မနက်ပိုင်းထမင်းစားဝိုင်းမှာ အတူတူထိုင်နေကြပေမယ့် သူတို့ရှေ့က စားစရာတွေကိုလည်းတစ်ယောက်မှ မထိသလို။ တစ်ယောက်နဲ့ တစ်ယောက်လည်း စကားမပြောပဲ ထိုင်နေကြတယ်။
"ဖိုးဖိုးတို့ မစားကြဘူးလား။ သားသားစားလိုက်မယ်။"
"အေး စားစားမြေးလေး ဘွားဘွားဟာ စားလိုက်နော်။"
"code 12 မင်းတို့သခင်လေးကို သွားနှိုးဦး"
"ဟုတ်ကဲ့ပါ သခင်ကြီး"
"မိုက်ကယ်...ဦးဝဏ္ဏမင်းရော။"
"သခင်ကြီးက ညတုန်းက အိပ်မပျော်လို့ လာမနှိုးနဲ့လို့ပြောထားလို့ပါ။"
"အော်....စားကြပါ။"
ရတနာ နဲ့ မေမေတို့ အခြေအနေကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်စပြစ်ပြလိုက်တယ်။ ဖေဖေနဲ့ ဦးလေး သူရိန်တို့က တစ်ယောက်နဲ့ တစ်ယောက် လုံးဝစကားမပြောကြသလို ရှေ့က အစားအသောက်ပန်းကန်တွေကိုလည်း တစ်ယောက်မှမထိကြ။ ဘာမှမသိရှာတဲ့ ထိပ်တန်းလေးကတော့
သူ့ဟာသူ အကုန်ယူစားနေရှာတာ။ အဲ့လိုကျလည်း ကလေးက သူ့ဟာသူစားတတ်သားပဲ။"ဘဘက အိပ်ပါဘူး။"
ကလေးရဲ့ ပလုတ်ပလောင်း အပြောကြောင့်ဦးသူရိန် မျက်ခုံးပင့်သွားတယ်။
"မြေးလေး ဘာကိုပြောတာလဲ။"
"ဘဘက ဦးဦးသကြားလုံးနဲ့ အစော...ကြီး
အပြင်သွားတယ်။""ဘယ်လို!!!ကျစ်!!!"
"သခင်ကြီး သခင်လေးအခန်းထဲမှာမရှိပါဘူး။"
မိုက်ကယ် ချက်ချင်းပဲ သူ့သခင်ကြီးရဲ့ အခန်းကိုသွားကြည့်လိုက်တယ်။ တကယ်ပဲ လူမရှိဘူး။
"ကျစ်! သခင်ကြီးကတော့ကွာ!!!"
"မရှိဘူးလား မိုက်ကယ်!"
"မရှိဘူး"
"လူနဲ့ လက်နက်တွေ ခုချက်ချင်းပြင် ဦးအောင်ခေတ်ဆီ သွားမယ်။ မိုက်ကယ် မင်းအိမ်ကလူတွေကိုစောင့်ရှောက်ပေးပါ။"
"ဒါပေမယ့်..."
"မင်းသခင်ကြီးအစား ငါအမိန့်ပေးတယ်လို့သဘောထားလိုက်"