Part.1

19K 223 0
                                    

             ''Wedding Dress''

''မမ customerကfloral dressကိုအသစ်ထပ်ချုပ်ပေးပါတဲ့''

''ဟမ်''

''သူကမင်္ဂလာဝတ်စုံကိုအပိုင်ဝယ်မှာတဲ့ ဒီမှာရှိပြီးသားဝတ်စုံကျတော့လည်းသူကသူများတွေဝတ်ထားပြီးသားမို့မလိုချင်ဘူးတဲ့ သူကဒီဝတ်စုံကိုအရမ်းသဘောကျနေတာ ကိုယ်တိုင်းတွေပါပေးသွားပြီ''

သူမတပည့်မလေးစကားအဆုံးမှာပန်းလေညှင်းဆိုသောသူမမျက်လုံးကမှန်ကောင်တာထဲမှာထည့်ထားသောdressဆီအကြည့်ရောက်သွား၏။

ဒီဝတ်စုံလေးကသူမအစ်မကိုယ်တိုင်သေချာအသေးစိတ်ဒီဇိုင်းဆွဲထားတာကိုသူမကသေချာအချိန်ပေးကာချုပ်ထားသောဝတ်စုံလေးဖြစ်သည်။
ရောင်စုံအစလေးတွေနဲ့ပန်းပွင့်ပုံလေးတွေဖော်ကာဂါဝန်အောက်ဖျားရယ် ရင်ဘတ်ရယ် ပြီးတော့ခါးနားလေးတွေမှာသေသေချာချာအနုစိတ်ချုပ်လုပ်ထားခဲ့တာပါ။

ဂါဝန်ကရိုးရှင်းသော်ငြားဆိုင်မှာဝတ်စုံလာငှားကြတဲ့သတို့သမီးလောင်းလေးတွေကထိုဝတ်စုံကိုမျက်စိကျတတ်ကြသည်။ဆယ်ယောက်မှာရှစ်ယောက်လောက်ကဒီဝတ်စုံကိုမရရအောင်ငှားတတ်ကြ၏။

အခုဒီပုံစံမျိုးနောက်တစ်ကြိမ်ထပ်ချုပ်ရမယ်ဆိုတော့သူမလက်တွေကအလိုလိုခြေကုန်လက်ပမ်းကျသလိုခံစားလိုက်ရသည်။

''အင်းလေ လုပ်ပေးတာပေါ့''

''သူက15ရက်အတွင်းအပြီးလိုချင်တာတဲ့''

''ဟမ်! 15ရက်''

''ဟုတ်တယ်မမ မမအဆင်မပြေရင်ငြင်းလိုက်ပါလား''

''ရတယ်ထားလိုက် လက်ခံလိုက်''

''ဖြစ်ပါ့မလားမမရဲ့ မမအဲ့ဝတ်စုံတုန်းကညဉ့်နက်တဲ့ထိချုပ်တာတောင်ရက်20တောင်ကြာတယ်ကို''

''15ရက်အတွင်းကျန်တဲ့5ရက်စာပါအားစိုက်လိုက်မှာပေါ့ အေးဆေးပါ''

''ဟုတ်မမ အဲဒါဆိုသူတို့ကိုလှမ်းအကြောင်းကြားလိုက်တော့မယ်နော်''

''အင်း''

ပြောပြီးတာနဲ့သူမအခန်းထဲဝင်ခဲ့လိုက်၏။ပြီးတာနဲ့ပိုက်ဆံအိတ်ကိုချ အင်္ကျီအပေါ်ထပ်ကိုချွတ်ကာအင်္ကျီချိတ်တဲ့တိုင်လေးမှာချိတ်လိုက်သည်။

လိုချင်တယ်...အချစ် [completed]Where stories live. Discover now