ပန်းပွင့်ကြွေတွေ ပြန့်ကြဲကုန်တာ
မြက်ခင်းစိမ်းဆီမှာ
မင်းအချစ်သာ မွှေးရနံ့ထင်စွဲလာ....။~~~~
အထက်တန်း ဒုတိယနှစ် 2000ခုနှစ်။
ဒေါက်! ဒေါက်!
“ ချွဲဘောမ်ဂယူ...နားထောင်နေရဲ့လား ”
ပူပူပြင်းပြင်းရာသီဥတုမှာ ပြတင်းပေါက်နားကလာရောက်လည်ပတ်လေ့ရှိတဲ့ လေအေးတွေကြောင့် ခဏတာ အပူဒဏ်ကိုအံတုနေရာကနေ သူဟာ ငိုက်မြည်းမိသွားပုံရသည်။ ဝိုင်းကြည့်နေတဲ့ အတန်းဖော်တွေနဲ့အတူ ပါဝါထူထူမျက်မှန်ကြီးအောက်ကနေ မျက်လုံးလှန်ကြည့်ရင်း ပေတံတစ်ချောင်းနဲ့ခုံခေါက်မေးလိုက်တဲ့ ဆရာမကြောင့်သူဟာ ရုတ်တရက် အပြစ်ရှိသွားသလိုခံစားလိုက်ရပြီး သက်ပြင်းခပ်ဖွဖွချမိလိုက်သည်။
“ ဟုတ်ကဲ့...နားထောင်နေပါတယ် ”
ခပ်တိုးတိုးတုံ့ပြန်သံကြားထဲအခါ စာသင်နေတဲ့ဆရာမဆီက “ အိပ်ငိုက်နေတာ မြင်တယ် ” ဆိုသည့်သဘောနဲ့အကြည့်တစ်ချက်ကိုလက်ခံရရှိရင်း ပျင်းရိဖွယ်ကောင်းတဲ့စာသင်ချိန်ဟာ တစ်ဖန် အသက်ဝင်လာတော့သည်။ ပြတင်းပေါက်ဘက်က လေအေးအေးလေးတွေ ဝင်လာတိုင်းလည်း သူ့မှာတစ်ဖန်ပြန်မငိုက်မိအောင်ထိန်းထားရတာခဏခဏ။
ချွဲဘောမ်ဂယူဟာ ထိုမြို့ငယ်လေးကိုပြောင်းလာတာသိပ်မကြာသေးပေ။ ဒါကြောင့်လည်း ပတ်ဝန်းကျင်ကအရာအားလုံးဟာ သူနဲ့စိမ်းသက်သက်။ အပေါင်းအသင်းကစလို့ ဒီလိုရာသီဥတုလေးအထိပေါ့။ ပိုက်ဆံလုံလုံလောက်လောက်ရှာပြီးရင် အေးအေးချမ်းချမ်းမြို့လေးတစ်မြို့မှာ အခြေချချင်ပါတယ်ဆိုတဲ့ မေမေ့ဆန္ဒကြောင့် ဒီလိုမြို့လေးဆီရောက်လာခဲ့ပေမယ့် သူဟာ ပြည့်စုံတာထက်ကိုပိုသည်။
ဆံပင်ခပ်အုပ်အုပ်လေးတွေအောက်မှာ ချွေးသီးလေးတွေတွဲလွဲခိုရင်း တစ်ခါတစ်ရံနားထင်အထိစီးကျလာတတ်တာမို့ အင်္ကျီလက်စနဲ့ ဖိသုတ်ရင်း နားထဲဝင်တစ်ချက် မဝင်တစ်ချက် စာတွေကြားမှာ အာရုံစုစည်းနေရာတာဟာလည်း ခက်ခက်ခဲခဲပင်။
ကျန်တဲ့အတန်းဖော်တွေကတော့ထိုအခြေအနေကိုအသားကျနေသလိုကိုဘာမှမဖြစ်။ သူတစ်ယောက်ထဲသာ နေပူထဲပစ်ထားတဲ့ ဖယောင်းရုပ်လေးလို အရည်ပျော်ကျမတတ်ဖြစ်နေတာပင်။
YOU ARE READING
ငယ်ချစ်ပုံပြင် | 𝙏𝙖𝙚𝙜𝙮𝙪
Fanfictionပန်းပွင့်ကြွေတွေ ပြန့်ကြဲကုန်ကာ မြက်ခင်းစိမ်းဆီမှာ မင်းအချစ်သာ မွှေးရနံ့ထင်စွဲလာ....။