Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၁၈) --------
"နယော တစ်လုပ်တည်းစားတာ~ ကိုကို "
လက်ညှိုးလေးတစ်ချောင်းထောင်ကာ
နယောပြောလာပေမဲ့
တစ်ဝက်ပင်ကျိုးနေပြီဖြစ်သည့်ကိတ်နှင့်
ခရင်မ်တွေပေပွနေသည့်နယောနှုတ်ခမ်းတို့က
တစ်လုပ်မကမှန်း သိသာလွန်းလှသည်။"နယောသံ!! ကိုကို ဘာပြောထားလဲ
အချိုတွေအစားများလို့ ချောင်းဆိုးရင်ကျပ်ရင်
နှလုံးကိုပါထိခိုက်လိမ့်မယ်လို့
ဆရာဝန်ကလည်း မှာထားတာကို ""ဟွန့်.."
Rainဆူတော့ နယောကနှုတ်ခမ်းလေးစူသည်။
သွေး အလယ်ကနေ ငြိမ်မနေနိုင်တော့။"ဟို.. နယောကိုမဆူပါနဲ့နော်
သွေးက ကျွေးလိုက်မိတာပါ "Rainပုံစံက အတော်လေးစိတ်ဆိုးနေဟန်မို့
သွေး ကြားမှဝင်ကာပြောလိုက်ပေမဲ့၊"ကိုယ် သူ့ကို ချိုတာတွေစားဖို့
ခွင့်မပြုထားဘူး!!
အထူးသဖြင့်... အဲ့လိုအပေါစားကိတ်တွေကို
ကိုယ်တစ်ခါလေးမှ သူ့ကိုမကျွေးခဲ့ဖူးဘူး ""........"
သွေးအားစိုက်ကြည့်ကာ ပြတ်သားစွာ
ပြောလိုက်သည့်Rainက
သွေးကိုပင်နည်းနည်းလေးမှ
မျက်နှာသာမပေးခဲ့။သွေး အံ့သြစွာကြည့်ရင်းက
ခေါင်းငိုက်စိုက်ချလို့သာ
နှုတ်ဆိတ်နေမိသည်။ရင်ထဲဝမ်းနည်းမိတာကြောင့်
မျက်ရည်တွေက ပြည့်လျှံကာထွက်လာ၏။"ကိုကို!! ...
ဘာလို့ အဲ့လိုပြောရတာလဲ
မမသွေးကို အားနာစရာကြီး~ ""......"
"တောင်းပန်ပါတယ်~ သွေးရဲ့အမှားပါ
နောက်ဆိုရင် နယောကို
အပေါစားပစ္စည်းတွေ မပေးမိအောင်လို့
သွေး ဆင်ခြင်ပါ့မယ်..""....."
"မမသွေး ! ! "
သွေးက မော့မကြည့်တော့ဘဲ
အိတ်အားဆွဲလို့သာ
အခန်းထဲမှ ပြေးထွက်လာခဲ့သည်။ရူးသွားပြီထင်တယ်...တကယ်ကိုရူးသွားတာ...
အခြားသောမိန်းကလေးတွေ မရဖူးသည့်
ရင်းနှီးမှုနည်းနည်းလေးကို ရမိရုံနှင့်
သူမဆီမှာအခွင့်အရေးရှိတယ်လို့
ထင်ခဲ့လိုက်မိတာ...။