Chapter 11

1.4K 203 9
                                    

Unicode

Chapter 11 သူက အ,အမဟုတ်ဘူး

"ဟူး..." ကုပိုင် သက်ပြင်းချလိုက်သည်။ အစစ်အမှန်လက်တွေ့ကမ္ဘာရှိ ကုန်ကြမ်းစျေးနှုန်းများကို မြင်တိုင်း သူ သက်ပြင်းမချမိပဲမနေနိုင်ပေ။

သူတို့က အရမ်းစျေးကြီးတယ်။ အဲ့ဒီပိုင်ရှင်တွေက သူ့ပိုက်ဆံကို ဘာလို့တိုက်ရိုက်ဘဲ မလုယက်လိုက်ကြတာလဲ။

ဟင်းသီးဟင်းရွက်များသည် သူ့ယခင်နောက်ဆုံးဘဝတွင်ပင် စျေးမကြီးခဲ့ကြပေ။ ဂေါ်ဖီထုပ်တစ်လုံးသည် 100 XB ရှိပြီး အာလူးတစ်လုံးနှင့် အတူတူနီးပါးကုန်ကျသည်။ ဤကမ္ဘာကြီး၏လစဥ်ပျမ်းမျှလစာသည် 3,000 XB မျှသာရှိသောကြောင့် လူတို့သည် လတိုင်း ဂေါ်ဖီထုပ် (သို့မဟုတ်) အာလူး အလုံး30 သာ စားနိုင်မည်ဖြစ်၏။

ပိုဆိုးရွားသည်က သစ်သီးများကို တစ်အောင်စသာ ရောင်းခြင်းပင်။ သာမန်လူများက သဘာဝအစားအစာများကို မစားနိုင်တာ အံ့သြစရာမရှိတော့ချေ။ ဈေးနှုန်းက ရူးနိုင်လောက်သည်။

သူ့ရဲ့စိုက်ပျိုးမှုအစီအစဉ်သာ ချောချောမွေ့မွေ့ဖြစ်ပြီး သူစိုက်သမျှအရာတိုင်းကို အကုန်ရောင်းနိုင်ရင် အဲ့ဒါက သူ နေ့ချင်းညချင်း ချမ်းသာသွားမယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။

သို့တိုင်၊ သူအရင်ဆုံး ပိုက်ဆံအလုံအလောက်ရှာရမည်ပင်။ ပိုက်ဆံက သူ့ဦးစားပေးပဲ!!!

သို့သော် ထိုမတိုင်ခင် သူလုပ်နိုင်သည့်အကောင်းဆုံးက ဒုတိယမြောက်ကမ္ဘာတွင် သူ့ဘာသာသူ စိတ်ကျေနပ်အောင်နေရန်ဖြစ်၏။ အစားအစာကို မျိုမချနိုင်လျှင်ပင် အနည်းဆုံးတော့ အရသာခံနိုင်သေးသည်။

နောက်တစ်နေ့တွင်၊ ကုပိုင်သည် မနေ့ထက်စော၍ ဒုတိယမြောက်ကမ္ဘာထဲသို့ ဝင်ရောက်လိုက်သည်။ မနေ့က သူရထားသည့်၀င်ငွေအားလုံးကို ပစ္စည်းတွေဝယ်ရန် ဆုံးဖြတ်ထားသည်။ ထို့အပြင် စျေးနှုန်းနှစ်ဆတိုးရန်လည်း စီစဉ်ထား၏။

သူအကုန်လုံးရောင်းနိုင်လိုက်ပါက ယနေ့ဝင်ငွေသည် XB တစ်သောင်း ရနိုင်လောက်မည်ဖြစ်သည်။

တွေးကြည့်လိုက်ရုံနှင့် ၎င်းက ကုပိုင်ကို စိတ်လှုပ်ရှားသွားစေရန် လုံလောက်သည်။ တစ်ခုတည်းသောပြဿနာမှာ ဖောက်သည်များက စျေးနှုန်းကို လက်ခံနိုင်ပါ့မည်လားပင်။ သူတို့ မနေ့က ဟင်းပွဲများကို မည်သို့ဈေးပြိုင်ပေးခဲ့ကြမှန်း ပြန်သတိရသွားသည့်အခါ ကုပိုင်သည် သူတို့က စျေးနှုန်းသစ်ကို လက်ခံနိုင်လိမ့်မည်ဟု ယုံကြည်လေသည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now