"မေ ဒီနေရာပဲ ကိုယ့်နောက်ကိုလိုက်လာခဲ့လိုက်"
လို့ ကျွန်တော်ကပြောပြီး အပေါ်ကိုတက်သွားခဲ့တယ်.."Wow! ဒီနေရာကအရမ်းမိုက်တာပဲ" လို့ပြောပြီး
မေအောက်ထပ်ကိုပြေးဆင်းသွားလိုက်တယ်"မေ ဖြေးဖြေးဆင်း ပြုတ်ကျအုံးမယ်"
လို့ ကျွန်တော်ကပြောတဲ့အခါ မေကကျွန်တော်ကိုလှမ်း
ကြည့်လိုက်တယ်.."Ahh..မောင်ကလည်း အရမ်းနှေးတာပဲမြန်မြန်လေး လာပါ " လို့ မေပြောနေတဲ့အချိန်မှာပဲ
"မေ!!!! မဖြစ်ဘူး!!!! "
မေပြုတ်ကျသွားတဲ့အချိန်မှာပဲ ကျွန်တော်ရဲ့အော်တဲ့အသံကို သူမနောက်ဆုံးကြားခဲ့ရတယ်..
---------------3 လကြာပြီးတဲ့နောက်
"အမေ,မေရဲ့အခြေအနေဘယ်လိုလဲ"
လို့ ကျွန်တော်မေးခဲ့တယ်...ကျွန်တော်က မေရဲ့ အမေကို "အမေ"လို့ပဲခေါ်တယ် ဘာလို့လဲ ဆိုတော့ ကျွန်တော်နဲ့မေကစေ့စပ်ထားကြလို့ပါ..
"သူမအခုထိသတိမရသေးဘူး" လို့အမေငိုရင်းပြောခဲ့
တယ်"မေ့ရဲ့အခြေအနေကတော်တော်ဆိုးတယ် သူမကပြုတ်ကျတာအရမ်းများပြီးတော်တော်ထိခိုက်သွားတယ်...ပြီးတော့သူမအတိတ်မေ့သွားနိုင်တယ်"
"မဟုတ်ဘူး ကျေးဇူးပြုပြီး အဲ့လိုမဖြစ်ပါစေနဲ့"
"လူနာနာမည်က မေသစ္စာမောင် အိမ်ကရှိပါသလား သူမသတိပြန်ရနေပြီ" လို့ သူနာပြုဆရာမကပြောခဲ့တယ်.....
သူနာပြုရဲ့အော်သံကြားတာနဲ့ အမေနဲ့ ကျွန်တော် သူနာပြုဆရာမကိုမစောင့်ပဲ မေ့အခန်းဆီကိုပြေးသွားခဲ့တယ် ဟိုရောက်တော့ မေအေးအေးဆေးဆေးထိုင်နေတာကိုတွေ့ခဲ့တယ်"မေ အဆင်ပြေလား?" လို့ ကျွန်တော်က မေးတဲ့အခါ မေက ခေါင်းညိမ့်ပြခဲ့တယ်..
"မေကဘယ်သူလဲ "ဆိုပြီး သူမမေးခဲ့တယ်
"အဲ့တာသမီးလေ မမှတ်မိဘူးလား? " ဆိုပြီးအမေက မေ့ ကိုပြန်မေးခဲ့တယ်
"Ahhh...ဘာမှကိုမမှတ်မိဘူး နိုးလာတော့ဒီအခန်းဖြူကြီးထဲရောက်နေတာပဲသိတယ်"
"ဒုက္ခပဲ သ-သ-သမီးလေး အတိတ်မေ့သွားတာလား?'
"ဒေါက်တာရေ"
"Oh တောင်ပန်းပါတယ် ဆရာ့အထင်သူမမှတ်ဉာဏ်တွေပျောက်ဆုံးသွားပြီနဲ့တူတယ်""မေက ကျွန်တော်နဲ့ပက်သက်တာတွေ ဘာမှမမှတ်မိတော့ဘူး "
"မဖြစ်နိုင်ဘူး "
"သူရထင်ရှိန် သမီးလေးကိုမအော်ပါနဲ့!"
"ကျွန်မချစ်သူရော"
"ကိုယ်လေ ကိုယ်ဒီမှာလေ"
"မဟုတ်ပါဘူး ရှင်ကသူနဲ့မတူပါဘူး"
မေတကယ်မမှတ်မိတာပဲ...
"ဟော ဟိုမှာ မင်းခန့်မောင် ပဲ!"
"မေ မင်းသူကိုမှတ်မိလား?"
"မှတ်မိတာပေါ့ သူကကျွန်မရဲ့ချစ်သူလေ" ဆိုပြီး ပြုံးပြီးပြောခဲ့တယ်
"မဟုတ်ဘူး သူကကိုယ်မဟုတ်ဘူးလေ"
"တော်ပါတော့ ကျွန်မက မေ မဟုတ်ဘူး ကျွန်မက
ဘရဏီမောင် ပါ""ဟုတ်ပါတယ် ဘရဏီမောင် ပါ ဒါပေမဲ့ မင်းရဲ့ Nickname ကတော့ မေ ပဲလေ "
"အဲ့တာကဘာဖြစ်လို့လဲ အဲ့တာက Nickname ပဲလေ ဘာမှမဖြစ်ဘူး "
"မဟုတ်ဘူးလေ မင်းကအဲ့နာမည်ကိုကိုယ်တစ်ယောက်တည်းခေါ်တာပဲကြိုက်တာလေ"
"မင်းအဆင်ပြေလား " လို့ မင်းခန့်မောင် ကမေးခဲ့တယ်..
ကျွန်တော်တွေ့ခဲ့တယ် မေ ကမင်းခန့်မောင် ရဲ့ လက်လေးကိုင်ပြီးပြုံးနေခဲ့တာကို...
"မင်းခန့်,သူမကမင်းကိုမှတ်မိတယ်"
"Huh?သူမကအတိတ်မေ့နေတာမလား ဒါဆိုဘာလို့
ကျွန်တော်ကိုပဲမှတ်မိပြီး အကိုကိုဘာလို့မမှတ်မိရတာလဲ HAHA""ဟေ့ရောင်!!!အဲ့တာကဟာသမဟုတ်ဘူး ရယ်စရာမကောင်းဘူးနော် " ဆိုပြီး သူရထင်ရှိန် ငိုနေရင်းပြောခဲ့တယ်
အဲ့တာကရယ်စရာမဟုတ်ဘူး သူရထင်ရှိန်က သူကိုမမှတ်မိတော့တဲ့ မေ့ ကိုကြည့်ရင်းငိုနေခဲ့တယ်..
"မေ မင်းကိုယ်ကိုမှတ်မိဖို့မကြိုးစားဘူးလား"
"ရှင်ဘယ်သူမို့လို့ကျွန်မကိုအမိန့်လာပေးနေတာလဲ? ကျွန်မရဲ့အဖေလား?ကျွန်မသိတာကတော့ရှင်ကကျွန်မကို စိတ်ရှုပ်အောင်လုပ်နေတာပဲ ရှင်ဘာလို့အခုထိဒီအခန်းထဲကမထွက်သွားရသေးတာလဲ"
"မေ ကိုယ်အခုဘယ်လောက်တောင်ခံစားနေရလဲမင်းသိလား"
