[ချစ်မိနေပြီ]
''နုဝေရေ နုဝေ''
လေညှင်းလှမ်းခေါ်သော်လည်းဘာတုန့်ပြန်သံမှမကြား။
''ဪ ခုနကရေသွားချိုးမလို့လို့ပြောသွားတာပဲ''
ပြောရင်းလေညှင်းဧည့်ခန်းထဲကနေမီးဖိုချောင်ထဲလျှောက်လာလေ၏။
ပြီးတော့မျက်လုံးကဟိုဟိုဒီဒီလိုက်ရှာရင်းမီးဖိုချောင်ရဲ့အပေါ်နံရံမှာတပ်ထားတဲ့တံခါးအဖွင့်အပိတ်ပါသောကြောင်အိမ်လေးထဲကနေသကြားလုံးဗူးဆီအကြည့်ရောက်သွားလေသည်။''တွေ့ပြီ''
လေညှင်းအနီးနားမှာရှိတဲ့ခုံကိုဆွဲယူကာခုံပေါ်တက်ပြီးတံခါးကိုဆွဲဖွင့်ကာသကြားလုံးဗူးကိုလှမ်းယူစဥ်
''ဘေဘီဘာလုပ်နေတာလဲ''
နောက်ပါးဆီမှအလန့်တကြားအော်မေးသံကြောင့်လေညှင်းလန့်သွားပြီးသူ့ကိုလှည့်ကြည့်ရင်းလူကယိုင်သွားကာခုံပေါ်ကပြုတ်ကျမလိုဖြစ်သွားလေသည်။
''ဟင်''
''အားးး''
''ဘေဘီ!''
တမာန်ခုံပေါ်ကပြုတ်ကျလာတဲ့သူမဆီအပြေးသွားကာအောက်ကနေဖမ်းလိုက်တော့အရှိန်နဲ့မို့သူပါကြမ်းပေါ်လဲကျသွားလေ၏။
လေညှင်းကသူ့အပေါ်မှာမို့ဘာမှမဖြစ်သွားပေမယ့်အောက်ကသူကတော့ကြမ်းနဲ့ခေါင်းနဲ့ဆောင့်မိပြီးသတိလစ်သွားတော့သည်။''ဒီမှာ ဦးတမာန်တော် သတိထားပါဦး hubby''
လေညှင်းသူ့ကိုဆွဲထူကာလှုပ်နှိုးပေမယ့်သူကတုပ်တုပ်မျှလှုပ်မလာခဲ့ပါ။
________
တမာန်သတိပြန်ရရလာချင်းသူ့လက်တစ်ဖက်ကိုတစ်စုံတစ်ယောက်ကတင်းတင်းဆုပ်ကိုင်ထားတာကိုခံစားလိုက်ရပြီးသဲ့သဲ့ရှိုက်ငိုနေသံကိုလည်းကြားလိုက်ရသည်။
သူမျက်လုံးကိုအားယူကာဖွင့်ကြည့်တော့ဘေဘီကကုတင်ဘေးမှထိုင်နေပြီးသူ့လက်ကိုကိုင်တာငိုနေတာပါ။
''ဘေဘီ''
''ဟင် ရှင်သတိရလာပြီ''
သူအိပ်ရာကနေထိဖို့ကြံတော့သူမက
YOU ARE READING
လိုချင်တယ်...အချစ် [completed]
RomanceCompleted ဉာဏ်နီဉာဏ်နက်မျိုးစုံသုံးပြီးEXရဲ့ညီမဒီဇိုင်နာမလေးကိုအပိုင်သိမ်းမယ့်လူကြီး