( ဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဥ် ရေးဖွဲ့ထားခြင်းသာဖြစ်သည်။ဤဇာတ်လမ်းတွင် လူမှုရေး ဖောက်ပြန်မှုများ၊ ရိုင်းစိုင်းသည့် စကားလုံးများ ပါဝင်သည့်အတွက် အသက်မပြည့်သေးသူများ ဖတ်ရှု့ရန် လုံးဝ မသင့်တော်ပါ။)
“Yu”
{ အများသုံးသန့်စင်ခန်းကို သွားတဲ့ လမ်းအပေါက်ဝမှာ လူတစ်ယောက်ကို ရပ်စောင့်ရင်းနဲ့ “ယု” စိတ်တွေ လှုပ်ရှားနေမိတယ်။ ဘာကြောင့် အခုလို လုပ်မိမှန်း ယု ကိုယ်တိုင်လည်း နားမလည်နိုင်သေးဘူး။ ယု မှာ တရားဝင် ရည်းစားရှိရဲ့သားနဲ့ Dating app ထဲက အစ်ကိုကြီးတစ်ယောက်နဲ့ Movie date လုပ်ဖို့ လက်ခံမိတာလေ။}
ဖြစ်ရပုံကတော့ ဒီလိုပါ။ မနေ့ညက ယု ရဲ့ Bfနဲ့ စကားများ ရန်ဖြစ်တော့ သူ့ကို အရွှဲ့တိုက်ချင်စိတ်နဲ့ Dating app တစ်ခုကို ဒေါင်းမိပြီး profile ပါ ဖွင့်မိသွားရော။ ဓာတ်ပုံကိုလည်း လှလှလေးတင် Profile ကို Screenshootလုပ်ပြီး ကောင်လေးဆီ ပို့ဖြစ်အောင် ပို့လိုက်သေးတယ်။
သူနဲ့ ရန်ဖြစ်ပြီး ညပိုင်းရောက်တော့ Dating app ထဲက match ဖြစ်တဲ့ တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ Profile တင်ထားတဲ့ ပုံအရတော့ လူရည်သန့် ပုံစံမျိုးပါပဲ။ အစပိုင်းတုန်းကတော့ ဘာရယ်မဟုတ်ပါဘူး။ အချင်းချင်း အပြန်အလှန် မိတ်ဆက်ပြီး ဘာဝါသနာပါလဲ ဘာညာနဲ့ အင်တာဗျူးကြတာပေါ့။
တဖြည်းဖြည်းနဲ့ ပြောရင်း ပြောရင်း လူက အိမ်ကိစ္စတွေ အလုပ်ကိစ္စတွေ ရည်းစားကိစ္စတွေနဲ့ စိတ်ရှုပ်နေတော့ ဟိုအကြောင်း ဒီအကြောင်း လျှောက်ပြောရင်း ရင်ဖွင့်မိတယ်။ ပြောချင်ရာ ပြောပြီးကာမှ “အားနာပေမဲ့ ယုမှာ ရည်းစားရှိတယ်နော်”လို့ ပြောပြလိုက်တယ်။
အဲ့မှာ သူက ဘာပြန်ပြောတယ်မှတ်လဲ။ “ကျနော့်မှာလည်း ရည်းစားရှိပါတယ်”တဲ့။ ကိုယ်တော်ချောကအဲ့လိုမျိုး ပွင့်လင်းတာ။ တကယ့် red flag type စစ်စစ်။ပြီးတော့ သူကလည်း သူ့စိတ်ထဲ ရှုပ်ထွေးနေတဲ့ ကိစ္စတချို့ကို ပြောပြပြီး ယုကို ရင်ဖွင့်လာရော။ ကိုယ့်အလှည့်တုန်းက သူ့မှာ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးထားတာဆိုတော့ ပြန်ပြီး နားထောင်ပေးရတာပေါ့။
နောက်ပိုင်းကျ ရင်ဖွင့်ရာကနေ စရင်းနောက်ရင်း ရယ်စရာတွေ ပြောဖြစ်ကြတယ်။ သူနဲ့က စကားပြောရတာ အတိုင်အဖောက်ကလည်းညီတော့ ည၁၂နာရီ ဘယ်လိုကျော်သွားမှန်းကို မသိလိုက်ဘူး။ ညဦးပိုင်းက ရည်းစားနဲ့ ရန်ဖြစ်ပြီး စကားများ စိတ်ရှုပ်ခဲ့တာကိုတောင် မေ့တေ့တေ့ ဖြစ်သွားတယ်။
အဲ့လိုနဲ့ အိပ်ချင်လာတော့ စကားပြောလက်စကို ဖြတ်ပြီး အိပ်တော့မယ်လို့ ပို့လိုက်ရော။ သူပြန်ပြောတာက “မနက်ဖြန်အားလား၊ အားတယ်ဆိုရင် movie date ကြမလား”တဲ့။ ယုလည်း ငါးစက္ကန့်လောက် တွေဝေသွားပြီးမှ ဘာကြောင့်ရယ်မသိဘူး။ “အင်း.. Date မယ်လေ”လို့ ပြောလိုက်မိတယ်။
သူကတော့ ခပ်သွက်သွက်ပဲ “မနက်ဖြန် Junction city ဘယ်နေရာမှာ ဘယ်အချိန်လောက် တွေ့ကြမယ်နော်၊ ဒါကျနော့်ဖုန်းနံပါတ်၊ ယုရဲ့ နံပါတ်လည်းပေးထားဦး”လို့အမြန်ပြောပြီး လိုင်းအောက်သွားပါလေရော။
ယုလည်း Date မယ်လို့ သဘောတူလက်ခံပြီးကာမှ ငါမှားများ မှားပြီလားလို့ တွေးလိုက်မိသေးတယ်။ ဒါပေမဲ့ မသိစိတ်ထဲက သူစိမ်းတစ်ယောက်နဲ့ movie date တွေ့ရမှာကို တွေးပြီး စိတ်လှုပ်ရှားသလိုလိုနဲ့ စမ်းသပ်ကြည့်ချင်နေသလိုပဲ။ နောက်ပြီးတော့ အရမ်းအိပ်ချင်လာတာနဲ့ မနက်ရောက်မှ မီးစင်ကြည့်ကတော့မယ်ဆိုပြီး အိပ်ပျော်သွားတယ်။
မနက်ရောက်တော့ ၉နာရီကျော်မှ အိပ်ရာကနိုးလာတယ်။ အဆောင်မှာ အတူနေတဲ့ သူငယ်ချင်းတွေက ရည်းစားနဲ့ သွားတွေ့ဖို့ အပြင်ထွက်ကုန်ကြပြီ။ အိပ်ချင်မူးတူးနဲ့ ဖုန်းကို ကြည့်လိုက်တော့ ဘာ Miss call မှလည်း မရှိသလို Message ပို့ထားတာလည်း မတွေ့ဘူး။