ်လာသည့်သူက သူနဲ့ အနီးဆုံးမှာ။ သူကတော့ သူ့ကို အသနားခံကာ ကြည့်နေတဲ့ ဖေဖေနဲ့ မေမေ့ကိုသာ ကြည့်နေမိသည်။
" မင်းမိဘတွေကို နောက်ထပ် ထပ်မတွေ့ချင်ဘူးဆို မင်းစိတ်ကြိုက် ခေါင်းကြောမာလို့ရတယ် ... အီ ရီ ခီ။ "
တစ်လုံးချင်းစီ ပီပီသသ ခေါ်လာတဲ့ သူ့နာမည်အဆုံးမှာ ထိုလူ့မျက်နှာကို ရီခီ ချက်ချင်း ကြည့်လိုက်မိသည်။ အောက်နှုတ်ခမ်းသားကို နာနာဖိကိုက်ရင်း၊ ဒေါသအဆုံးစွန် ဖြစ်တည်နေတဲ့ အကြည့်တွေနဲ့ နာကျည်းစပြုရင်း။
" ကဲပါကွယ် ... ဖေဖေတို့ ပြန်တော့မယ်။ ဖေဖေတို့က ချွမ်ရွေ့ အဆင်ပြေလားဆိုတာလေး လာကြည့်ရုံပါပဲ။ ဒီမှာနေဖို့လည်း အစီအစဥ် မရှိပါဘူး။ မနက်ဖြန် ရှန်ဟိုင်းကို ပြန်တော့မှာ။ ကဲ ... ပြန်ကြစို့။ ကိုယ်တို့သားလေးလည်း အဆင်ပြေပြေရှိနေတာပဲ မဟုတ်လား။ မင်း စိတ်ချတော့။ "
ဖေဖေက သူ့ကို ပြောသည်။ ထို့နောက် မျက်ရည်တွေ ဝဲနေတဲ့ မေမေ့ကို ပြောသည်။ မေမေက သူ့ကို ပြုံးပြပြီး ဖေဖေ့လက်ကို ဆုပ်ကိုင်ကာ ထွက်သွားသည်။ သူကတော့ သည်အချုပ်အနှောင်ထဲမှာ နောက်တစ်ကြိမ် ကျန်နေခဲ့ရပြန်သည်။
YOU ARE READING
𝖽𝗈𝗇'𝗍 𝗀𝗂𝗏𝖾 𝗆𝖾 𝗍𝗁𝖺𝗍 𝖿𝖾𝖾𝗅𝗂𝗇𝗀 [ 𝖼𝗈𝗆𝗆𝗂𝗌𝗌𝗂𝗈𝗇 ]
Fanfiction𝗅𝖾𝖾 𝗃𝖾𝗈𝗇𝗀𝗁𝗒𝖾𝗈𝗇 & 𝗌𝗁𝖾𝗇 𝗊𝗎𝖺𝗇𝗋𝗎𝗂 | 𝗈𝗇𝖾𝗌𝗁𝗈𝗍