Unicode
ယဲဖန်သည် လေယာဥ်ပေါ်မှ ဆင်းပြီးနောက် ကျောက်ရှီအုပ်စုသို့ ဦးတည်သည့် တက္ကစီအားငှားလိုက်သည်။
ယဲဖန်သည် ကျောက်ရှီအုပ်စုသို့ လျှောက်လာသည်နှင့် လူအများ၏စိတ်ဝင်စားမှုကို ခံလိုက်ရသည်။
ယဲဖန်ကို တွေ့တော့ ဧည့်ခံကောင်တာမှ ယဲဖန်အား ကြည့်ကာ မေးလိုက်၏ "တစ်စိတ်လောက်ရှင့်။ ဘယ်သူ့ကို လာရှာတာလဲ"
"ကျွန်တော် ပိုင်ယွင်ရှီကို လာရှာတာ"
"မင်းမှာ ချိန်းထားတာရှိလား" ကောင်တာမှအမျိုးသမီးက အေးစက်စွာ မေးလိုက်၏။
ယဲဖန်သည် မေးကို မြှောက်ကာ "ပိုင်ယွင်ရှီနဲ့ ကျွန်တော်တို့ဆက်ဆံရေးမှာ ရက်ချိန်းလိုသေးတာလား"
"ကျွန်မ အားနာပါတယ်။ မင်းမှာ ရက်ချိန်းမရှိရင် ကျွန်မ ဝင်ခွင့်ပြုလို့ မရပါဘူး။ နေ့တိုင်း ဒီမှာကို ဥက္ကဋ္ဌပိုင်နဲ့ တွေ့ချင်တဲ့လူတွေအများကြီးရှိတယ်ဆိုတာ မင်းသိသင့်တယ်။ ဥက္ကဋ္ဌပိုင်သာ သူတို့အားလုံးကို တွေ့မယ်ဆိုရင် မောပန်းပြီး သေသွားလိမ့်မယ်" ကောင်တာမှအမျိုးသမီးက အပြုံးလေးနှင့် ရှင်းပြသွား၏။
ယဲဖန်သည် သူမကို ဒေါသတကြီး စိုက်ကြည့်ပြီး အံ့ကြိတ်ကာ ပြောလိုက်၏ "ဒါဆိုလဲ ကျွန်တော်ပဲ သူ့ကို စောင့်လိုက်မယ်"
ထို့နောက် ဘေးရှိ ဆိုဖာတွင် ထိုင်လိုက်သည်။ တခဏကြာတော့ ခြေတံရှည်မိန်းမလှလေးသည် ဝင်လာပြီး ဥက္ကဋ္ဌပိုင်နှင့် တွေ့ချင်ကြောင်း ကောင်တာကိုပြောလိုက်သောအခါ ဝင်ခွင့်ပြုလိုက်လေသည်။
ယဲဖန်သည် ဒေါသတကြီးဖြင့် ကောင်တာသို့ သွားကာ "သူမကတော့ ဝင်ခွင့်ရပြီး ကျွန်တော်ကျ ဘာလို့ဝင်လို့မရတာလဲ"
"မစ်ယွင်ရှန်းရှန်က ကျွန်မတို့ရဲ့ မော်ဒယ်ဖြစ်ပြီး ဥက္ကဋ္ဌပိုင်ရဲ့ ချစ်သူလေ" ကောင်တာမှအမျိုးသမီးက ပြော၏။
"မင်း ဘယ်လိုပေါက်ကရစကားတွေပြောနေတာလဲ။ ပိုင်ယွင်ရှီမှာ ချစ်သူမရှိဘူး"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...