Part 10 {Z+U}

3 1 0
                                    

{ZAWGYI}

မိုးမြေ့မာန် တစ်ယောက် ဒေါသတွေနဲ့ အိမ်အပြင်ထွက်လာခဲ့တယ်။

"ဒီမိန်းမကြီးကတော့..... ဟင်း...လူလူချင်း ခွဲခြားဆက်ဆံလွန်းတယ်"

ဒေါသ ကြီးစွာ အနောက်ကိုလှည့်ကာ အိမ်ဘက်ကို လှည့်ကြည့်ရင်း ပြောနေသော မိုးမြေ့မာန် တစ်ယောက်က ကလေးလေး တစ်ယောက်လို ချစ်စရာကောင်းနေပြန်သည်။

ထိုစဉ်~~~~

တီ~တီ~တီ~တီ~

"ဟင်...."

သူမ ပိုက်ဆံအိတ်ထဲက ဖုန်းကို ထုတ်ပြီး ကြည့်လိုက်ရာ... သူမရဲ့ မိခင်ဖြစ်နေသည်။

"ဟယ်လို အမေ"

"မိုးမြေ့ သမီး ဘယ်ရောက်နေပြီလဲ?"

"သမီးလား... အိမ်ပြန်လာတော့မှာ အမေရဲ့"

"ဟုတ်လား... မြန်မြန်ပြန်လာကွယ် အမေ ပြောစရာရှိလို့"

"ဒီမှာပဲ ပြောလိုက်လေ အမေရဲ့"

"ရှည်တာ့ မိမိုးမြေ့မာန် ရယ် အမေက အိမ်ပြန်လာခဲ့ဆို ပြန်လာပေါ့ကွယ်"

"ဟုတ်ကဲ့ပါ"

သူမ ဖုန်းချလိုက်သည်။ သူမ အမေ ဘာများ ပြောချင်လို့လိမ့်။

နောက်နှစ်နာရီကြာသော်~~~~

မိုးမြေ့မာန် တစ်ယောက် အိမ်ကို ပြန်ရောက်လာသည်။ အိမ်ရှေ့ဧည့်ခန်းတွင် ထိုင်နေသော မိခင်အား တွေ့လိုက်ရသည်။ ဖိနပ်စင်တွင် ဖိနပ်ကို သေချာချွတ်နေတုန်း ဘေးအိမ်မှာ လူတစ်ယောက်မှ မတွေ့။ သူမ မိခင်ကတော့ သူမကို စောင့်ရင်း စာအုပ်ဖတ်နေလေသည်။ မိုးမြေ့လဲ မိခင်ဆီ လျှောက်လှမ်းလာတယ်။

"အမေ...."

"သမီး... မိုးမြေ့ ခုမှ ရောက်လာတယ်ကွယ်.."

"ဘာဖြစ်လို့လဲ အမေရဲ့...."

"သမီးရဲ့ ညီမလေး ကကြိုးပေါ့ စာမေးပွဲကျလို့တဲ့... မိသားစုတွေ စကားများ ရန်ဖြစ်ကြတယ်... ခုတော့ ကကြိုးလေးကို သူ့အမေက အိမ်က နှင်ထုတ်လိုက်တယ်ကွယ့်...."

မိခင်ရဲ့ စကားအဆုံးမှာ မိုးမြေ့ လဲကျ မလိုတောင် ဖြစ်သွားသည်။

"ဟဲ့...ဟဲ့... သမီးရယ် သတိထားမှပေါ့... ဘာမှစိတ်မကောင်း မဖြစ်ပါနဲ့ကွယ်.... ကကြိုးလေးက အရွယ်ရောက်နေပါပြီ..."

🌹 နှင်းဆီပင်၏ ဆူးညှောင့်များ[𝐌𝐲 𝐑𝐨𝐬𝐞𝐬](GL)Where stories live. Discover now