Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၁၆) --------
ရေပန်းအောက်မှာရှိနေတာ
နာရီဝက်ကျော်လောက် ရှိနေပေမဲ့
သွေး ကိုယ့်ကိုယ်ကိုယ်
သန့်စင်သွားတယ်လို့မထင်သေး။တစ်ကိုယ်လုံးကို အကြမ်းပတမ်း
ပွတ်တိုက်ထားတာကြောင့်
သွေးကိုယ်လေးက နီရဲလို့ပင်နေပြီ။စိတ်ကျေနပ်လောက်ပြီဟုထင်ကာမှသာ
သွေး ရေချိုးခန်းထဲမှ ထွက်ခဲ့ပေမဲ့
ထိုလူက ပြန်မသွားသေးဘဲ
အခန်းထဲမှာ ရှိနေတုန်း။ကိုယ်မှာပတ်ထားသည့် ရေလဲသဘက်လေးအား
သွေးဆုပ်ကိုင်လိုက်တာကိုမြင်တော့
ရဲနောင် သဘောကျစွာရယ်ရင်း၊"ဘာဖြစ်လို့လဲ! ငါ့ရှေ့မှာ
အဝတ်လဲရမှာကို ရှက်လို့လား..
မင်းခန္ဓာကိုယ်မှာ ငါမမြင်ဖူးတဲ့နေရာများ
ရှိသေးလို့လား ...ငါတို့ အဲ့ဒါကိုလုပ်တာတောင်
ခုက ပထမဆုံးလည်းမဟုတ်ဘဲနဲ့ "ရဲနောင်ရဲ့အပြောမှာ သွေးရှက်စိတ်ကြောင့်
ကိုယ့်ကိုယ်ကိုယ်ပင် သတ်သေချင်မိသွားရသည်။"လူယုတ်မာ!! ကျွန်မ ရှင့်ကို
ဒီအတိုင်းထားမယ်ထင်နေလား
ကျွန်မ ရဲကိုတိုင်ပြီး ရှင်အပြစ်ပေးခံရအောင်လုပ်မှာ
ရှင့်လိုလူမျိုးက တစ်သက်လုံး
ထောင်ထဲမှာပဲ အရိုးဆွေးသင့်တယ်""ဟားဟားဟားး မင်း လုပ်ရဲတာရော
သေချာရဲ့လား 'လရောင်သွေး'
မင်းအကောင်ကို ဒီအကြောင်းတွေ
တကယ်ပဲ ပေးသိရဲရဲ့လားလို့
ကိုယ့်ကိုယ်ကိုယ် အရင် ပြန်မေးကြည့်ပါအုန်း
သူသိရင်တော့ မင်းကိုထားသွားလောက်မယ်နဲ့
တူတယ်နော် "သွေးရဲ့စကားက သူ့အတွက်တော့
ရယ်စရာပျက်လုံးတစ်ခုလိုပင်။
သူမ ဒီလိုမလုပ်ရဲမှန်း သူသိတာပေါ့။
မဟုတ်ရင်၊ သူမ သူ့အောက်ကိုဝင်လာဖို့
ဒီလိုခြိမ်းခြောက်လို့ပင် ရနေမည်မဟုတ်ပေ။သွေးစိတ်ထဲလည်း အနည်းငယ်တွေသွားရပေမဲ့
မခံချင်စိတ်ကြောင့် ပြန်တော့ပြောလိုက်ဆဲ။"ရှင့်လိုလူက မောင့်ကိုဒီလို
လက်လွတ်စပယ်ပြောဖို့အတွက် တန်လို့လား!
ရှင်က အချစ်စစ်ဆိုတာမျိုးကို
ဘယ်လိုလုပ်ပြီးတော့ နားလည်ပါ့မလဲ...
မောင်က ကျွန်မကိုအရမ်းချစ်တာ
သူ ဘယ်တော့မှ ကျွန်မကိုထားသွားမှာမဟုတ်ဘူး"