Uni

4 1 0
                                    

ကလေးငယ်လေးနဲ့ မိုးပျံပူဖောင်းလေးဟာ ကွင်းပြင်ကျယ်ကြီးထဲမှာကစားနေကြတယ်။ ကလေးငယ်လေးနဲ့ မိုးပျံပူဖောင်းလေးတို့တွေ့ခဲ့ကြပုံက နည်းနည်းတော့ဆန်းကြယ်တယ်။ ကလေးငယ်က နေ့တိုင်းလိုလို ကွင်းပြင်ကျယ်ကြီးဆီကိုလာပြီး စွန်လွှတ်လေ့ရှိတယ်။ ပြေးလွှားဆော့ကစားရင်းနဲ့ မောသွားတဲ့အခါ ကွင်းပြင်ကြီးအလယ်မှာရှိတဲ့ သစ်ပင်အကြီးကြီးအောက်မှာ အမောဖြေလေ့ရှိတယ်။ အဲဒီနေ့ကလည်း အရင်နေ့တွေအတိုင်းပါပဲ၊ ကလေးငယ်လေးက စွန်လွှတ်လို့ ဝ သွားလို့ စွန်ကိုကြိုးရစ်ပြီး ပြန်သိမ်းနေချိန်ဖြစ်တယ်။ ဒါပေမဲ့ အောက်ကိုပြန်ရောက်လာတဲ့အခါ ပူဖောင်းလေးတစ်လုံးကပ်ပါလာတာကို မြင်ရတဲ့အခါ ကလေးငယ်လေးကတအံ့တဩနဲ့။

"ငါ့သူငယ်ချင်းတွေနဲ့ကစားနေချိန်မှာ မင်းရဲ့စွန်လေးနဲ့တိုက်မိပြီး ငါ့မှာဒဏ်ရာနည်းနည်း ရသွားခဲ့တယ်၊ ငါ့မှာဒဏ်ရာနဲ့ဆိုတော့ လေထဲမှာနေဖို့ အခက်အခဲရှိနေလို့ ငါ့ဒဏ်ရာပြန်ကောင်းတဲ့အထိ ခဏလောက်အတူနေခွင့်ရနိုင်မလား ကလေးငယ်"

မိုးပျံပူဖောင်းလေးကခွင့်တောင်းတော့ ကလေးငယ်ကဝမ်းပန်းတသာနဲ့လက်ခံတယ်

"ငါရဲ့စွန်လေးနဲ့တိုက်မိတာဆိုတော့ငါ့အပြစ်လည်းမကင်းပါဘူးမိုးပျံပူဖောင်းလေးရယ်၊ ငါတောင်းပန်ပါတယ်၊ မင်းဒဏ်ရာတွေပျောက်တဲ့အထိ ငါတို့အတူနေနိုင်ပါတယ်"

ဒီလိုနဲ့ပဲ ဒဏ်ရာရထားတဲ့မိုးပျံပူဖောင်းလေးဟာ ကလေးငယ်နဲ့အတူရှိဖို့ဖြစ်လာခဲ့တယ်၊ ကလေးငယ်လေးရဲ့အိမ်နဲ့ ကွင်းပြင်ကျယ်ကြီးရယ်၊ ကွင်းပြင်အလယ်က သစ်ပင်လေးရယ်ဟာ သူတို့ပျော်စံရာနေရာတွေဖြစ်လာခဲ့တော့တာပေါ့။ မနက်စောစောနေရောင်နွေးနွေးအောက်မှာဆိုရင် ကလေးငယ်ရဲ့အိမ်မှာ ကော်ဖီတူတူသောက်ကြတယ်၊ ညနေစောင်းတွေမှာဆိုရင်တော့ ကလေးငယ်လေးစွန်လွှတ်တဲ့ကွင်းပြင်ကျယ်ကြီးထဲမှာ တူတူစွန်လွှတ်ကြတယ်။ နာရီတွေပြောင်းပြီး ရက်သတ္တပတ်တွေကြာလာခဲ့တဲ့အခါ မိုးပျံပူဖောင်းလေးရဲ့ဒဏ်ရာတွေကလည်း ပြန်ပြီးသက်သာလာခဲ့ပြီ။ အချိန်တွေကအများကြီးမကြာလိုက်ဘူးဆိုပေမဲ့ ကလေးငယ်လေးက မိုးပျံပူဖောင်းလေးအပေါ်မှာ သံယောဇဉ်တွေအများကြီးတွယ်ခဲ့တယ်လေ။ မိုးပျံပူဖောင်းလေးကတော့ အချိန်ရရင်ရသလိုအတူလာကစားပေးမှာမို့ စိတ်မကောင်းမဖြစ်ဖို့နှစ်သိမ့်ပေးရှာတယ်။

ကလေးငယ်နဲ့ မိုးပျံပူဖောင်း (One Shot)Where stories live. Discover now