"ဟျောင့် ဒီနေ့ပြီးရင် ပြီးပြီနော်"
"ဘာလဲ ဇော်ထိုက်ရ အစမရှိအဆုံး"
"အေ့ လေ ဘာပြောချင်တာလဲ"
အိမ်သာကြမ်းပြင်တွေ ဆေးနေရင်းမှ ဇော်ထိုက်ရဲ့ စကားကြောင့် အကုန်လုံးရဲ့ အကြည့်ကသူ့ဆီမှာ
ဘာကိုဆိုလိုတာလဲဟူသောအမေးနဲ့ ........."အာ....မင့်တို့ကလည်း ဝေးလိုက်တာ"
"လိုရင်းရောက်အုန်းမှာလား ဟမ်"
"နောက်နေ့ အိမ်သာဆေးစရာ မလိုတော့ဘူးလို့ ပြောချင်တာ ဟ"
သူရိန် ငေါက်လိုက်မှ လိုရင်းရောက်လာသော စကား
"သူရိန် မင့်ကြောင့်နော်"
"လာပြန်ပြီ ဇော်ထိုက်
မင့်လေ စကားပြောရင် အမြဲ အဲ့လိုပဲ
ဘယ်တုန်းကမှ လိုရင်းရောက်အောင် မပြောဘူး
တစ်ဝက်တစ်ပျက်နဲ့....""သူရိန် စလို့အခုလို အပြစ်ပေးခံရတာလေ"
"ဘာဆိုင်လို့........အမေဘယ်လောက်ချော့ချော့ မအိပ်ချင်တဲ့ကလေးက မအိပ်ဘူး ရှင်းလား
မင့်တိုလည်းစိတ်ပါလို့ ဖြစ်တာ
ဘာ အခုမှ ငါ့အပြစ်လဲဟ""အံမယ်......ခွေးပါးစပ်က နတ်စကားထွက်လို့
စကားပုံတွေ ဘာတွေနဲ့ ဟား....ဟား....ဟား""မင့်တို့ပြောမှ ငါကမကောင်းတဲ့သူ လူဆိုးကိုဖြစ်လို့"
"မဟုတ်လို့လား"
"နည်းနည်းပါကွ"
"ဟား ဟား ဟား.........."
"အခုကော ဘယ်ကောင်မလေးနဲ့ တွဲနေပြန်ပြီလည်း
ချိန်းတာတွေတောင် မတွေ့ရဘူး
ဝင့်ရတီ ကိုအတည်ချစ်သွားတာလည်း""ပေါက်တတ်ကရ ဝင့်ရတီနဲ့က ပြီးသွားပြီကွ
သူနဲ့ ငါ အပြတ်ရှင်းပြီးပြီ....
အခု ငါကလိမ်လိမ်မာမာ နေဖို့ ဆုံးဖြတ်ထားတာ""အဲ့ဒါကြောင့် ဒီနေ့မိုးအုံ့နေတာကို"
"ငါအတည်ပြောတာ မစနဲ့"
"ပြောပါအုန်း ဘယ်သူ့ကြောင့်လဲ"
"မမဆု ကြောင့်လေ"
"မင့်က ဘယ်လိုသိ"
နိုင်လင်း ပြောတာမှန်သည်
တ-နှစ် က ဆုနှင်းဆီ ဆိုတဲ့ကောင်မလေးကြောင့်ပင်
ဟိုတစ်နေ့က ကန်တင်းမှာတွေ့လိုက်တာ မမဆုကို.. အရမ်းကျက်သရေရှိတာပဲ ရိုးရိုးယဥ်ယဥ်လေးနဲ့.....
YOU ARE READING
အချစ်စတင်ရာ ကောလိပ် (စဆုံး)
Roman d'amourကောလိပ်မြေမှာ ဖူးစာဆုံမယ့်ဇာတ်လမ်းလေးပါ ကျောင်းဆရာအလုပ် လုပ်မယ့်lgbtသူတို့နှစ်ဦးအတွက် ရင်ဆိုင်ရမယ့် ပြသနာတွေ အခက်အခဲတွေဆိုတာ သေချာပေါက်ရှိလာမှာပါ အဲ့ဒါတွေကို သူတို့ဘယ်လိုရင်ဆိုင်မှာလဲ အလျှော့ပေးမှာလား ရင်ဆိုင်မှာလား သူတို့ရဲ့ ဆက်ဆံရေးကကော အဆင်ပြေချေ...