원샷

1.2K 179 67
                                    

┈•┈୨୧┈•┈


-2016-

ပင်လယ်နားနီးတဲ့ နယ်မြို့လေးတစ်မြို့။

နွေရာသီဖြစ်လင့်ကစား ပင်လယ်ဘက်မှ တဖြူးဖြူးတိုက်ခတ်သည့် လေကြောင့် ကျောင်းရှိရာ စက်ဘီးကိုအသော့နှင်ရင်း နင်းနေတဲ့ နူဖူးပြင်က ချွေးစတို့ဟာ ခြောက်စပြုနေပြီပင်။

"ဟေး ပတ်ဆောင်းဟွန်း!"

နဘေးမှ ဖြတ်ကနဲ ကျော်တက်သွားသည့် စက်ဘီးထက်မှ တစ်ယောက်၏ စစနောက်နောက် အော်သံကြောင့် ဆောနူ၏ ပါးပြင်နုနုအိအိလေးတွေဟာ ပန်းသွေးရောင်ပြေးလာပြီး မထူမပါးနှုတ်ခမ်းသေးသေးလေးအား ဖိကိုက်လိုက်မိသည်။

တစ်ပါတ်အတွင်း အခန်း(၂)ရှိ ကျောင်းသားများထံမှ ထိုသို့ မိမိအားမြင်သည်နှင့် ပတ်ဆောင်းဟွန်းနာမည်ကို ခေါ်ပြီး စနောက်ကြသည်တို့အား အကြိမ်ကြိမ်ကျော်ဖြတ်ခဲ့ရပြီးပြီပင်။

ဆောနူက အခန်း(၁)မှ ဖြစ်ပြီး အခန်း(၂)ဆိုသည်မှာ ပတ်ဆောင်းဟွန်း၏အခန်းပင်၊ ယင်းသို့ စနောက်ခံနေရသည့် အကြောင်းအရင်းသည်လည်း ပတ်ဆောင်းဟွန်းမှတစ်ဆင့် အစပြုခဲ့သည်။

လွန်ခဲ့သည့် တစ်ပါတ်။

မနက်စောစော ကျောင်းသို့ ရောက်သည့်အချိန်၌ သူ့အခန်း၏ ဘေးဘက်မှ အပေါ်ထပ်သို့ တက်သည့် လှေကားတွင် ထုံးစံအတိုင်း အပေါ်ထပ် အခန်း(၂)မှ ကျောင်းသားတစ်စုဟာ စုစုရုံးရုံးနဲ့ ထိုင်နေကြသည်။ ၎င်းမှာ ပုံမှန်သာဖြစ်သည်မို့ အာရုံမထားပဲ အတန်းထဲ ဝင်ရန်ပြင်လိုက်သော်ငြား ထိုအဖွဲ့ထဲမှ တစ်ယောက်၏ အော်သံကြောင့် ဆောနူ၏ခြေလှမ်းတွင်ဟာ တုံ့ကနဲရပ်သွားရ၏။

"ကင်မ်ဆောနူ မင်းကို ဒီကောင်က ကြိုက်လို့တဲ့!"

လှမ်းအော်ပြောသည့်တစ်ယောက်၏ လက်ထဲတွင် ပတ်ဆောင်းဟွန်းက နို့နှစ်ရောင်သမ်းသည့်အသားအရည်များပင် နီရဲလျက် ရုန်းကန်နေသည်။ ထို့အတူ မိမိ အနောက်မှ ကပ်လျက်ပါလာသော အတန်းဖော်မိန်းကလေးတစ်ချို့ထံမှ "အယ် အယ်"ဟူသည်က တစ်မျိုး၊ တစ်ခစ်ခစ်ရယ်သံတို့က တစ်မျိုးဖြင့် ဆောနူနှုတ်ခမ်းအားကိုက်ကာ မသိချင်ယောင်ဆောင်ပြီး အခန်းထဲ ဒုန်းစိုင်းပြေးဝင်လာမိတော့၏။

Once Upon A SummerWhere stories live. Discover now